【 အနုပညာ 】ဘဝအမှတ်တရတွေကို စုစည်းကာ အခွေထုတ်ဖို့စီစဉ်နေတဲ့ သရုပ်ဆောင် မြတ်သူသူ

【  အနုပညာ  】ဘဝအမှတ်တရတွေကို စုစည်းကာ အခွေထုတ်ဖို့စီစဉ်နေတဲ့ သရုပ်ဆောင် မြတ်သူသူ

ပြည်တွင်းက Free to Air ရုပ်သံလိုင်းကနေ လူသိများလာတဲ့ သရုပ်ဆောင် မြတ်သူသူဟာ အခုဆိုရင် ဂီတဘက်ကိုလည်း လုပ်ဆောင်နေပြီး သူမရဲ့ ဘဝအမှတ်တရတွေကို တစ်စုတစ်စည်း တည်းစုစည်းကာ အခွေအဖြစ် ထုတ်နိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ သိရပါတယ်။

“အခုလောလောဆယ်မှာ သီချင်းငါးပုဒ်ကတော့ ရနေပြီ၊ ပုံစံလေး နည်းနည်းပြောင်းပြီး တစ်ပုဒ်လောက် ထပ်ထည့်လိုက်ရင် ခြောက်ပုဒ်လောက်တော့ ဖြစ်ချင် ဖြစ်သွားမယ်၊ တစ်ပုဒ်စီ ဗားရှင်း နှစ်မျိုးနဲ့ ပြန်ထည့်ဖို့တော့ စီစဉ်ထားတယ်၊ သီချင်း တစ်ပုဒ်စီတိုင်းမှာလည်း တိုးတက်တဲ့ အားပေးမှုလေးတွေ လိုချင်မိတယ်”လို့ သရုပ်ဆောင် မြတ်သူသူက ဆိုပါတယ်။ အဲ့ဒီအခွေနဲ့ပတ်သက်ပြီးတော့ ဂီတမှူး နိုင်ဇော် တေးရေးဆရာ နန္ဒ တို့နဲ့ တိုင်ပင်လုပ်ဆောင်နေပြီး သူမရဲ့ဘဝမှာ အမှတ်တရ တွေအနေနဲ့လည်း ရှိစေအောင်လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သူမကို ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲက ရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပြီး “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေး မှုတွေ ပိုမိုလာခဲ့တာဖြစ်ပါတယ်။ “နှစ်သိမ့်ဆု”လို့ နာမည်ရတဲ့ သီချင်းကို သူမဟာဇွန်လ ၃ ရက်မှာ အွန်လိုင်းကနေ ပထမဆုံးစတင်ဖြန့်ချိလိုက်ပြီး ဇွန်လ ၁၄ ရက်မှာ “ဝေးသွားမှာစိုး”လို့ နာမည်ရတဲ့ သီချင်းကို မိတ်ဆက်လုပ်ဆောင်ခဲ့ပါတယ်။ “ပိုလည်း ယုံကြည်မှုရှိလာပါတယ်၊ အခွေလေးထဲမှာလည်း သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် မတူအောင် ပရိသတ်တွေ နားထဲစွဲနိုင်မယ့် သီချင်းလေးတွေကို အသစ်တွေပဲ ရေးပြီးတော့ စီစဉ်နေတာဖြစ်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

အဲ့ဒီလို စီစဉ်နေတဲ့အခွေကို Mini Album အနေနဲ့ စီစဉ်နေတာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင်လို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမဟာ အခုချိန်ထိ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် ချစ်ခင်အားပေးမှုတွေ အခိုင်အမာ ရရှိလာသူ ဖြစ်သလို အခုလို COVID ကာလမှာ အလှူအတန်း လုပ်တာတွေကိုလည်း မကြာခဏလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းကေန လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ ျမတ္သူသူဟာ အခုဆိုရင္ ဂီတဘက္ကိုလည္း လုပ္ေဆာင္ေနၿပီး သူမရဲ႕ ဘဝအမွတ္တရေတြကို တစ္စုတစ္စည္း တည္းစုစည္းကာ အေခြအျဖစ္ ထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေန တယ္လို႔ သိရပါတယ္။

“အခုေလာေလာဆယ္မွာ သီခ်င္းငါးပုဒ္ကေတာ့ ရေနၿပီ၊ ပုံစံေလး နည္းနည္းေျပာင္းၿပီး တစ္ပုဒ္ေလာက္ ထပ္ထည့္လိုက္ရင္ ေျခာက္ပုဒ္ေလာက္ေတာ့ ျဖစ္ခ်င္ ျဖစ္သြားမယ္၊ တစ္ပုဒ္စီ ဗားရွင္း ႏွစ္မ်ိဳးနဲ႔ ျပန္ထည့္ဖို႔ေတာ့ စီစဥ္ထားတယ္၊ သီခ်င္း တစ္ပုဒ္စီတိုင္းမွာလည္း တိုးတက္တဲ့ အားေပးမႈေလးေတြ လိုခ်င္မိတယ္”လို႔ သ႐ုပ္ေဆာင္ ျမတ္သူသူက ဆိုပါတယ္။ အဲ့ဒီအေခြနဲ႔ပတ္သက္ၿပီးေတာ့ ဂီတမႉး ႏိုင္ေဇာ္ ေတးေရးဆရာ နႏၵ တို႔နဲ႔ တိုင္ပင္လုပ္ေဆာင္ေနၿပီး သူမရဲ႕ဘဝမွာ အမွတ္တရ ေတြအေနနဲ႔လည္း ရွိေစေအာင္လည္း ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

သူမကို ပရိသတ္ေတြက ဝိညာဥ္ရႈိက္သံ၊ ဝကၤပါစံအိမ္၊ ရတနာထဲက ရတနာ စတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြ ကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာၾကတာျဖစ္ၿပီး “ပ်ားရည္အိုင္” ႐ုပ္သံဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္အားေပး မႈေတြ ပိုမိုလာခဲ့တာျဖစ္ပါတယ္။ “ႏွစ္သိမ့္ဆု”လို႔ နာမည္ရတဲ့ သီခ်င္းကို သူမဟာဇြန္လ ၃ ရက္မွာ အြန္လိုင္းကေန ပထမဆုံးစတင္ျဖန႔္ခ်ိလိုက္ၿပီး ဇြန္လ ၁၄ ရက္မွာ “ေဝးသြားမွာစိုး”လို႔ နာမည္ရတဲ့ သီခ်င္းကို မိတ္ဆက္လုပ္ေဆာင္ခဲ့ပါတယ္။ “ပိုလည္း ယုံၾကည္မႈရွိလာပါတယ္၊ အေခြေလးထဲမွာလည္း သီခ်င္းတစ္ပုဒ္နဲ႔တစ္ပုဒ္ မတူေအာင္ ပရိသတ္ေတြ နားထဲစြဲႏိုင္မယ့္ သီခ်င္းေလးေတြကို အသစ္ေတြပဲ ေရးၿပီးေတာ့ စီစဥ္ေနတာျဖစ္ပါတယ္”လို႔ သူမက ဆက္ေျပာပါတယ္။

အဲ့ဒီလို စီစဥ္ေနတဲ့အေခြကို Mini Album အေနနဲ႔ စီစဥ္ေနတာျဖစ္ၿပီး အေကာင္းဆုံးျဖစ္ေအာင္လို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူမဟာ အခုခ်ိန္ထိ ႐ုပ္သံဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း ပရိသတ္ ခ်စ္ခင္အားေပးမႈေတြ အခိုင္အမာ ရရွိလာသူ ျဖစ္သလို အခုလို COVID ကာလမွာ အလႉအတန္း လုပ္တာေတြကိုလည္း မၾကာခဏလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း