【 အနုပညာ 】သီချင်းလုပ်ဖို့အကြွေးတင်နေတဲ့ တေးသံရှင် မီးနို

【 အနုပညာ 】သီချင်းလုပ်ဖို့အကြွေးတင်နေတဲ့ တေးသံရှင် မီးနို

Melody World သီချင်းဆို ပြိုင်ပွဲကနေ အောင်မြင်မှုရရှိလာကာ တေးသံရှင်တစ်ဦးအဖြစ် အခိုင်အမာရပ်တည် လာနိုင်ခဲ့တဲ့ မီးနိုဟာ အခုလိုကာလမှာဝင်ငွေမရှိတာကြောင့် တေးသီချင်းတွေလုပ်ဖို့အကြွေးတင်နေတဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။
                 

“အခုက COVID ကြောင့် အလုပ်ကလေးတွေရပ်ထားရတာရှိပါတယ်၊ အခုထိလည်းရပ်ထားရတုန်းပါပဲ၊ အခုတောင် ပိုက်ဆံမပေးနိုင်သေးလို့ သီချင်းကြွေးတင်တာတွေတော့ရှိပါတယ်၊ ပရိသတ်တွေအတွက် သီချင်း အသစ်လေးတွေထွက်နိုင်ဖို့ ကြိုးစားနေပါတယ်၊ မီးနိုတို့က ဒီအလုပ်ကိုလည်းဝါသနာအရမ်းပါလို့လုပ်တာ ဖြစ်သလို ပရိသတ်အတွက်ပေးဆပ်မှုတွေနဲ့ သွားနေတာဖြစ်ပါတယ်၊ နောက်ပိုင်းကာလမှာလည်း ပရိသတ် အကြိုက်နဲ့ မီးနိုတို့ အကြိုက်ချင်းတူအောင် ပရိသတ်လည်း စိတ်ဝင်စားစေမယ့်ဟာမျိုးကို အကောင်းဆုံးနဲ့ ထူးခြားအောင် လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေပါတယ်”လို့ တေးသံရှင် မီးနိုက ပြောပါတယ်။
               

အချစ်သီချင်းချိုချိုတွေကို သီဆိုလေ့ရှိတဲ့ တေးသံရှင် မီးနိုဟာ ဝမ်းနည်းစရာတေးသီချင်းတွေ၊ အသည်းကွဲ တေးသီချင်းတွေကို သီဆိုရာမှာလည်း ပရိသတ်လက်ခံအားပေးတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပြီး “အနှောင်အဖွဲ့”လို့ နာမည်ရတဲ့ တေးသီချင်းဟာ လူငယ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သော တေးသီချင်းလည်း ဖြစ်သလို ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ် အသုံးပြုတာတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိကာလမှာတော့ အလုပ်တွေကို ရပ်နားထားရပြီး ပွဲတွေမှာဆိုခဲ့ရာမှရရှိတဲ့ ပိုက်ဆံလေးတွေနဲ့အိမ်စရိတ်အဖြစ် အသုံးပြုစားသောက် နေတယ်လို့ သိရပါတယ်။
              

သူမအနေနဲ့ ပရိသတ်တွေအခုထက်ပိုမိုလက်ခံအားပေးမှုရဖို့ ကြိုးစားသွားမှာဖြစ်သလို Social ကောင်းတဲ့သူ တစ်ဦးလည်းမဟုတ်တာကြောင့် သူများတွေထက် ဆယ်ဆလောက်ကြိုးစားရုန်းကန်နေရကြောင်း၊ ရှေ့ဆက်ပြီးလည်း ဂီတလမ်းကြောင်း ပေါ်မှာ သူမစိတ်ကူးထားတဲ့ပုံစံတွေအတိုင်း ကြိုးစားသွားဖို့ပြင်ဆင် ထားကြောင်း သိရပါတယ်။
             

ဒါ့အပြင် သူမဟာ “အနိုင်အရှုံး”လို့နာမည်ရတဲ့ တေးသီချင်း၊ “ပြိုင်ပွဲ”လို့ နာမည်ရတဲ့ တစ်ကိုယ်တော် တေးသီချင်းခွေတွေထွက်ရှိထားပြီး Sungle Song တွေလည်း အများအပြား ထွက်ရှိထားသလို လူမှုကွန်ရက်မှလည်း ပရိသတ်တွေအတွက် တေးသီချင်းလေးတွေထုတ်လွှင့်ပေးနေတယ်လို့ သိရပါတယ်။

 

မင်းခေတ်လင်း
(ဓာတ်ပုံ- မီးနို)
ရန်ကုန်၊ အောက်တိုဘာ ၂၉

 

(  Zawgyi )

 

 Melody World သီခ်င္းဆို ၿပိဳင္ပြဲကေန ေအာင္ျမင္မႈရရွိလာကာ ေတးသံရွင္တစ္ဦးအျဖစ္ အခိုင္အမာရပ္တည္ လာႏိုင္ခဲ့တဲ့ မီးႏိုဟာ အခုလိုကာလမွာဝင္ေငြမရွိတာေၾကာင့္ ေတးသီခ်င္းေတြလုပ္ဖို႔အေႂကြးတင္ေနတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။
                 

“အခုက COVID ေၾကာင့္ အလုပ္ကေလးေတြရပ္ထားရတာရွိပါတယ္၊ အခုထိလည္းရပ္ထားရတုန္းပါပဲ၊ အခုေတာင္ ပိုက္ဆံမေပးႏိုင္ေသးလို႔ သီခ်င္းေႂကြးတင္တာေတြေတာ့ရွိပါတယ္၊ ပရိသတ္ေတြအတြက္ သီခ်င္း အသစ္ေလးေတြထြက္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္၊ မီးႏိုတို႔က ဒီအလုပ္ကိုလည္းဝါသနာအရမ္းပါလို႔လုပ္တာ ျဖစ္သလို ပရိသတ္အတြက္ေပးဆပ္မႈေတြနဲ႔ သြားေနတာျဖစ္ပါတယ္၊ ေနာက္ပိုင္းကာလမွာလည္း ပရိသတ္ အႀကိဳက္နဲ႔ မီးႏိုတို႔ အႀကိဳက္ခ်င္းတူေအာင္ ပရိသတ္လည္း စိတ္ဝင္စားေစမယ့္ဟာမ်ိဳးကို အေကာင္းဆုံးနဲ႔ ထူးျခားေအာင္ လုပ္ေဆာင္သြားဖို႔ ႀကိဳးပမ္းေနပါတယ္”လို႔ ေတးသံရွင္ မီးႏိုက ေျပာပါတယ္။
               

အခ်စ္သီခ်င္းခ်ိဳခ်ိဳေတြကို သီဆိုေလ့ရွိတဲ့ ေတးသံရွင္ မီးႏိုဟာ ဝမ္းနည္းစရာေတးသီခ်င္းေတြ၊ အသည္းကြဲ ေတးသီခ်င္းေတြကို သီဆိုရာမွာလည္း ပရိသတ္လက္ခံအားေပးတဲ့ အေျခအေနမ်ိဳးျဖစ္ခဲ့ၿပီး “အေႏွာင္အဖြဲ႕”လို႔ နာမည္ရတဲ့ ေတးသီခ်င္းဟာ လူငယ္ေတြရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့ေသာ ေတးသီခ်င္းလည္း ျဖစ္သလို ႐ုပ္ရွင္ဇာတ္ဝင္ေတးအျဖစ္ အသုံးျပဳတာေတြရွိတယ္လို႔ သိရပါတယ္။ လက္ရွိကာလမွာေတာ့ အလုပ္ေတြကို ရပ္နားထားရၿပီး ပြဲေတြမွာဆိုခဲ့ရာမွရရွိတဲ့ ပိုက္ဆံေလးေတြနဲ႔အိမ္စရိတ္အျဖစ္ အသုံးျပဳစားေသာက္ ေနတယ္လို႔ သိရပါတယ္။
              

သူမအေနနဲ႔ ပရိသတ္ေတြအခုထက္ပိုမိုလက္ခံအားေပးမႈရဖို႔ ႀကိဳးစားသြားမွာျဖစ္သလို Social ေကာင္းတဲ့သူ တစ္ဦးလည္းမဟုတ္တာေၾကာင့္ သူမ်ားေတြထက္ ဆယ္ဆေလာက္ႀကိဳးစား႐ုန္းကန္ေနရေၾကာင္း၊ ေရွ႕ဆက္ၿပီးလည္း ဂီတလမ္းေၾကာင္း ေပၚမွာ သူမစိတ္ကူးထားတဲ့ပုံစံေတြအတိုင္း ႀကိဳးစားသြားဖို႔ျပင္ဆင္ ထားေၾကာင္း သိရပါတယ္။
             

ဒါ့အျပင္ သူမဟာ “အႏိုင္အရႈံး”လို႔နာမည္ရတဲ့ ေတးသီခ်င္း၊ “ၿပိဳင္ပြဲ”လို႔ နာမည္ရတဲ့ တစ္ကိုယ္ေတာ္ ေတးသီခ်င္းေခြေတြထြက္ရွိထားၿပီး Sungle Song ေတြလည္း အမ်ားအျပား ထြက္ရွိထားသလို လူမႈကြန္ရက္မွလည္း ပရိသတ္ေတြအတြက္ ေတးသီခ်င္းေလးေတြထုတ္လႊင့္ေပးေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- မီးႏို)
ရန္ကုန္၊ ေအာက္တိုဘာ ၂၉