【 အနုပညာ 】ဖျော်ဖြေပွဲတွေလုပ်ခွင့်မရသေးတဲ့အချိန် ပရိသတ်အတွက် အွန်လိုင်းကနေ ဖျော်ဖြေပေးတဲ့သရုပ်ဆောင်၊ တေးသံရှင် ခွန်းဆင့်နေခြည်

【  အနုပညာ  】ဖျော်ဖြေပွဲတွေလုပ်ခွင့်မရသေးတဲ့အချိန် ပရိသတ်အတွက် အွန်လိုင်းကနေ ဖျော်ဖြေပေးတဲ့သရုပ်ဆောင်၊ တေးသံရှင် ခွန်းဆင့်နေခြည်

သရုပ်ဆောင်အဖြစ်သာမက တေးသီချင်းတွေဘက်မှာလည်း ပရိသတ်ရဲ့အသိအမှတ်ပြုခံလာရတဲ့ သရုပ်ဆောင်/ တေးသံရှင် ခွန်းဆင့်နေခြည်ဟာ အခုလိုကာလမှာ ဖျော်ဖြေပွဲတွေ လုပ်ခွင့်မရသေးပေမယ့် သီဆိုထားတဲ့တေးသီချင်းတွေကို အွန်လိုင်းကနေ ထုတ်လွှင့်နေလျက်ရှိတယ်လို့ သိရပါတယ်။

အခုနောက်ဆုံး "ဖုန်းတစ္ဆေ"လို့ နာမည်ရတဲ့သီချင်းကို သီဆိုတင်ဆက်ပေးခဲ့သလို အဲ့ဒီသီချင်းဟာ သူမနဲ့ ရင်းနှီးသူမဟုတ်ဘဲ အပြင်ကနေမသိတဲ့သူတစ်ယောက်က ရေးကာပေးပို့ခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီသီချင်းဟာ အောင်ကိုကို (အေကေ)က ရေးပေးပြီး သူမနဲ့အတူ သရုပ်ဆောင် ခန့်စည်သူတို့က ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်းလည်းဖြစ်သလို အခုရက်ပိုင်းမှာ ပရိသတ်တွေကြည့်ရှုနိုင်အောင် တင်ဆက်ထားခဲ့တယ်လို့ သိရပါတယ်။ “အစ်မမှာလည်း ကိုယ့်ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေတော့ အထိုက်အလျောက်ရှိပါတယ်၊ အဲ့ဒီပရိသတ် တွေအတွက် ဆက်ပြီးတော့ အနုပညာလောကမှာ ရပ်တည်ချင်တယ်၊ ကိုယ်လုပ်နိုင်သလောက်လေး လုပ်ရင်းနဲ့ ပရိသတ်တွေအတွက် အစ်မက ရပ်တည်ပေးမယ်၊ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေရှိသေးတဲ့အတွက် အားပေးပါလို့ပဲ ပြောချင်ပါတယ်”လို့ သရုပ်ဆောင်၊ တေးသံရှင် ခွန်းဆင့်နေခြည်က ရှင်းပြပါတယ်။

သူမဟာ ကာယအလှမယ်ဆု ရှစ်ဆုရခဲ့သူလည်းဖြစ်သလို မြန်မာဗီဒီယိုခေတ်ကောင်းကာလထဲ ဇာတ်လမ်း အများအပြားရိုက်ကူးခဲ့သူလည်းဖြစ်ပြီး လက်ရှိကာလမှာ တေးသီချင်းပိုင်းကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အနုပညာ အလုပ်တွေကိုလုပ်ရင်းနဲ့ ရလာတဲ့ ဝင်ငွေထဲက ၁၀ ရာခိုင်နှုန်းကို မွေးနေ့မှာ အလှူပြုဖို့ အမြဲဖယ်ထားလေ့ရှိသူလည်းဖြစ်သလို အခုဇူလိုင်လပထမပတ်မှာ သူ့မွေးနေ့ဖြစ်ပေမယ့် ဒီနှစ်မှာ COVID လည်း ဖြစ်သွားတာကြောင့် အခမ်းအနားပွဲမျိုးမလုပ်ဘဲ ရောဂါကြောင့် ခွဲစိတ်ဖို့လိုအပ်သူတစ်ဦးအတွက် လှူဒါန်းရင်း ကုသိုလ်ပြုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

မင်းခေတ်လင်း

(ဓာတ်ပုံ-ခွန်းဆင့်နေခြည်)

ရန်ကုန်၊ ဇူလိုင် ၁၂

(  Zawgyi  )

 သ႐ုပ္ေဆာင္အျဖစ္သာမက ေတးသီခ်င္းေတြဘက္မွာလည္း ပရိသတ္ရဲ႕အသိအမွတ္ျပဳခံလာရတဲ့ သ႐ုပ္ေဆာင္/ ေတးသံရွင္ ခြန္းဆင့္ေနျခည္ဟာ အခုလိုကာလမွာ ေဖ်ာ္ေျဖပြဲေတြ လုပ္ခြင့္မရေသးေပမယ့္ သီဆိုထားတဲ့ေတးသီခ်င္းေတြကို အြန္လိုင္းကေန ထုတ္လႊင့္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

အခုေနာက္ဆုံး "ဖုန္းတေစၦ"လို႔ နာမည္ရတဲ့သီခ်င္းကို သီဆိုတင္ဆက္ေပးခဲ့သလို အဲ့ဒီသီခ်င္းဟာ သူမနဲ႔ ရင္းႏွီးသူမဟုတ္ဘဲ အျပင္ကေနမသိတဲ့သူတစ္ေယာက္က ေရးကာေပးပို႔ခဲ့တာျဖစ္ေၾကာင္း၊ အဲ့ဒီသီခ်င္းဟာ ေအာင္ကိုကို (ေအေက)က ေရးေပးၿပီး သူမနဲ႔အတူ သ႐ုပ္ေဆာင္ ခန႔္စည္သူတို႔က ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သီခ်င္းလည္းျဖစ္သလို အခုရက္ပိုင္းမွာ ပရိသတ္ေတြၾကည့္ရႈႏိုင္ေအာင္ တင္ဆက္ထားခဲ့တယ္လို႔ သိရပါတယ္။ “အစ္မမွာလည္း ကိုယ့္ကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြေတာ့ အထိုက္အေလ်ာက္ရွိပါတယ္၊ အဲ့ဒီပရိသတ္ ေတြအတြက္ ဆက္ၿပီးေတာ့ အႏုပညာေလာကမွာ ရပ္တည္ခ်င္တယ္၊ ကိုယ္လုပ္ႏိုင္သေလာက္ေလး လုပ္ရင္းနဲ႔ ပရိသတ္ေတြအတြက္ အစ္မက ရပ္တည္ေပးမယ္၊ ဆက္လက္လုပ္ေဆာင္မယ့္ အစီအစဥ္ေတြရွိေသးတဲ့အတြက္ အားေပးပါလို႔ပဲ ေျပာခ်င္ပါတယ္”လို႔ သ႐ုပ္ေဆာင္၊ ေတးသံရွင္ ခြန္းဆင့္ေနျခည္က ရွင္းျပပါတယ္။

သူမဟာ ကာယအလွမယ္ဆု ရွစ္ဆုရခဲ့သူလည္းျဖစ္သလို ျမန္မာဗီဒီယိုေခတ္ေကာင္းကာလထဲ ဇာတ္လမ္း အမ်ားအျပား႐ိုက္ကူးခဲ့သူလည္းျဖစ္ၿပီး လက္ရွိကာလမွာ ေတးသီခ်င္းပိုင္းကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အႏုပညာ အလုပ္ေတြကိုလုပ္ရင္းနဲ႔ ရလာတဲ့ ဝင္ေငြထဲက ၁၀ ရာခိုင္ႏႈန္းကို ေမြးေန႔မွာ အလႉျပဳဖို႔ အၿမဲဖယ္ထားေလ့ရွိသူလည္းျဖစ္သလို အခုဇူလိုင္လပထမပတ္မွာ သူ႔ေမြးေန႔ျဖစ္ေပမယ့္ ဒီႏွစ္မွာ COVID လည္း ျဖစ္သြားတာေၾကာင့္ အခမ္းအနားပြဲမ်ိဳးမလုပ္ဘဲ ေရာဂါေၾကာင့္ ခြဲစိတ္ဖို႔လိုအပ္သူတစ္ဦးအတြက္ လႉဒါန္းရင္း ကုသိုလ္ျပဳျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ-ခြန္းဆင့္ေနျခည္)

ရန္ကုန္၊ ဇူလိုင္ ၁၂