【 အနုပညာ 】သီချင်းမှရတဲ့အကျိုးအမြတ်အကုန်လုံး တေးသံရှင် မျိုးကြီးနဲ့ လင်းလင်း တို့က လှူဒါန်းမည်

【  အနုပညာ 】သီချင်းမှရတဲ့အကျိုးအမြတ်အကုန်လုံး တေးသံရှင် မျိုးကြီးနဲ့ လင်းလင်း တို့က လှူဒါန်းမည်

တေးသံရှင် မျိုးကြီးနဲ့ လင်းလင်းတို့ဟာ သူတို့ပုံဖော်သီဆိုဖန်တီးထားတဲ့ သီချင်းကနေ ရတဲ့ အကျိုးအမြတ်တွေ အကုန်လုံးကို လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။

“အကျိုးအမြတ် အကုန်လှူဒါန်းမယ်ဆိုတာ ဟုတ်ပါတယ်၊ ထပ်ပြီးရလာဦးမယ့် အကျိုးအမြတ်တွေကိုလည်း လှူဒါန်းသွားဦးမှာ ဖြစ်ပါတယ်” လို့ တေးသံရှင် လင်းလင်းက ပြောပါတယ်။ အဲ့ဒီတေးသီချင်းဟာ လင်းလင်းက ရေးသားတာဖြစ်ပြီး မျိုးကြီးက သီဆိုထား တာဖြစ်ပါတယ်။ မကြာခင်မှာလည်း တေးသံသာ Application ကနေ ထုတ်လွှင့်သွားမှာဖြစ်သလို လက်ရှိမှာလည်း သီချင်းနဲ့ပတ်သက်တဲ့ အကျိုးအမြတ် ငွေကျပ် ၃၂၅၀၀၀၀ ကို လှူဒါန်းခဲ့ပြီး ဆက်လက်လှူဒါန်းတာတွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

“ကျွန်တော် သီဆိုဖို့အတွက် လင်းလင်းက ရေးသားပေးခဲ့တာ ဖြစ်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက် ဒီလို သီချင်းကနေရတဲ့ အကျိုးအမြတ် အကုန်လုံးကို လှူမှာပါ၊ ထပ်ပြီးရလာမယ့်အကျိုးအမြတ်တွေလည်း လှူဖို့ ရှိပါတယ်၊ လှူမယ့်နေရာက ခေတ်သစ် ဖောင်ဒေးရှင်းကို လှူမှာဖြစ်ပါတယ်”လို့ တေးသံရှင် မျိုးကြီးက ပြန်လည် ဖြေကြားပါတယ်။

ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ရာမှ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ တေးသံရှင် မျိုးကြီးဟာ အခုဆိုရင် တေးသီချင်းတွေကို ပြန်လည်လုပ်ကိုင်နေပြီး ပရိသတ်တွေအတွက် လူမှုကွန်ရက်ကနေ ဖျော်ဖြေတာတွေကိုလည်း ထုတ်လွှင့် လုပ်ဆောင် ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ မေလ ၇ ရက်မှာ COVID-19 ရောဂါပိုး မတွေ့တော့တဲ့ အခြေအနေမျိုး ကြုံခဲ့သလို Qurentine စောင့်ကြည့်ကာလလည်း ပြည့်သွားခဲ့တာကြောင့် သာမန်အတိုင်း ကျန်းမာစွာနေထိုင်ရင်း သူမြတ်နိုးတွယ်တာတဲ့ ဂီတအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

ထိုခေတ်သစ်ဖောင်ဒေးရှင်းဟာ အလှူဒါနပြုဖို့ ရည်ရွယ်ချက်နဲ့ တေးသံရှင် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမွှာ သမီးငယ်လေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကိုအမှတ်တရပြုကာ တည်ထောင်ထားတာဖြစ်ပြီး COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကို မ တည်လုပ်ကိုင်ခဲ့ကြောင်း၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှု တွေနဲ့အတူ လိုအပ်တဲ့နေရာတွေအသီးသီးမှာ လိုက်လံလှူဒါန်းတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ- လင်းလင်း)

(  Zawgyi  )

 ေတးသံရွင္ မ်ိဳးႀကီးနဲ႔ လင္းလင္းတို႔ဟာ သူတို႔ပုံေဖာ္သီဆိုဖန္တီးထားတဲ့ သီခ်င္းကေန ရတဲ့ အက်ိဳးအျမတ္ေတြ အကုန္လုံးကို လႉဒါန္းသြားဖို႔ စီစဥ္ထားပါတယ္။

“အက်ိဳးအျမတ္ အကုန္လႉဒါန္းမယ္ဆိုတာ ဟုတ္ပါတယ္၊ ထပ္ၿပီးရလာဦးမယ့္ အက်ိဳးအျမတ္ေတြကိုလည္း လႉဒါန္းသြားဦးမွာ ျဖစ္ပါတယ္” လို႔ ေတးသံရွင္ လင္းလင္းက ေျပာပါတယ္။ အဲ့ဒီေတးသီခ်င္းဟာ လင္းလင္းက ေရးသားတာျဖစ္ၿပီး မ်ိဳးႀကီးက သီဆိုထား တာျဖစ္ပါတယ္။ မၾကာခင္မွာလည္း ေတးသံသာ Application ကေန ထုတ္လႊင့္သြားမွာျဖစ္သလို လက္ရွိမွာလည္း သီခ်င္းနဲ႔ပတ္သက္တဲ့ အက်ိဳးအျမတ္ ေငြက်ပ္ ၃၂၅၀၀၀၀ ကို လႉဒါန္းခဲ့ၿပီး ဆက္လက္လႉဒါန္းတာေတြကို လုပ္ေဆာင္ဖို႔ စီစဥ္ထားပါတယ္။

“ကြၽန္ေတာ္ သီဆိုဖို႔အတြက္ လင္းလင္းက ေရးသားေပးခဲ့တာ ျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဒီလို သီခ်င္းကေနရတဲ့ အက်ိဳးအျမတ္ အကုန္လုံးကို လႉမွာပါ၊ ထပ္ၿပီးရလာမယ့္အက်ိဳးအျမတ္ေတြလည္း လႉဖို႔ ရွိပါတယ္၊ လႉမယ့္ေနရာက ေခတ္သစ္ ေဖာင္ေဒးရွင္းကို လႉမွာျဖစ္ပါတယ္”လို႔ ေတးသံရွင္ မ်ိဳးႀကီးက ျပန္လည္ ေျဖၾကားပါတယ္။

ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ရာမွ COVID-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ ေတးသံရွင္ မ်ိဳးႀကီးဟာ အခုဆိုရင္ ေတးသီခ်င္းေတြကို ျပန္လည္လုပ္ကိုင္ေနၿပီး ပရိသတ္ေတြအတြက္ လူမႈကြန္ရက္ကေန ေဖ်ာ္ေျဖတာေတြကိုလည္း ထုတ္လႊင့္ လုပ္ေဆာင္ ေပးသြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။ သူဟာ လြန္ခဲ့တဲ့ ေမလ ၇ ရက္မွာ COVID-19 ေရာဂါပိုး မေတြ႕ေတာ့တဲ့ အေျခအေနမ်ိဳး ႀကဳံခဲ့သလို Qurentine ေစာင့္ၾကည့္ကာလလည္း ျပည့္သြားခဲ့တာေၾကာင့္ သာမန္အတိုင္း က်န္းမာစြာေနထိုင္ရင္း သူျမတ္ႏိုးတြယ္တာတဲ့ ဂီတအလုပ္ေတြကို လုပ္ကိုင္ေနတာျဖစ္ပါတယ္။

ထိုေခတ္သစ္ေဖာင္ေဒးရွင္းဟာ အလႉဒါနျပဳဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေတးသံရွင္ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕ အမႊာ သမီးငယ္ေလးေတြျဖစ္တဲ့ ေခတ္နဲ႔သစ္တို႔ကိုအမွတ္တရျပဳကာ တည္ေထာင္ထားတာျဖစ္ၿပီး COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေငြက်ပ္ သိန္း ၁၀၀ ကို မ တည္လုပ္ကိုင္ခဲ့ေၾကာင္း၊ အလႉရွင္ေတြရဲ႕ ပံ့ပိုးမႈ ေတြနဲ႔အတူ လိုအပ္တဲ့ေနရာေတြအသီးသီးမွာ လိုက္လံလႉဒါန္းတာေတြကိုလည္း လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ- လင္းလင္း)