【 အနုပညာ 】သမီးဖြစ်သူရဲ့ ဝါသနာကို မြေတောင်မြှောက်ပေးဖို့ရှိတဲ့ လူကြမ်းသရုပ်ဆောင် နိုင်လူ

【 အနုပညာ 】သမီးဖြစ်သူရဲ့ ဝါသနာကို မြေတောင်မြှောက်ပေးဖို့ရှိတဲ့ လူကြမ်းသရုပ်ဆောင် နိုင်လူ

လူကြမ်းသရုပ်ဆောင်အဖြစ်ဖြင့် ပရိသတ်မုန်းတီးလောက်အောင် ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ လူကြမ်း သရုပ်ဆောင် နိုင်လူဟာ သမီးအငယ်ဖြစ်သူရဲ့ဝါသနာကို မြေတောင်မြှောက်ကာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင် ပေးသွားဖို့ရှိတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။

သူ့ရဲ့သမီးငယ်ဟာ အသက် ၄ နှစ်သာရှိပေမယ့် အနုပညာကိုဝါသနာပါသူတစ်ဦးဖြစ်တာကို တွေ့ရသလို Tik Tok တွေဆော့ကာ အလွမ်းအဆွေး အမူအရာတွေ လိုက်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

 “သမီးငယ်လေးက အနုပညာကို တော်တော်လေးဝါသနာပါတယ်၊ အလတ်မ ကကျတော့ Dancer ဝါသနာပါတယ်၊ သမီးငယ်လေး ကတော့ ကျွန်တော့်သွေးအပြည့်ပဲလို့တောင် ပြောလို့ရတယ်၊ သူတို့တွေကြီးလာရင် ဝါသနာပါတာကို လုပ်နိုင်ဖို့ ကျွန်တော်က မြေတောင်မြှောက်ပေးရင်း အကောင်းဆုံးကြိုးစားသွားမှာပါ၊ သူတို့ခေတ်ကျရင်တော့ အနုပညာလောကဟာ ဘယ်လိုပုံဘယ်လိုအခြေအနေဖြစ်လာမလဲ မသိဘူးပေါ့နော်”လို့ ၎င်းက ရှင်းပြပါတယ်။

သူ့ရဲ့သမီးငယ်လေးဟာ ၇၅ နှစ်မှာမှ တစ်ကြိမ်ဖြစ်တဲ့ Super Moon Day မှာ မွေးဖွားသူလည်းဖြစ်သလို မွေးစက ၈ ပေါင်ရှိ ကြောင်း၊ ပင်လယ်စာတွေကိုသာ အဓိကစားသုံးမှုများပြားသလို ယခုအရွယ်ကတည်းက သူမရဲ့အနုပညာဗီဇလေးကို ပီပြင်စွာတွေ့လာရတယ်လို့ ဆိုပါတယ်။

ဗီလိန်ဇာတ်ရုပ်အမျိုးမျိုးနဲ့ လူကြမ်းတစ်ယောက်အဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ နိုင်လူဟာ အနုပညာသက်တမ်း နှစ်ပေါင်း ၂၀ ကျော် ရှိလာသလို နိုင်ငံရေးကိုလည်း စိတ်ဝင်စားကာ ပါဝင်လုပ်ကိုင်လာခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း တောင်ဥက္ကလာပမဲဆန္ဒနယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကနေ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။  

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၃၀

 

(   Zawgyi  )

 

လူၾကမ္းသ႐ုပ္ေဆာင္အျဖစ္ျဖင့္ ပရိသတ္မုန္းတီးေလာက္ေအာင္ ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ လူၾကမ္း သ႐ုပ္ေဆာင္ ႏိုင္လူဟာ သမီးအငယ္ျဖစ္သူရဲ႕ဝါသနာကို ေျမေတာင္ေျမႇာက္ကာ လိုအပ္တဲ့ ပံ့ပိုးမႈေတြ လုပ္ေဆာင္ ေပးသြားဖို႔ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားပါတယ္။

သူ႔ရဲ႕သမီးငယ္ဟာ အသက္ ၄ ႏွစ္သာရွိေပမယ့္ အႏုပညာကိုဝါသနာပါသူတစ္ဦးျဖစ္တာကို ေတြ႕ရသလို Tik Tok ေတြေဆာ့ကာ အလြမ္းအေဆြး အမူအရာေတြ လိုက္လုပ္ေလ့ရွိတယ္လို႔ သိရပါတယ္။

 “သမီးငယ္ေလးက အႏုပညာကို ေတာ္ေတာ္ေလးဝါသနာပါတယ္၊ အလတ္မ ကက်ေတာ့ Dancer ဝါသနာပါတယ္၊ သမီးငယ္ေလး ကေတာ့ ကြၽန္ေတာ့္ေသြးအျပည့္ပဲလို႔ေတာင္ ေျပာလို႔ရတယ္၊ သူတို႔ေတြႀကီးလာရင္ ဝါသနာပါတာကို လုပ္ႏိုင္ဖို႔ ကြၽန္ေတာ္က ေျမေတာင္ေျမႇာက္ေပးရင္း အေကာင္းဆုံးႀကိဳးစားသြားမွာပါ၊ သူတို႔ေခတ္က်ရင္ေတာ့ အႏုပညာေလာကဟာ ဘယ္လိုပုံဘယ္လိုအေျခအေနျဖစ္လာမလဲ မသိဘူးေပါ့ေနာ္”လို႔ ၎က ရွင္းျပပါတယ္။

သူ႔ရဲ႕သမီးငယ္ေလးဟာ ၇၅ ႏွစ္မွာမွ တစ္ႀကိမ္ျဖစ္တဲ့ Super Moon Day မွာ ေမြးဖြားသူလည္းျဖစ္သလို ေမြးစက ၈ ေပါင္ရွိ ေၾကာင္း၊ ပင္လယ္စာေတြကိုသာ အဓိကစားသုံးမႈမ်ားျပားသလို ယခုအ႐ြယ္ကတည္းက သူမရဲ႕အႏုပညာဗီဇေလးကို ပီျပင္စြာေတြ႕လာရတယ္လို႔ ဆိုပါတယ္။

ဗီလိန္ဇာတ္႐ုပ္အမ်ိဳးမ်ိဳးနဲ႔ လူၾကမ္းတစ္ေယာက္အျဖစ္ ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ႏိုင္တဲ့ ႏိုင္လူဟာ အႏုပညာသက္တမ္း ႏွစ္ေပါင္း ၂၀ ေက်ာ္ ရွိလာသလို ႏိုင္ငံေရးကိုလည္း စိတ္ဝင္စားကာ ပါဝင္လုပ္ကိုင္လာခဲ့ေၾကာင္း၊ လြန္ခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လည္း ေတာင္ဥကၠလာပမဲဆႏၵနယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ သူရဦးေ႐ႊမန္း ဦးေဆာင္တဲ့ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီကေန ကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တယ္လို႔ သိရပါတယ္။  

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၃၀