【 အနုပညာ 】မြန်မာနိုင်ငံ အလည်ပြန်ရောက်စဉ် အနုပညာအလုပ်ကလေးတွေလုပ်နေတဲ့ သရုပ်ဆောင် မြူလင်းကိုကို

【  အနုပညာ  】မြန်မာနိုင်ငံ အလည်ပြန်ရောက်စဉ် အနုပညာအလုပ်ကလေးတွေလုပ်နေတဲ့ သရုပ်ဆောင် မြူလင်းကိုကို

ပြည်ပမှာနေထိုင်ပညာသင်ယူနေရင်း COVID 19 ကြောင့် ခေတ္တနားကာ မြန်မာနိုင်ငံကို အလည်အပတ်အဖြစ် ပြန်လည် ရောက်နေတဲ့ သရုပ်ဆောင် မြူလင်းကိုကိုဟာ အခုလိုကာလမှာ အနုပညာအလုပ်ကလေးတွေကို လုပ်ဆောင်ဖြစ်လာတယ်လို့ သိရပါတယ်။

“အခု အဆိုတော် Sam Sam ရဲ့ Music Video မှာ သရုပ်ဆောင်နေပါတယ်၊ မြူလင်းရဲ့ ဘွားဘွားနဲ့ မေမေက ရိုက်ပေးလိုက် ပါဆိုတာနဲ့ သရုပ်ဆောင်ဖြစ်တာပါ၊ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့ မြူလင်းကို ဝိုင်းပြီး သင်ကြားပေးကြပါတယ်၊ မြူလင်းအနေနဲ့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်”လို့ သူမက ရှင်းပြပါတယ်။ သူမဟာ သရုပ်ဆောင် ရဲကိုကို နဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးဖြစ်ပြီး အလှဓာတ်ပုံ ရိုက်ကူးတာတွေ၊ ကြော်ငြာဓာတ်ပုံ ရိုက်ကူးတာတွေ ကို လုပ်ဆောင်ခဲ့သလို အခုလိုကာလမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရင်း Music Video မှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သူမဟာ K-Pop ကြိုက်တဲ့သူလည်းဖြစ်သလို K-Pop ပုံစံများအတိုင်း ဝတ်စားနေထိုင်လေ့ရှိပြီး သရုပ်ဆောင်တဲ့ အခါမှာ လည်း အဲ့ဒီလိုပုံစံဒီဇိုင်းမျိုးတွေနဲ့ သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သူမအနေနဲ့လည်း မိခင်ဖြစ်သူကို စိတ်ချမ်းသာ စေချင်သလို မိဘစကားနားထောင်ကာ လိမ္မာတဲ့သူတစ်ဦးဖြစ်အောင် ကြိုးစားနေထိုင်ရပ်တည် နေတယ်လို့ သိရပါတယ်။ “မြူလင်းက အတွေ့အကြုံလည်းနည်းတော့ ဖြစ်ပါ့မလားလို့တော့ စိတ်ပူတာမျိုး ရှိပါတယ်၊ ဒါပေမဲ့ အကုန်လုံးအဆင်ပြေ အောင်လို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ သူမက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေစဉ်ကာလအတွင်းထဲ နောက်ပိုင်းမှာလည်း အနုပညာအလုပ်ကလေးတွေကို အချိန်ရရင် ရသလို ဆက်လုပ်သွားဖို့ရှိနေပြီး အတွေ့အကြုံနုနယ်သူတစ်ဦးလည်း ဖြစ်တဲ့အတွက် သင်ယူရင်းနဲ့ သရုပ်ဆောင်တာမျိုးကို လုပ်ဆောင်နေကြောင်း၊ သရုပ်ဆောင်တဲ့နေရာမှာ ကိုယ်နဲ့အဆင်ပြေတဲ့ပုံစံမျိုး ဖြစ်ဖို့ လိုအပ်သလို မိခင်ဖြစ်သူရဲ့ ခွင့်ပြုချက်တွေနဲ့သာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- မြူလင်းကိုကို)

 

(  Zawgyi  )

 

 ျပည္ပမွာေနထိုင္ပညာသင္ယူေနရင္း COVID 19 ေၾကာင့္ ေခတၱနားကာ ျမန္မာႏိုင္ငံကို အလည္အပတ္အျဖစ္ ျပန္လည္ ေရာက္ေနတဲ့ သ႐ုပ္ေဆာင္ ျမဴလင္းကိုကိုဟာ အခုလိုကာလမွာ အႏုပညာအလုပ္ကေလးေတြကို လုပ္ေဆာင္ျဖစ္လာတယ္လို႔ သိရပါတယ္။

“အခု အဆိုေတာ္ Sam Sam ရဲ႕ Music Video မွာ သ႐ုပ္ေဆာင္ေနပါတယ္၊ ျမဴလင္းရဲ႕ ဘြားဘြားနဲ႔ ေမေမက ႐ိုက္ေပးလိုက္ ပါဆိုတာနဲ႔ သ႐ုပ္ေဆာင္ျဖစ္တာပါ၊ အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျမဴလင္းကို ဝိုင္းၿပီး သင္ၾကားေပးၾကပါတယ္၊ ျမဴလင္းအေနနဲ႔လည္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္”လို႔ သူမက ရွင္းျပပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ ရဲကိုကို နဲ႔ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္တို႔ရဲ႕ သမီးျဖစ္ၿပီး အလွဓာတ္ပုံ ႐ိုက္ကူးတာေတြ၊ ေၾကာ္ျငာဓာတ္ပုံ ႐ိုက္ကူးတာေတြ ကို လုပ္ေဆာင္ခဲ့သလို အခုလိုကာလမွာ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိရင္း Music Video မွာ ပါဝင္သ႐ုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

သူမဟာ K-Pop ႀကိဳက္တဲ့သူလည္းျဖစ္သလို K-Pop ပုံစံမ်ားအတိုင္း ဝတ္စားေနထိုင္ေလ့ရွိၿပီး သ႐ုပ္ေဆာင္တဲ့ အခါမွာ လည္း အဲ့ဒီလိုပုံစံဒီဇိုင္းမ်ိဳးေတြနဲ႔ သ႐ုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ သူမအေနနဲ႔လည္း မိခင္ျဖစ္သူကို စိတ္ခ်မ္းသာ ေစခ်င္သလို မိဘစကားနားေထာင္ကာ လိမၼာတဲ့သူတစ္ဦးျဖစ္ေအာင္ ႀကိဳးစားေနထိုင္ရပ္တည္ ေနတယ္လို႔ သိရပါတယ္။ “ျမဴလင္းက အေတြ႕အႀကဳံလည္းနည္းေတာ့ ျဖစ္ပါ့မလားလို႔ေတာ့ စိတ္ပူတာမ်ိဳး ရွိပါတယ္၊ ဒါေပမဲ့ အကုန္လုံးအဆင္ေျပ ေအာင္လို႔ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္”လို႔ သူမက ရွင္းျပပါတယ္။

ျမန္မာႏိုင္ငံမွာ ရွိေနစဥ္ကာလအတြင္းထဲ ေနာက္ပိုင္းမွာလည္း အႏုပညာအလုပ္ကေလးေတြကို အခ်ိန္ရရင္ ရသလို ဆက္လုပ္သြားဖို႔ရွိေနၿပီး အေတြ႕အႀကဳံႏုနယ္သူတစ္ဦးလည္း ျဖစ္တဲ့အတြက္ သင္ယူရင္းနဲ႔ သ႐ုပ္ေဆာင္တာမ်ိဳးကို လုပ္ေဆာင္ေနေၾကာင္း၊ သ႐ုပ္ေဆာင္တဲ့ေနရာမွာ ကိုယ္နဲ႔အဆင္ေျပတဲ့ပုံစံမ်ိဳး ျဖစ္ဖို႔ လိုအပ္သလို မိခင္ျဖစ္သူရဲ႕ ခြင့္ျပဳခ်က္ေတြနဲ႔သာ အႏုပညာအလုပ္ေတြ ဆက္လက္လုပ္ကိုင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ျမဴလင္းကိုကို)