【 အနုပညာ 】ရိုက်လက်စဇာတ်ကားတွေကြောင့် ပရိသတ်ရှေ့မှာ ပျောက်နေသလိုဖြစ်နေတဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်

【  အနုပညာ  】ရိုက်လက်စဇာတ်ကားတွေကြောင့် ပရိသတ်ရှေ့မှာ ပျောက်နေသလိုဖြစ်နေတဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်

ပြည်တွင်းက Free to Air ရုပ်သံလိုင်းတွေမှာပြသတဲ့ ဇာတ်လမ်းတွဲတွေထဲ သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှု များလာခဲ့တဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင် ဟာ ဆက်လက်ပြီး ရိုက်လက်စဇာတ်ကားတွေသာ ရှိနေတဲ့အခြေအနေကြောင့် ပရိသတ်တွေရဲ့ မြင်ကွင်းအောက်မှာ ပျောက်နေသလိုဖြစ်နေတယ်လို့ သိရပါတယ်။

သူမဟာ လက်ရှိမှာလည်း ချန်နယ်တစ်ခုအတွက် လုပ်ဆောင်နေတာတွေရှိသလို ရိုက်လက်စဇာတ်ကားတွေ ဟာလည်း COVID 19 ကာလ ကန့်သတ်ချက်တွေကြောင့် ခေတ္တရပ်နားရတဲ့အခြေအနေတွေလည်း ရှိတယ်လို့ သိရပါတယ်။
                                                          
 “ပျောက်နေတာတော့မဟုတ်ပါဘူး၊ အနုပညာလှုပ်ရှားမှုတွေတော့ လုပ်နေပါတယ်၊ လောလောဆယ်မှာ Youtube ချန်နယ်အတွက် လုပ်နေတာရှိတယ်၊ အခုထပ်လာမယ့်ကားကလည်း ရိုက်လက်စကြီးဆိုတော့ ပြီးအောင် ရိုက်ရမှာရယ်၊ ထွက်ရှိဖို့က တော်တော်ကြာမှ ထွက်ပါလိမ့်မယ်၊ ရိုက်ပြီးသားဇာတ်ကားတွေကလည်း ပြသပြီးသွားတာတွေကြောင့် ပရိသတ်တွေရဲ့ရှေ့မှာ ပျောက်နေသလို ဖြစ်နေတာပါ၊ အကောင်းဆုံးလည်း ကြိုးစားနေပါတယ်၊ အားပေးကြပါဦးနော်” လို့ သူမက ရှင်းပြပါတယ်။               
                                                    
သရုပ်ဆောင်အများစုဟာ ပရိသတ်စိတ်ဝင် စားစေမယ့် ဇာတ်ကောင်ကာရိုက်တာမျိုးကို သရုပ် ဆောင်ချင်ကြပေမယ့် သူမဟာ “ကျွန်မက မဟေသီ”လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲထဲမှာ ခပ်အေးအေး သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နေရာကို သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အများအပြားရရှိကာ အရင်ထက် ပိုပြီး လူသိများလာခဲ့ပါတယ်။
                                                                 
“အဲ့ဒီ မဟေသီတုန်းကလေ ခပ်အေးအေးကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ရမှာဆိုတော့ ဖြစ်ပါ့မလားဆိုပြီး အစတုန်းက ကြောက်မိ ပါတယ်၊ နောက်ပိုင်းတော့ မထင်မှတ်ဘဲ ပရိသတ်တွေကြိုက်တာတွေ့ရတော့ ကျေနပ်မိတယ်၊ ဆက်ပြီးလည်း ကြိုးစားသွားဖို့ အားတွေ ဖြစ်ခဲ့ပါတယ်”လို့ သူမက ရှင်းပြပါတယ်။ သူမအနေနဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်စေမယ့် ကာရိုက်တာမျိုးနဲ့ ဇာတ်ကားကို ရိုက်ကူး ချင်သလို လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားဟာ ဆရာဝန် ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ရတယ်လို့ သိရပါတယ်။ အခုလို ပရိသတ်မျက်စိရှေ့မှာ ပျောက်နေသလို ဖြစ်နေပေမယ့် လူမှုကွန်ရက်ကနေ Live လွှင့်ကာ ပရိသတ်တွေနဲ့ တွေ့ဆုံတာတွေကိုလည်း လုပ်ဆောင်သွားဖို့ စီစဉ် ထားတာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 

 ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းေတြမွာျပသတဲ့ ဇာတ္လမ္းတြဲေတြထဲ သ႐ုပ္ေဆာင္ရင္း ပရိသတ္အားေပးမႈ မ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ ဝင့္ယမုံႏိုင္ ဟာ ဆက္လက္ၿပီး ႐ိုက္လက္စဇာတ္ကားေတြသာ ရွိေနတဲ့အေျခအေနေၾကာင့္ ပရိသတ္ေတြရဲ႕ ျမင္ကြင္းေအာက္မွာ ေပ်ာက္ေနသလိုျဖစ္ေနတယ္လို႔ သိရပါတယ္။

သူမဟာ လက္ရွိမွာလည္း ခ်န္နယ္တစ္ခုအတြက္ လုပ္ေဆာင္ေနတာေတြရွိသလို ႐ိုက္လက္စဇာတ္ကားေတြ ဟာလည္း COVID 19 ကာလ ကန႔္သတ္ခ်က္ေတြေၾကာင့္ ေခတၱရပ္နားရတဲ့အေျခအေနေတြလည္း ရွိတယ္လို႔ သိရပါတယ္။
                                                          
 “ေပ်ာက္ေနတာေတာ့မဟုတ္ပါဘူး၊ အႏုပညာလႈပ္ရွားမႈေတြေတာ့ လုပ္ေနပါတယ္၊ ေလာေလာဆယ္မွာ Youtube ခ်န္နယ္အတြက္ လုပ္ေနတာရွိတယ္၊ အခုထပ္လာမယ့္ကားကလည္း ႐ိုက္လက္စႀကီးဆိုေတာ့ ၿပီးေအာင္ ႐ိုက္ရမွာရယ္၊ ထြက္ရွိဖို႔က ေတာ္ေတာ္ၾကာမွ ထြက္ပါလိမ့္မယ္၊ ႐ိုက္ၿပီးသားဇာတ္ကားေတြကလည္း ျပသၿပီးသြားတာေတြေၾကာင့္ ပရိသတ္ေတြရဲ႕ေရွ႕မွာ ေပ်ာက္ေနသလို ျဖစ္ေနတာပါ၊ အေကာင္းဆုံးလည္း ႀကိဳးစားေနပါတယ္၊ အားေပးၾကပါဦးေနာ္” လို႔ သူမက ရွင္းျပပါတယ္။               
                                                    
သ႐ုပ္ေဆာင္အမ်ားစုဟာ ပရိသတ္စိတ္ဝင္ စားေစမယ့္ ဇာတ္ေကာင္ကာ႐ိုက္တာမ်ိဳးကို သ႐ုပ္ ေဆာင္ခ်င္ၾကေပမယ့္ သူမဟာ “ကြၽန္မက မေဟသီ”လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲထဲမွာ ခပ္ေအးေအး သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္ေနရာကို သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို အမ်ားအျပားရရွိကာ အရင္ထက္ ပိုၿပီး လူသိမ်ားလာခဲ့ပါတယ္။
                                                                 
“အဲ့ဒီ မေဟသီတုန္းကေလ ခပ္ေအးေအးကာ႐ိုက္တာမ်ိဳးနဲ႔ သ႐ုပ္ေဆာင္ရမွာဆိုေတာ့ ျဖစ္ပါ့မလားဆိုၿပီး အစတုန္းက ေၾကာက္မိ ပါတယ္၊ ေနာက္ပိုင္းေတာ့ မထင္မွတ္ဘဲ ပရိသတ္ေတြႀကိဳက္တာေတြ႕ရေတာ့ ေက်နပ္မိတယ္၊ ဆက္ၿပီးလည္း ႀကိဳးစားသြားဖို႔ အားေတြ ျဖစ္ခဲ့ပါတယ္”လို႔ သူမက ရွင္းျပပါတယ္။ သူမအေနနဲ႔ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ေစမယ့္ ကာ႐ိုက္တာမ်ိဳးနဲ႔ ဇာတ္ကားကို ႐ိုက္ကူး ခ်င္သလို လက္ရွိ႐ိုက္ကူးေနတဲ့ ဇာတ္ကားဟာ ဆရာဝန္ ကာ႐ိုက္တာအေနနဲ႔ သ႐ုပ္ေဆာင္ရတယ္လို႔ သိရပါတယ္။ အခုလို ပရိသတ္မ်က္စိေရွ႕မွာ ေပ်ာက္ေနသလို ျဖစ္ေနေပမယ့္ လူမႈကြန္ရက္ကေန Live လႊင့္ကာ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတာေတြကိုလည္း လုပ္ေဆာင္သြားဖို႔ စီစဥ္ ထားတာေတြရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)