【 အနုပညာ 】လူကြမ်းကြီးဖြစ်ပေမယ့် ဟာသတွေ သရုပ်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ကိုကိုဦး

【  အနုပညာ  】လူကြမ်းကြီးဖြစ်ပေမယ့် ဟာသတွေ သရုပ်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ကိုကိုဦး

လူကြမ်းသရုပ်ဆောင်အဖြစ်ဖြင့်သာ လူသိများပြီး ကြမ်းကြမ်းတမ်းတမ်းရိုက်ကူးမှုတွေနဲ့သာ သရုပ်ဆောင်လာခဲ့ ရတဲ့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးဟာ အခုဆိုရင် ဟာသတွေအတွက်လည်း သရုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“ကိုယ်ကအနုပညာသမားပဲလေ၊ ကာရိုက်တာအစုံတော့ ပီပြင်အောင်လုပ်နိုင်ရမှာပေါ့၊ ဟာသကို ကျွန်တော်လည်း ဝါသနာပါပါတယ်၊ ဒါပေမဲ့ လူကြမ်းဆိုတော့လေ နည်းနည်းတော့ ရှက်သေး တာပေါ့၊ တကယ်တမ်း လုပ်ဆိုရင်တော့ လုပ်မှာပါ၊ လုပ်ရမှာပေါ့လေ၊ အဲ့ဒီအတွက်လည်း ကြိုတင် ပြင်ဆင်နေတယ်”လို့ သူက ရှင်းပြပါတယ်။ လက်ရှိမှာ သူ့ရဲ့သားဖြစ်သူဟာ သရုပ်ဆောင် ဖြူဖြူထွေးရဲ့ ကမ်းလှမ်းမှုနဲ့အတူ ကြော်ငြာ ရိုက်ကူးတာတွေကိုလုပ်ဆောင်နေပြီး သူ့ကိုလည်းကမ်းလှမ်းလာတာတွေရှိတာကြောင့် ကြိုတင်ပြင်ဆင် တာတွေကို လုပ်ဆောင်နေ တယ် လို့ သိရပါတယ်။

“ဖြူဖြူထွေး ပရိသတ်က မနည်းဘူးပေါ့နော်၊ အကောင်းဆုံးကြိုးစားရင်း လုပ်ကိုင်ရမယ်၊ အခုလောလောဆယ် မှာတော့ သားနောက်ကို လိုက်ပြီး ပံ့ပိုးပေးတယ်၊ ပထမတစ်ခေါက်တုန်းက ကမ်းလှမ်းခဲ့တယ်၊ ကံမစပ်သေးလို့ ပေါ့နော်၊ ကိုယ့်ဇာတ်ရုပ်နဲ့လိုက်မယ်ဆိုရင် အဆင်ပြေအောင် လုပ်ရမှာ ပေါ့၊ လက်ရှိမှာက ပရိသတ်ကြိုက်တဲ့ ကလေးမ ပေါ့နော်၊ အတူရိုက်ရမယ်ဆိုတော့ ဂုဏ်ယူပါတယ်၊ ကျွန်တော်တို့ သားအဖ နှစ်ယောက်လည်း ဒီထက်မက ဉာဏ်မီသလောက်ပေါ့ ကြိုးစားနေပါတယ်၊ ပြည်သူတွေချစ်အောင်လည်း အကောင်းဆုံး ကြိုးစားနေပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

သားဖြစ်သူရဲ့ ရိုက်ကူးမှုကို လိုက်လံကာ လိုအပ်သောအားပေး အကူအညီပြုတာတွေကို လုပ်ဆောင်နေပြီး အားလပ်ချိန်တွေမှာ ဟာသလေးတွေကို Tik Tok ကတစ်ဆင့် အသုံးပြု လေ့ကျင့်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကြော်ငြာတစ်ခုအတွက် သရုပ်ဆောင်ဖို့ကို ပထမအကြိမ်အဖြစ် သရုပ်ဆောင်ဖြူဖြူထွေးက ကမ်းလှမ်းလာ ချိန်တွင် ကံမစပ်ခဲ့တဲ့အခြေအနေမျိုးဖြစ်တာကြောင့် မရိုက်ဖြစ်ခဲ့ရဘဲ ယခု တစ်ဖန်ကမ်းလှမ်းမှုတွေအတွက် သရုပ်ဆောင်ပိုင်းအရ ဟာသပိုင်းနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာ မျိုးဖြစ်အောင် လိုအပ်သော ပြင်ဆင်တာတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ပရိသတ်ကြီးကိုလည်း ပျော်စေချင်တယ်၊ အဲ့ဒီလို ပျော်ရွှင်အောင် တင်ဆက် ရတာကိုလည်း ကျေနပ်တယ်လေ၊ ပရိသတ်ကြီးအနေနဲ့လည်း ကျွန်တော်တို့ သားအဖ နှစ်ယောက်ကို စောင့်ကြည့်ပြီး အားပေးပါဦးလို့ပြောချင်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ သြဂုတ် ၃၀

 

(  Zawgyi  )

 လူၾကမ္းသ႐ုပ္ေဆာင္အျဖစ္ျဖင့္သာ လူသိမ်ားၿပီး ၾကမ္းၾကမ္းတမ္းတမ္း႐ိုက္ကူးမႈေတြနဲ႔သာ သ႐ုပ္ေဆာင္လာခဲ့ ရတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ကိုကိုဦးဟာ အခုဆိုရင္ ဟာသေတြအတြက္လည္း သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

“ကိုယ္ကအႏုပညာသမားပဲေလ၊ ကာ႐ိုက္တာအစုံေတာ့ ပီျပင္ေအာင္လုပ္ႏိုင္ရမွာေပါ့၊ ဟာသကို ကြၽန္ေတာ္လည္း ဝါသနာပါပါတယ္၊ ဒါေပမဲ့ လူၾကမ္းဆိုေတာ့ေလ နည္းနည္းေတာ့ ရွက္ေသး တာေပါ့၊ တကယ္တမ္း လုပ္ဆိုရင္ေတာ့ လုပ္မွာပါ၊ လုပ္ရမွာေပါ့ေလ၊ အဲ့ဒီအတြက္လည္း ႀကိဳတင္ ျပင္ဆင္ေနတယ္”လို႔ သူက ရွင္းျပပါတယ္။ လက္ရွိမွာ သူ႔ရဲ႕သားျဖစ္သူဟာ သ႐ုပ္ေဆာင္ ျဖဴျဖဴေထြးရဲ႕ ကမ္းလွမ္းမႈနဲ႔အတူ ေၾကာ္ျငာ ႐ိုက္ကူးတာေတြကိုလုပ္ေဆာင္ေနၿပီး သူ႔ကိုလည္းကမ္းလွမ္းလာတာေတြရွိတာေၾကာင့္ ႀကိဳတင္ျပင္ဆင္ တာေတြကို လုပ္ေဆာင္ေန တယ္ လို႔ သိရပါတယ္။

“ျဖဴျဖဴေထြး ပရိသတ္က မနည္းဘူးေပါ့ေနာ္၊ အေကာင္းဆုံးႀကိဳးစားရင္း လုပ္ကိုင္ရမယ္၊ အခုေလာေလာဆယ္ မွာေတာ့ သားေနာက္ကို လိုက္ၿပီး ပံ့ပိုးေပးတယ္၊ ပထမတစ္ေခါက္တုန္းက ကမ္းလွမ္းခဲ့တယ္၊ ကံမစပ္ေသးလို႔ ေပါ့ေနာ္၊ ကိုယ့္ဇာတ္႐ုပ္နဲ႔လိုက္မယ္ဆိုရင္ အဆင္ေျပေအာင္ လုပ္ရမွာ ေပါ့၊ လက္ရွိမွာက ပရိသတ္ႀကိဳက္တဲ့ ကေလးမ ေပါ့ေနာ္၊ အတူ႐ိုက္ရမယ္ဆိုေတာ့ ဂုဏ္ယူပါတယ္၊ ကြၽန္ေတာ္တို႔ သားအဖ ႏွစ္ေယာက္လည္း ဒီထက္မက ဉာဏ္မီသေလာက္ေပါ့ ႀကိဳးစားေနပါတယ္၊ ျပည္သူေတြခ်စ္ေအာင္လည္း အေကာင္းဆုံး ႀကိဳးစားေနပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

သားျဖစ္သူရဲ႕ ႐ိုက္ကူးမႈကို လိုက္လံကာ လိုအပ္ေသာအားေပး အကူအညီျပဳတာေတြကို လုပ္ေဆာင္ေနၿပီး အားလပ္ခ်ိန္ေတြမွာ ဟာသေလးေတြကို Tik Tok ကတစ္ဆင့္ အသုံးျပဳ ေလ့က်င့္တာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ေၾကာ္ျငာတစ္ခုအတြက္ သ႐ုပ္ေဆာင္ဖို႔ကို ပထမအႀကိမ္အျဖစ္ သ႐ုပ္ေဆာင္ျဖဴျဖဴေထြးက ကမ္းလွမ္းလာ ခ်ိန္တြင္ ကံမစပ္ခဲ့တဲ့အေျခအေနမ်ိဳးျဖစ္တာေၾကာင့္ မ႐ိုက္ျဖစ္ခဲ့ရဘဲ ယခု တစ္ဖန္ကမ္းလွမ္းမႈေတြအတြက္ သ႐ုပ္ေဆာင္ပိုင္းအရ ဟာသပိုင္းနဲ႔ လိုက္ဖက္တဲ့ ကာ႐ိုက္တာ မ်ိဳးျဖစ္ေအာင္ လိုအပ္ေသာ ျပင္ဆင္တာေတြနဲ႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

“ပရိသတ္ႀကီးကိုလည္း ေပ်ာ္ေစခ်င္တယ္၊ အဲ့ဒီလို ေပ်ာ္႐ႊင္ေအာင္ တင္ဆက္ ရတာကိုလည္း ေက်နပ္တယ္ေလ၊ ပရိသတ္ႀကီးအေနနဲ႔လည္း ကြၽန္ေတာ္တို႔ သားအဖ ႏွစ္ေယာက္ကို ေစာင့္ၾကည့္ၿပီး အားေပးပါဦးလို႔ေျပာခ်င္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ၾသဂုတ္ ၃၀