【 အနုပညာ 】ရဟန်းအဖြစ်နဲ့ မြင်တွေ့ရမယ့် တေးသံရှင် မနော

 【  အနုပညာ  】ရဟန်းအဖြစ်နဲ့ မြင်တွေ့ရမယ့် တေးသံရှင် မနော

ကျေးလက်တေးသီချင်းလေးတွေနဲ့ လူကြိုက်များကာ အားပေးသူအခိုင်အမာရနေတဲ့ တေးသံရှင် မနောဟာ အခုဆိုရင် ခေတ္တရဟန်းဝတ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်အခုလိုအားတဲ့အချိန်လေးမှာ အကျိုးလည်းရှိအောင် သာသနာ့ဘောင်ထဲဝင်နေတာပါ၊ ၁၀ ရက်တိတိ ဝတ်မှာပါ၊ ကံလေးလည်းကောင်းလာအောင်၊ နောက်တစ်ခုက အသက်အရွယ်ရလာတာနဲ့ တဖြေးဖြေးအိုဖို့ နာဖို့ သေဖို့ဆိုတာ နီးလာမှာပဲလေ၊ ဒါကြောင့်လည်း အကျိုးရှိအောင်အခုလိုအားတဲ့အချိန်လေးမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။ သူဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဇီးကန်ကျေးရွာက ကျွန်းဦး ပရိယတ္တိစာသင်တိုက်မှာ ရဟန်း ဝတ်ရင်း သာသနာပြုနေတာဖြစ်သလို အခုလိုကာလမှာ အားရင် အားသလို သာသနာပြုအလုပ်ကလေးတွေကို လုပ်ဆောင်ဖို့ရှိနေတယ်လို့ သိရပါတယ်။

အလှူပွဲတွေနဲ့အတူ သူသီဆိုခဲ့တဲ့ သီချင်းတွေဟာ ပရိသတ်ကြားထဲ ရေပန်းစားနေပြီး “ဗိုလ်အောင်ဒင်”၊ “မိချောရေ” အစရှိတဲ့ သီချင်းတွေဟာ အခုလိုကထိန်ကာလအပါအဝင် ပွဲလမ်းသဘင်တွေ၊ အလှူတော်မင်္ဂလာ တွေမှာလည်း ဖွင့်ရင်း ခေတ်စားခဲ့ပါတယ်။ ယခုနှစ်မှာတော့ COVID 19 ကြောင့် ပွဲလမ်းသဘင်တွေမလုပ်ကြ ပေမယ့် သူ့ရဲ့တေးသီချင်းတွေကတော့ ပရိသတ်တွေရဲ့အားပေးမှုကိုရနေဆဲဖြစ်သလို ဆက်လက်ပြီးလည်း ကျေးလက် အငွေ့အသက်တွေပါတဲ့ တေးသီချင်းကောင်းတွေဖန်တီးဖို့ ကြိုးပမ်းရင်း ကျေးလက်ဒေသတွေမှာ သွားရောက်နေထိုင်ကာ ခံစားရေးဖွဲ့နေလျက်ရှိရာမှ အခုလိုအားလပ်တဲ့အချိန်ကလေးမှာ သာသနာပြုအလုပ် ကလေးတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

“နောက်ပိုင်းမှာလည်း သီချင်းကောင်းလေးတွေတော့ လုပ်ဖို့ရှိပါမယ်၊ ကျေးလက်ဒေသတွေရဲ့ ဘ၀ကိုပေါ်လွင် စေမယ့် သီချင်းမျိုးဖြစ်မှာပါ၊ ကျွန်တော်အခုတော့ ကုသိုလ်ရတဲ့အလုပ်ကလေး ခေတ္တလုပ်နေတာဖြစ်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
                        
မင်းခေတ်လင်း
ဓာတ်ပုံ-မနော

ရန်ကုန်၊ နိုဝင်ဘာ ၂၆

 

( Zawgyi )

 

 

 ေက်းလက္ေတးသီခ်င္းေလးေတြနဲ႔ လူႀကိဳက္မ်ားကာ အားေပးသူအခိုင္အမာရေနတဲ့ ေတးသံရွင္ မေနာဟာ အခုဆိုရင္ ေခတၱရဟန္းဝတ္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္အခုလိုအားတဲ့အခ်ိန္ေလးမွာ အက်ိဳးလည္းရွိေအာင္ သာသနာ့ေဘာင္ထဲဝင္ေနတာပါ၊ ၁၀ ရက္တိတိ ဝတ္မွာပါ၊ ကံေလးလည္းေကာင္းလာေအာင္၊ ေနာက္တစ္ခုက အသက္အ႐ြယ္ရလာတာနဲ႔ တေျဖးေျဖးအိုဖို႔ နာဖို႔ ေသဖို႔ဆိုတာ နီးလာမွာပဲေလ၊ ဒါေၾကာင့္လည္း အက်ိဳးရွိေအာင္အခုလိုအားတဲ့အခ်ိန္ေလးမွာ လုပ္ေဆာင္တာ ျဖစ္ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။ သူဟာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္၊ ဇီးကန္ေက်း႐ြာက ကြၽန္းဦး ပရိယတၱိစာသင္တိုက္မွာ ရဟန္း ဝတ္ရင္း သာသနာျပဳေနတာျဖစ္သလို အခုလိုကာလမွာ အားရင္ အားသလို သာသနာျပဳအလုပ္ကေလးေတြကို လုပ္ေဆာင္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။

အလႉပြဲေတြနဲ႔အတူ သူသီဆိုခဲ့တဲ့ သီခ်င္းေတြဟာ ပရိသတ္ၾကားထဲ ေရပန္းစားေနၿပီး “ဗိုလ္ေအာင္ဒင္”၊ “မိေခ်ာေရ” အစရွိတဲ့ သီခ်င္းေတြဟာ အခုလိုကထိန္ကာလအပါအဝင္ ပြဲလမ္းသဘင္ေတြ၊ အလႉေတာ္မဂၤလာ ေတြမွာလည္း ဖြင့္ရင္း ေခတ္စားခဲ့ပါတယ္။ ယခုႏွစ္မွာေတာ့ COVID 19 ေၾကာင့္ ပြဲလမ္းသဘင္ေတြမလုပ္ၾက ေပမယ့္ သူ႔ရဲ႕ေတးသီခ်င္းေတြကေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈကိုရေနဆဲျဖစ္သလို ဆက္လက္ၿပီးလည္း ေက်းလက္ အေငြ႕အသက္ေတြပါတဲ့ ေတးသီခ်င္းေကာင္းေတြဖန္တီးဖို႔ ႀကိဳးပမ္းရင္း ေက်းလက္ေဒသေတြမွာ သြားေရာက္ေနထိုင္ကာ ခံစားေရးဖြဲ႕ေနလ်က္ရွိရာမွ အခုလိုအားလပ္တဲ့အခ်ိန္ကေလးမွာ သာသနာျပဳအလုပ္ ကေလးေတြကို လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

“ေနာက္ပိုင္းမွာလည္း သီခ်င္းေကာင္းေလးေတြေတာ့ လုပ္ဖို႔ရွိပါမယ္၊ ေက်းလက္ေဒသေတြရဲ႕ ဘ၀ကိုေပၚလြင္ ေစမယ့္ သီခ်င္းမ်ိဳးျဖစ္မွာပါ၊ ကြၽန္ေတာ္အခုေတာ့ ကုသိုလ္ရတဲ့အလုပ္ကေလး ေခတၱလုပ္ေနတာျဖစ္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပခဲ့ပါတယ္။
                        
မင္းေခတ္လင္း
ဓာတ္ပုံ-မေနာ

ရန္ကုန္၊ ႏိုဝင္ဘာ ၂၆