【 အနုပညာ 】ပရိသတ်ရှေ့မှာ အမြဲမြင်တွေ့နေစေဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် ဝေလာရီ

【  အနုပညာ  】ပရိသတ်ရှေ့မှာ အမြဲမြင်တွေ့နေစေဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် ဝေလာရီ

ရုပ်သံဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သလို ပရိသတ်နှစ်သက်အားပေးမှုတွေ ရလာတဲ့ သရုပ်ဆောင် ဝေလာရီ ဟာ ပရိသတ်တွေအနေနဲ့သူမကိုအမြဲတမ်း မြင်တွေ့နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဒါကြောင့်လည်း သူမကို ကမ်းလှမ်းလာတဲ့ ရိုက်ကူးမှုတိုင်းလိုလို လက်ခံလုပ်ဆောင်ပေးနေပြီး မကြာခဏ ဆိုသလို လူမှုကွန်ရက်ကနေ Live လွှင့်ရင်း ပရိသတ်တွေရဲ့ ရှေ့မှာ အမြဲမြင်တွေ့နိုင်ဖို့ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

 

“ဇာတ်လမ်းတွဲလေးတွေ လွှင့်တဲ့အချိန်လောက်ပဲ ပရိသတ်နဲ့ထိတွေ့ခွင့်ရတာ၊ ဇာတ်လမ်းတွဲ များများရိုက်ဖို့လည်း မျှော်လင့် ထားသလို Pre Production လုပ်ရတာလည်း ကြာတယ်၊ ဇာတ်လမ်းတွဲ တစ်ခု ထွက်လာဖို့က တစ်နှစ်လောက်ကြာတယ်၊ အခုဆိုရင် တီဗွီ ပရိုဂရမ်လေးတွေ၊ အင်တာဗျူးလေးတွေကို ဆက်တိုက်လက်ခံပြီးဖြေနေတယ်၊ ဒါကလည်း ပရိသတ်တွေက အမြဲမြင်တွေ့စေဖို့ပါ၊ အရင်ကဆိုရင် Support လုပ်ပေးမယ့်သူမရှိဘူး၊ အခုတော့ အမြဲတမ်းအားပေးတဲ့ Fan လေးတွေရလာတယ်၊ အနုပညာလှုပ်ရှားမှု လေးတွေလည်း အခုနောက်ပိုင်းအများကြီး လုပ်လာရတယ်၊ ဆက်ပြီးတော့လည်း ကြိုးစား သွားမှာပါ”လို့ သူမက ရှင်းပြပါတယ်။

 

သူမအနေနဲ့ COVID မတိုင်ခင်က ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုရှိသလို ပြည်တွင်းရုပ်သံ လိုင်းတစ်ခုကနေ မကြာခင်မှာ ထုတ်လွှင့်ပြသဖို့ ပြင်ဆင်နေတာတွေရှိသလို နောက်ထပ်ဇာတ်လမ်းတွဲတစ်ခု အတွက်ကိုလည်း ပြင်ဆင်နေပြီး သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အတွက် လေ့ကျင့်မှုတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။ “အဲ့ဒီရိုက်ပြီးတဲ့ ဇာတ်လမ်းတွဲက အပိုင်း ၄၀ လောက်ရှိတယ်၊ မကြာခင်မှာ MRTV 4 ကနေ လာဖို့ရှိပါတယ်၊ နောက်ထပ်လည်း MRTV 4 နဲ့ပဲ ရိုက်ဖို့အတွက် ဝတ္ထုဖတ်နေတယ်၊ ပရိသတ်တွေက ဝေလာရီကို အမြဲမြင်တွေ့နိုင်ဖို့ ကြိုးစားနေတာပါ၊ ရိုက်စရာမရှိရင် ကိုယ့်ကိုယ်ကို မိတ်ကပ်လိမ်းပြီးတော့ Live တင်တာတွေ၊ အိမ်ရှေ့ထွက်ပြီး ဓာတ်ပုံရိုက်တာတွေကို လုပ်ဆောင်နေပါတယ်၊ ဝေလာရီကို အားပေးတဲ့ အမာခံ Fan တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အခွင့်အရေးရရင် ရသလို အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- ဝေလာရီ)

ရန်ကုန်၊ ဇူလိုင် ၂၉

(  Zawgyi  )

 ႐ုပ္သံဇာတ္လမ္းေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ေနသူတစ္ဦးလည္းျဖစ္သလို ပရိသတ္ႏွစ္သက္အားေပးမႈေတြ ရလာတဲ့ သ႐ုပ္ေဆာင္ ေဝလာရီ ဟာ ပရိသတ္ေတြအေနနဲ႔သူမကိုအၿမဲတမ္း ျမင္ေတြ႕ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။
ဒါေၾကာင့္လည္း သူမကို ကမ္းလွမ္းလာတဲ့ ႐ိုက္ကူးမႈတိုင္းလိုလို လက္ခံလုပ္ေဆာင္ေပးေနၿပီး မၾကာခဏ ဆိုသလို လူမႈကြန္ရက္ကေန Live လႊင့္ရင္း ပရိသတ္ေတြရဲ႕ ေရွ႕မွာ အၿမဲျမင္ေတြ႕ႏိုင္ဖို႔ ႀကိဳးပမ္းေနသူလည္း ျဖစ္ပါတယ္။

 “ဇာတ္လမ္းတြဲေလးေတြ လႊင့္တဲ့အခ်ိန္ေလာက္ပဲ ပရိသတ္နဲ႔ထိေတြ႕ခြင့္ရတာ၊ ဇာတ္လမ္းတြဲ မ်ားမ်ား႐ိုက္ဖို႔လည္း ေမွ်ာ္လင့္ ထားသလို Pre Production လုပ္ရတာလည္း ၾကာတယ္၊ ဇာတ္လမ္းတြဲ တစ္ခု ထြက္လာဖို႔က တစ္ႏွစ္ေလာက္ၾကာတယ္၊ အခုဆိုရင္ တီဗြီ ပ႐ိုဂရမ္ေလးေတြ၊ အင္တာဗ်ဴးေလးေတြကို ဆက္တိုက္လက္ခံၿပီးေျဖေနတယ္၊ ဒါကလည္း ပရိသတ္ေတြက အၿမဲျမင္ေတြ႕ေစဖို႔ပါ၊ အရင္ကဆိုရင္ Support လုပ္ေပးမယ့္သူမရွိဘူး၊ အခုေတာ့ အၿမဲတမ္းအားေပးတဲ့ Fan ေလးေတြရလာတယ္၊ အႏုပညာလႈပ္ရွားမႈ ေလးေတြလည္း အခုေနာက္ပိုင္းအမ်ားႀကီး လုပ္လာရတယ္၊ ဆက္ၿပီးေတာ့လည္း ႀကိဳးစား သြားမွာပါ”လို႔ သူမက ရွင္းျပပါတယ္။

သူမအေနနဲ႔ COVID မတိုင္ခင္က ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲတစ္ခုရွိသလို ျပည္တြင္း႐ုပ္သံ လိုင္းတစ္ခုကေန မၾကာခင္မွာ ထုတ္လႊင့္ျပသဖို႔ ျပင္ဆင္ေနတာေတြရွိသလို ေနာက္ထပ္ဇာတ္လမ္းတြဲတစ္ခု အတြက္ကိုလည္း ျပင္ဆင္ေနၿပီး သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္အတြက္ ေလ့က်င့္မႈေတြ လုပ္ေဆာင္တယ္လို႔ သိရပါတယ္။ “အဲ့ဒီ႐ိုက္ၿပီးတဲ့ ဇာတ္လမ္းတြဲက အပိုင္း ၄၀ ေလာက္ရွိတယ္၊ မၾကာခင္မွာ MRTV 4 ကေန လာဖို႔ရွိပါတယ္၊ ေနာက္ထပ္လည္း MRTV 4 နဲ႔ပဲ ႐ိုက္ဖို႔အတြက္ ဝတၳဳဖတ္ေနတယ္၊ ပရိသတ္ေတြက ေဝလာရီကို အၿမဲျမင္ေတြ႕ႏိုင္ဖို႔ ႀကိဳးစားေနတာပါ၊ ႐ိုက္စရာမရွိရင္ ကိုယ့္ကိုယ္ကို မိတ္ကပ္လိမ္းၿပီးေတာ့ Live တင္တာေတြ၊ အိမ္ေရွ႕ထြက္ၿပီး ဓာတ္ပုံ႐ိုက္တာေတြကို လုပ္ေဆာင္ေနပါတယ္၊ ေဝလာရီကို အားေပးတဲ့ အမာခံ Fan ေတြကိုလည္း ေက်းဇူးတင္ပါတယ္၊ အခြင့္အေရးရရင္ ရသလို အႏုပညာအလုပ္ေတြကို ဆက္လုပ္သြားမွာပါ”လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ- ေဝလာရီ)

ရန္ကုန္၊ ဇူလိုင္ ၂၉