【 အနုပညာ 】မင်းသမီးတစ်လှည့် ဆရာဝန်တစ်လှည့်နဲ့ သရုပ်ဆောင် ပိုးမမှီသာ

【  အနုပညာ  】မင်းသမီးတစ်လှည့် ဆရာဝန်တစ်လှည့်နဲ့ သရုပ်ဆောင် ပိုးမမှီသာ

သရုပ်ဆောင်အဖြစ်လုပ်ကိုင်ရင်း ကြော်ငြာတွေကို ရိုက်ကူးနေသလို အလုပ်သင်ဆရာဝန် အဖြစ်ဖြင့် လည်း ဆေးရုံကြီးတွေမှာ အလှည့်ကျတာဝန်ထမ်းဆောင်နေတဲ့ သရုပ်ဆောင် ပိုးမမှီသာဟာ Duty နားချိန်တွေမှာ ကြော်ငြာတွေကို ရိုက်ကူးနေရတယ်လို့ သိရပါတယ်။

“ညဆိုဆရာဝန် မနက်ဆိုမင်းသမီးပေါ့၊ Duty ထွက်ပြီးတာနဲ့ ကြော်ငြာတွေရိုက်နဲ့ တောက်လျှောက် လုပ်ရတော့ တော်တော်လေးလည်း ပင်ပန်းပါတယ်၊ အခုကနှစ်ခုစလုံးကို မလွတ်ဘဲလုပ်ချင်တာဖြစ်လို့ ကြိုးစားပြီး လုပ်နေပါတယ်၊ အရမ်းလည်းပင်ပန်းတယ်၊ ဒီအလုပ်တွေက ကိုယ်အခွင့်အရေးရတုန်း လုပ်ရတာ၊ နှစ်ခုထဲက တစ်ခုကိုပဲရွေးဖို့ဆိုရင် အရမ်းခက်ခဲတယ်၊ နှစ်ခုလုံးကို လုပ်လို့ရရင် လုပ်ချင် တယ်၊ ဘယ်လောက်ပဲပင်ပန်းပါစေ၊ အနုပညာအလုပ်ကလည်း ကိုယ်လုပ်ချင်တိုင်းလုပ်လို့ မရဘူး၊ အခွင့်အလမ်းတွေပေးမှ အခွင့်အရေးတွေရှိမှ လုပ်လို့ရမှာလေ၊ ဒါပေမဲ့လည်း အသက်ကြီးရင်တော့ လည်း ဆရာဝန်အဖြစ်နဲ့ပဲ ရပ်တည်ဖြစ်မယ်လို့ ထင်ပါတယ်”လို့ ၎င်းက ကြော်ငြာရိုက်ကွင်းတစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီး လက်ရှိမှာ အလုပ်သမား ဆေးရုံကြီး မှာ တာဝန်ထမ်းဆောင်နေကြောင်း၊ အလုပ်သင်ဆရာဝန်အဖြစ်နဲ့ သုံးလစီအလှည့်ကျ တာဝန်ထမ်း ဆောင်နေရပြီး ဘာသာရပ်ကြီးလေးခုနက်မှ အမျိုးသမီးရောဂါများ၊ ကိုယ်ဝန်ဆောင်များနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားသူဖြစ်သလို သူမကိုယ်တိုင်ကလေးမွေးပေးတာတွေကိုလည်း လုပ် ဆောင်နေကြောင်း၊ COVID ကာလ ကတည်းက ရန်ကုန်မြို့က ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ရင်း ကလေးမွေးပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ရာ လက်ရှိအထိ ကိုယ်ဝန်ဆောင် ၁၀ ဦးကျော်ကျော် လောက်ကို ကလေးမွေးဖွားပေးခဲ့သေးတယ် လို့ သိရပါတယ်။

“လေးဘာသာသုံးလစီဆင်းရပါတယ်၊ အခုက OG အနေနဲ့ အလုပ်သမားဆေးရုံကြီးမှာ ဆင်းတယ်၊ ဒါကလည်း ကိုယ်တိုင်ဝင်ပြီးလုပ်ရတဲ့ ဆေးရုံကိုရွေးလိုက်တာပါ၊ နောက်ပိုင်းတော့ ကိုယ်တိုင်မွေးပေး ရတယ်၊ ညအချိန်မတော် အိပ်လို့ကောင်းတုန်း ဗိုက်နာလို့ မွေးပေးရတဲ့သူတွေလည်းရှိတယ်၊ အောင်မြင် စွာ မွေးပြီး တော့လည်း ကြည်နူးစရာလည်း ဖြစ်မိသလို ပျော်လည်းပျော်မိတယ်၊ အနုပညာအလုပ် ကလေး တွေကလည်း တစ်ဖက်က ရှိသေးတယ်၊ ဒါပေမဲ့လည်း ကဏ္ဍတစ်ခုစီထားပြီးတော့ ကိုယ် ဝါသနာ ပါတဲ့ဒီနှစ်ခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်”လို့ သူမက ဆက်လက်ပြောကြား ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 သ႐ုပ္ေဆာင္အျဖစ္လုပ္ကိုင္ရင္း ေၾကာ္ျငာေတြကို ႐ိုက္ကူးေနသလို အလုပ္သင္ဆရာဝန္ အျဖစ္ျဖင့္ လည္း ေဆး႐ုံႀကီးေတြမွာ အလွည့္က်တာဝန္ထမ္းေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ပိုးမမွီသာဟာ Duty နားခ်ိန္ေတြမွာ ေၾကာ္ျငာေတြကို ႐ိုက္ကူးေနရတယ္လို႔ သိရပါတယ္။

“ညဆိုဆရာဝန္ မနက္ဆိုမင္းသမီးေပါ့၊ Duty ထြက္ၿပီးတာနဲ႔ ေၾကာ္ျငာေတြ႐ိုက္နဲ႔ ေတာက္ေလွ်ာက္ လုပ္ရေတာ့ ေတာ္ေတာ္ေလးလည္း ပင္ပန္းပါတယ္၊ အခုကႏွစ္ခုစလုံးကို မလြတ္ဘဲလုပ္ခ်င္တာျဖစ္လို႔ ႀကိဳးစားၿပီး လုပ္ေနပါတယ္၊ အရမ္းလည္းပင္ပန္းတယ္၊ ဒီအလုပ္ေတြက ကိုယ္အခြင့္အေရးရတုန္း လုပ္ရတာ၊ ႏွစ္ခုထဲက တစ္ခုကိုပဲေ႐ြးဖို႔ဆိုရင္ အရမ္းခက္ခဲတယ္၊ ႏွစ္ခုလုံးကို လုပ္လို႔ရရင္ လုပ္ခ်င္ တယ္၊ ဘယ္ေလာက္ပဲပင္ပန္းပါေစ၊ အႏုပညာအလုပ္ကလည္း ကိုယ္လုပ္ခ်င္တိုင္းလုပ္လို႔ မရဘူး၊ အခြင့္အလမ္းေတြေပးမွ အခြင့္အေရးေတြရွိမွ လုပ္လို႔ရမွာေလ၊ ဒါေပမဲ့လည္း အသက္ႀကီးရင္ေတာ့ လည္း ဆရာဝန္အျဖစ္နဲ႔ပဲ ရပ္တည္ျဖစ္မယ္လို႔ ထင္ပါတယ္”လို႔ ၎က ေၾကာ္ျငာ႐ိုက္ကြင္းတစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ပါတယ္။

ယခင္က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ တာဝန္ထမ္းေဆာင္ေနၿပီး လက္ရွိမွာ အလုပ္သမား ေဆး႐ုံႀကီး မွာ တာဝန္ထမ္းေဆာင္ေနေၾကာင္း၊ အလုပ္သင္ဆရာဝန္အျဖစ္နဲ႔ သုံးလစီအလွည့္က် တာဝန္ထမ္း ေဆာင္ေနရၿပီး ဘာသာရပ္ႀကီးေလးခုနက္မွ အမ်ိဳးသမီးေရာဂါမ်ား၊ ကိုယ္ဝန္ေဆာင္မ်ားနဲ႔ပတ္သက္တဲ့ ဘာသာရပ္ေတြကို စိတ္ဝင္စားသူျဖစ္သလို သူမကိုယ္တိုင္ကေလးေမြးေပးတာေတြကိုလည္း လုပ္ ေဆာင္ေနေၾကာင္း၊ COVID ကာလ ကတည္းက ရန္ကုန္ၿမိဳ႕က ေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္ရင္း ကေလးေမြးေပးတာေတြကိုလည္း လုပ္ေဆာင္ခဲ့ရာ လက္ရွိအထိ ကိုယ္ဝန္ေဆာင္ ၁၀ ဦးေက်ာ္ေက်ာ္ ေလာက္ကို ကေလးေမြးဖြားေပးခဲ့ေသးတယ္ လို႔ သိရပါတယ္။

“ေလးဘာသာသုံးလစီဆင္းရပါတယ္၊ အခုက OG အေနနဲ႔ အလုပ္သမားေဆး႐ုံႀကီးမွာ ဆင္းတယ္၊ ဒါကလည္း ကိုယ္တိုင္ဝင္ၿပီးလုပ္ရတဲ့ ေဆး႐ုံကိုေ႐ြးလိုက္တာပါ၊ ေနာက္ပိုင္းေတာ့ ကိုယ္တိုင္ေမြးေပး ရတယ္၊ ညအခ်ိန္မေတာ္ အိပ္လို႔ေကာင္းတုန္း ဗိုက္နာလို႔ ေမြးေပးရတဲ့သူေတြလည္းရွိတယ္၊ ေအာင္ျမင္ စြာ ေမြးၿပီး ေတာ့လည္း ၾကည္ႏူးစရာလည္း ျဖစ္မိသလို ေပ်ာ္လည္းေပ်ာ္မိတယ္၊ အႏုပညာအလုပ္ ကေလး ေတြကလည္း တစ္ဖက္က ရွိေသးတယ္၊ ဒါေပမဲ့လည္း က႑တစ္ခုစီထားၿပီးေတာ့ ကိုယ္ ဝါသနာ ပါတဲ့ဒီႏွစ္ခုကို အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္”လို႔ သူမက ဆက္လက္ေျပာၾကား ပါတယ္။

မင္းေခတ္လင္း