【 အနုပညာ 】သီလရှင်ဖြစ်သွားတဲ့ သရုပ်ဆောင် မေသန်းနု

【  အနုပညာ  】သီလရှင်ဖြစ်သွားတဲ့ သရုပ်ဆောင် မေသန်းနု

ငွေကြေးအမှုကိစ္စတစ်ခုနဲ့ပတ်သက်ကာ တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့ သရုပ်ဆောင် မေသန်းနု ဟာ ဒီကနေ့(ဇူလိုင် ၁၈ ရက်)မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဥယျာဉ်ဝ ကျေးရွာက သဘာဝဓမ္မဂါယာ တရားရိပ်သာမှာ သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ထဲဝင်သွားခဲ့တယ်လို့ သိရပါ တယ်။

“အေးအေးချမ်းချမ်းနဲ့ အကျိုးရှိအောင် နေထိုင်သီတင်းသုံးသွားမှာပါ”လို့ သရုပ်ဆောင် မေသန်းနုက ပြောပါတယ်။ သူမဟာ သီလရှင်ဝတ်တဲ့အခါ “သုန္ဒရာကာရီ” ဘွဲ့နာမည်နဲ့ ၁၁ ရက်တာ သီတင်းသုံး နေထိုင်ရင်း သာသနာ့အလုပ်တွေကို လုပ်ဆောင်ကာ ဘဝရဲ့အေးချမ်းမှုတွေကို ရရှိစေဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေစတင်အသိအမှတ်ပြုခဲ့တာဖြစ်သလို အောင်မြင်မှုများနဲ့ အနုပညာလောကမှာ ကာလကြာရှည်စွာ ရပ်တည်နိုင်ခဲ့ပြီး ယခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုရနေသူလည်းဖြစ်ပါတယ်။  “မူပိုင်ချစ်သူ”ဇာတ်ကားဖြင့် ၁၉၉၂ ခုနှစ်က လည်းကောင်း၊ “ပုဂံမှာသာတဲ့လ”ဇာတ်ကားဖြင့် ၁၉၉၅ ခုနှစ်မှာလည်းကောင်း၊ “အလင်းဖျော့ ကောင်းကင်” ဇာတ်ကားဖြင့် ၁၉၉၆ ခုနှစ်မှာလည်းကောင်း၊ “ချစ်ခြင်း၏ အခြားမဲ့၌”ဇာတ်ကားဖြင့် ၂၀၀၁ ခုနှစ်မှာ လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရရှိခဲ့သလို “ငါသူတစ်ပါး ယောကျ်ားမိန်းမ”ရုပ်ရှင် ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်သလို အကယ်ဒမီထူးချွန်ဆု စိစစ်ရွေးချယ်ရေး အကဲဖြတ်အဖွဲ့မှာလည်း ပါဝင်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင် မေသန်းနု (သုန္ဒရာကာရီ)ဟာ ငယ်ရွယ်စဉ်အခါက တစ်ကြိမ် သီလရှင်ဝတ်ခဲ့ဖူးပေမယ့် အသက် အရွယ်ကြီးတဲ့အချိန်မှာ အခုလိုဝတ်ဖူးခဲ့တာမရှိတာကြောင့်လည်း သီလရှင်ဝတ်တဲ့ ၁၁ ရက် တာကာလ အတွင်းမှာ သာသနာ့အလုပ်တွေကို အကျိုးရှိရှိ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 ေငြေၾကးအမႈကိစၥတစ္ခုနဲ႔ပတ္သက္ကာ တရားစြဲဆိုခံရၿပီး ျပစ္ဒဏ္က်ခံခဲ့ရတဲ့ သ႐ုပ္ေဆာင္ ေမသန္းႏု ဟာ ဒီကေန႔(ဇူလိုင္ ၁၈ ရက္)မွာ ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ ဥယ်ာဥ္ဝ ေက်း႐ြာက သဘာဝဓမၼဂါယာ တရားရိပ္သာမွာ သီလရွင္ဝတ္ၿပီး သာသနာ့ေဘာင္ထဲဝင္သြားခဲ့တယ္လို႔ သိရပါ တယ္။

“ေအးေအးခ်မ္းခ်မ္းနဲ႔ အက်ိဳးရွိေအာင္ ေနထိုင္သီတင္းသုံးသြားမွာပါ”လို႔ သ႐ုပ္ေဆာင္ ေမသန္းႏုက ေျပာပါတယ္။ သူမဟာ သီလရွင္ဝတ္တဲ့အခါ “သုႏၵရာကာရီ” ဘြဲ႕နာမည္နဲ႔ ၁၁ ရက္တာ သီတင္းသုံး ေနထိုင္ရင္း သာသနာ့အလုပ္ေတြကို လုပ္ေဆာင္ကာ ဘဝရဲ႕ေအးခ်မ္းမႈေတြကို ရရွိေစဖို႔ စီစဥ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

သူမဟာ သၾကၤန္မိုး ႐ုပ္ရွင္ဇာတ္ကားကေန ပရိသတ္ေတြစတင္အသိအမွတ္ျပဳခဲ့တာျဖစ္သလို ေအာင္ျမင္မႈမ်ားနဲ႔ အႏုပညာေလာကမွာ ကာလၾကာရွည္စြာ ရပ္တည္ႏိုင္ခဲ့ၿပီး ယခုခ်ိန္အထိလည္း ပရိသတ္ေတြရဲ႕ အားေပးမႈရေနသူလည္းျ ဖစ္ပါတယ္။  “မူပိုင္ခ်စ္သူ”ဇာတ္ကားျဖင့္ ၁၉၉၂ ခုႏွစ္က လည္းေကာင္း၊ “ပုဂံမွာသာတဲ့လ”ဇာတ္ကားျဖင့္ ၁၉၉၅ ခုႏွစ္မွာလည္းေကာင္း၊ “အလင္းေဖ်ာ့ ေကာင္းကင္” ဇာတ္ကားျဖင့္ ၁၉၉၆ ခုႏွစ္မွာလည္းေကာင္း၊ “ခ်စ္ျခင္း၏ အျခားမဲ့၌”ဇာတ္ကားျဖင့္ ၂၀၀၁ ခုႏွစ္မွာ လည္းေကာင္း၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြရရွိခဲ့သလို “ငါသူတစ္ပါး ေယာက်္ားမိန္းမ”႐ုပ္ရွင္ ဇာတ္ကားျဖင့္ ၂၀၀၂ ခုႏွစ္မွာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိခဲ့သူတစ္ဦးလည္း ျဖစ္သလို အကယ္ဒမီထူးခြၽန္ဆု စိစစ္ေ႐ြးခ်ယ္ေရး အကဲျဖတ္အဖြဲ႕မွာလည္း ပါဝင္ျခင္းခံခဲ့ရသူတစ္ဦးျဖစ္ခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ေမသန္းႏု (သုႏၵရာကာရီ)ဟာ ငယ္႐ြယ္စဥ္အခါက တစ္ႀကိမ္ သီလရွင္ဝတ္ခဲ့ဖူးေပမယ့္ အသက္ အ႐ြယ္ႀကီးတဲ့အခ်ိန္မွာ အခုလိုဝတ္ဖူးခဲ့တာမရွိတာေၾကာင့္လည္း သီလရွင္ဝတ္တဲ့ ၁၁ ရက္ တာကာလ အတြင္းမွာ သာသနာ့အလုပ္ေတြကို အက်ိဳးရွိရွိ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)