【 အနုပညာ 】ပရိသတ်နဲ့ နီးစပ်အောင် ကြိုးစားနေတယ်ဆိုတဲ့ သရုပ်ဆောင် ပက်ထရစ်ရှာ

【  အနုပညာ  】ပရိသတ်နဲ့ နီးစပ်အောင် ကြိုးစားနေတယ်ဆိုတဲ့ သရုပ်ဆောင် ပက်ထရစ်ရှာ

ပရိသတ်နဲ့အလှမ်းဝေးသလို ဖြစ်နေတဲ့ သရုပ်ဆောင် ပက်ထရစ်ရှာဟာ အခုဆိုရင် အွန်လိုင်း အသုံးပြုပြီး ပရိသတ်နဲ့နီးအောင် ပြန်လည် ကြိုးစားနေတယ်လို့ သိရပါတယ်။

“ရှာရှာ မင်းသမီးဖြစ်ပြီး သိပ်မကြာဘူး၊ ဗီဒီယိုလောက ပျက်သွားတယ်၊ အဲ့ဒီတုန်းက ရှာရှာရဲ့ ဖေ့ဘွတ် အကောက်ကိုလည်း ရှာရှာကိုယ်တိုင် ဖျက်ပစ်လိုက်မိတယ်၊ ဒီကြားထဲ သူများတွေ အွန်လိုင်းကနေ တွင်တွင် ကျယ်ကျယ်လုပ်နေပေမယ့် ရှာရှာက မလုပ်ဖြစ်ဘူး၊ အွန်လိုင်းက လုပ်ဆောင်ဖို့လည်း သိပ်စိတ်မဝင်စားတာ ပါတာပေါ့နော်၊ အဲ့ဒါနဲ့ ပရိသတ်ရဲ့ မြင်ကွင်းကနေ ပျောက်နေသလိုဖြစ်နေပါတယ်၊ ပရိသတ်ရဲ့ မြင်ကွင်း ရှေ့ကနေ ပျောက်နေသလိုဖြစ်ပေမယ့် နောက်ကွယ်မှာတော့ ရှာရှာဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ထားတာရှိပါတယ်၊ အခုက မထွက်လာသေးတာပေါ့နော်၊ ပရိသတ်နဲ့ အနေဝေးသလိုဖြစ်တဲ့ အနေအထားကနေ အခု ကတော့ ပရိသတ်နဲ့ နီးစပ်အောင်ကြိုးစားနေတယ်၊ ဖေ့ဘွတ်ကနေ ပရိသတ်နဲ့ စကားတွေပြောမယ်၊ Live လွှင့် တာတွေကိုလည်း ခဏခဏလုပ်မယ်၊ ပရိသတ်နဲ့ နီးစပ်အောင်လုပ်ဆောင်ပါမယ်”လို့ သရုပ်ဆောင် ပက်ထရစ်ရှာက ရှင်းပြပါတယ်။

သူမကို အားပေးတဲ့ပရိသတ်ထဲမှာလည်း သူမနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးကာ အားပေးခဲ့ တာကို သိရှိရတာကြောင့် ကျေနပ်ဝမ်းသာမိသလို ဂုဏ်ယူမိကြောင်း၊ သူမကိုယ်တိုင် လည်း တက်တူး ထိုးတာကို နှစ်သက်သူတစ်ဦးဖြစ်ပေမယ့် လုပ်ကိုင်နေရတဲ့ အလုပ်အနေအထား ပေါ်မူတည်နေတာရယ်၊  အသားနာမှာ ကြောက်တာရယ် အစရှိတဲ့အခြေအနေတွေကြောင့်လည်း သူမကြိုက်တဲ့တက်တူးအရုပ်တွေကို မထိုးဖြစ်ဘူးလို့ သိရပါတယ်။ “တက်တူးကို ရှာရှာလည်း ကြိုက်ပါတယ်၊ ကိုယ်လုပ်နေတဲ့အလုပ်က မင်းသမီးဆိုတော့ ပွဲတက်တာတွေ ဘာတွေမှာ ဝတ်စားတာတွေလုပ်တဲ့အခါ တက်တူးနဲ့အဆင်မပြေတဲ့ပွဲတွေလည်းရှိလာနိုင်သလို ဇာတ်ကောင် ကာရိုက်တာမျိုးပေါ့၊ ဥပမာ ကောင်မလေးရိုးရိုးကြီး ကာရိုက်တာမျိုးဆိုရင် တက်တူးတွေက ပေါ်နေတဲ့အခါ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးလေ၊ နောက်တစ်ခုက ကြော်ငြာတွေ ရိုက်တဲ့ အခါမှာလည်း Skin Care ကြော်ငြာတွေဆိုရင် ဘယ်လိုမှ မဖြစ်တော့ဘူး၊ အဲ့ဒါတွေကြောင့်လည်း ပါပါတယ်၊ ဒါပေမဲ့လေ တက်တူးထိုးတဲ့သူတွေကို အရမ်းလည်းလေးစားပါတယ်၊ အသားအနာ ခံပြီး သတ္တိရှိရှိနဲ့ ထိုးတာ”လို့ သူမက ရှင်းပြပါတယ်။

လက်ရှိမှာလည်း ကြော်ငြာတွေအတွက် လက်ခံထားတာတွေရှိပေမယ့် COVID က ပြန်ဖြစ်လာ တာကြောင့်လည်း အခြေအနေကို စောင့်ကြည့်နေရသေးတဲ့ အနေအထားမျိုးရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

ရန်ကုန်၊ စက်တင်ဘာ ၆

( Zawgyi  )

 

 ပရိသတ္နဲ႔အလွမ္းေဝးသလို ျဖစ္ေနတဲ့ သ႐ုပ္ေဆာင္ ပက္ထရစ္ရွာဟာ အခုဆိုရင္ အြန္လိုင္း အသုံးျပဳၿပီး ပရိသတ္နဲ႔နီးေအာင္ ျပန္လည္ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

“ရွာရွာ မင္းသမီးျဖစ္ၿပီး သိပ္မၾကာဘူး၊ ဗီဒီယိုေလာက ပ်က္သြားတယ္၊ အဲ့ဒီတုန္းက ရွာရွာရဲ႕ ေဖ့ဘြတ္ အေကာက္ကိုလည္း ရွာရွာကိုယ္တိုင္ ဖ်က္ပစ္လိုက္မိတယ္၊ ဒီၾကားထဲ သူမ်ားေတြ အြန္လိုင္းကေန တြင္တြင္ က်ယ္က်ယ္လုပ္ေနေပမယ့္ ရွာရွာက မလုပ္ျဖစ္ဘူး၊ အြန္လိုင္းက လုပ္ေဆာင္ဖို႔လည္း သိပ္စိတ္မဝင္စားတာ ပါတာေပါ့ေနာ္၊ အဲ့ဒါနဲ႔ ပရိသတ္ရဲ႕ ျမင္ကြင္းကေန ေပ်ာက္ေနသလိုျဖစ္ေနပါတယ္၊ ပရိသတ္ရဲ႕ ျမင္ကြင္း ေရွ႕ကေန ေပ်ာက္ေနသလိုျဖစ္ေပမယ့္ ေနာက္ကြယ္မွာေတာ့ ရွာရွာဟာ ႐ုပ္ရွင္ကားႀကီးေတြလည္း ႐ိုက္ထားတာရွိပါတယ္၊ အခုက မထြက္လာေသးတာေပါ့ေနာ္၊ ပရိသတ္နဲ႔ အေနေဝးသလိုျဖစ္တဲ့ အေနအထားကေန အခု ကေတာ့ ပရိသတ္နဲ႔ နီးစပ္ေအာင္ႀကိဳးစားေနတယ္၊ ေဖ့ဘြတ္ကေန ပရိသတ္နဲ႔ စကားေတြေျပာမယ္၊ Live လႊင့္ တာေတြကိုလည္း ခဏခဏလုပ္မယ္၊ ပရိသတ္နဲ႔ နီးစပ္ေအာင္လုပ္ေဆာင္ပါမယ္”လို႔ သ႐ုပ္ေဆာင္ ပက္ထရစ္ရွာက ရွင္းျပပါတယ္။

သူမကို အားေပးတဲ့ပရိသတ္ထဲမွာလည္း သူမနဲ႔ပတ္သက္ၿပီး ခႏၶာကိုယ္ေပၚမွာ တက္တူးထိုးကာ အားေပးခဲ့ တာကို သိရွိရတာေၾကာင့္ ေက်နပ္ဝမ္းသာမိသလို ဂုဏ္ယူမိေၾကာင္း၊ သူမကိုယ္တိုင္ လည္း တက္တူး ထိုးတာကို ႏွစ္သက္သူတစ္ဦးျဖစ္ေပမယ့္ လုပ္ကိုင္ေနရတဲ့ အလုပ္အေနအထား ေပၚမူတည္ေနတာရယ္၊  အသားနာမွာ ေၾကာက္တာရယ္ အစရွိတဲ့အေျခအေနေတြေၾကာင့္လည္း သူမႀကိဳက္တဲ့တက္တူးအ႐ုပ္ေတြကို မထိုးျဖစ္ဘူးလို႔ သိရပါတယ္။ “တက္တူးကို ရွာရွာလည္း ႀကိဳက္ပါတယ္၊ ကိုယ္လုပ္ေနတဲ့အလုပ္က မင္းသမီးဆိုေတာ့ ပြဲတက္တာေတြ ဘာေတြမွာ ဝတ္စားတာေတြလုပ္တဲ့အခါ တက္တူးနဲ႔အဆင္မေျပတဲ့ပြဲေတြလည္းရွိလာႏိုင္သလို ဇာတ္ေကာင္ ကာ႐ိုက္တာမ်ိဳးေပါ့၊ ဥပမာ ေကာင္မေလး႐ိုး႐ိုးႀကီး ကာ႐ိုက္တာမ်ိဳးဆိုရင္ တက္တူးေတြက ေပၚေနတဲ့အခါ ဘယ္လိုမွအဆင္ေျပမွာမဟုတ္ဘူးေလ၊ ေနာက္တစ္ခုက ေၾကာ္ျငာေတြ ႐ိုက္တဲ့ အခါမွာလည္း Skin Care ေၾကာ္ျငာေတြဆိုရင္ ဘယ္လိုမွ မျဖစ္ေတာ့ဘူး၊ အဲ့ဒါေတြေၾကာင့္လည္း ပါပါတယ္၊ ဒါေပမဲ့ေလ တက္တူးထိုးတဲ့သူေတြကို အရမ္းလည္းေလးစားပါတယ္၊ အသားအနာ ခံၿပီး သတၱိရွိရွိနဲ႔ ထိုးတာ”လို႔ သူမက ရွင္းျပပါတယ္။

လက္ရွိမွာလည္း ေၾကာ္ျငာေတြအတြက္ လက္ခံထားတာေတြရွိေပမယ့္ COVID က ျပန္ျဖစ္လာ တာေၾကာင့္လည္း အေျခအေနကို ေစာင့္ၾကည့္ေနရေသးတဲ့ အေနအထားမ်ိဳးရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)

 ရန္ကုန္၊ စက္တင္ဘာ ၆