【 အနုပညာ 】ပရိသတ်တွေအတွက် Rock သီချင်းလေးတွေစီစဉ်နေတဲ့တေးသံရှင် လိမ္မော်သီး

【  အနုပညာ  】ပရိသတ်တွေအတွက် Rock သီချင်းလေးတွေစီစဉ်နေတဲ့တေးသံရှင် လိမ္မော်သီး

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရနေတဲ့ တေးသွရှင် လိမ္မော်သီးဟာ သူ့ကို အားပေး တဲ့ ပရိသတ်တွေ အတွက် Rock သီချင်းအသစ်ကလေးတွေကို စီစဉ်နေတယ်လို့ သိရပါတယ်။

"ဒီနှစ်ထဲမှာလည်း အယ်လ်ဘမ်အတွက် ကြိုးပမ်းနေတာ လေးတွေရှိပါတယ်၊ COVID က ဖြစ်တော့ ကြန့်ကြာ သွားတာတွေ တခြားအခက်အခဲလေးတွေရှိပါတယ်၊ အရင်နဲ့ မတူတဲ့ Rock သီချင်းလေးတွေကို ခံစားရမှာပါ၊ Music တွေကအစ အလန်းဆုံးဖြစ်အောင် ကြိုးပမ်းနေပါ တယ်" လို့ သူမက ရှင်းပြပါတယ်။

သူမဟာ"လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ"၊ "လူမှန်" ၊ "ဒဏ်ရာနှလုံးသား" အစရှိတဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် အခွေတွေ ထွက်ရှိထားပြီး "အသက်ရှင်မယ့်သူ"လို့ နာမည်ရတဲ့ တေးအယ်လ်ဘမ် တစ်ခုကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ ထွက်ရှိခဲ့ပါတယ်။ သူမဟာ သမီးအကြီးဆုံးတစ်ယောက် လည်းဖြစ်သလို ဘဝရဲ့မိသားစုအခက်အခဲတွေကြားကနေ ဒီလိုအခြေအနေရောက်အောင် ကြိုးစားလာခဲ့သူ ဖြစ်ပါတယ်။

"အခုလို COVID ကြောင့်ကြုံရတယ်ဆိုတဲ့ အခက်အခဲက ညီမဘဝမှာ ကြုံရတဲ့အခက်အခဲနဲ့ ယှဉ်ကြည့်ရင် အသေးအဖွဲ လောက်ပဲ ရှိပါတယ်၊ အမေနဲ့အဖေက အဆင်မပြေဘူး အိမ်ထောင် လည်း ကွဲတော့ သုညကနေ ဘဝကို ပြန်စခဲ့ရတာပါ"လို့ သူမက ရှင်းပြပါတယ်။ ဒါကြောင့် အခက်အခဲကြုံတိုင်း စိတ်ပျက်လက်လျှော့ တာမျိုး မလုပ်ဘဲ ကြိုးစားတဲ့အခါ အချိန်အတိုင်း အတာ တစ်ခုမှာ ကြိုးစားမှုရလာဒ်အသီးအပွင့်တွေကို ခံစားရမှာ အသေအချာ ပဲလို့ ဆိုခဲ့ပါတယ်။

တေးဂီတခေါကမှာ အခုလို အခြေအနေ အထိ ရောက်ရှိလာအောင် ၁၁ နှစ်လောက် ကြိုးစား ရုန်းကန် ခဲ့ရတယ်လို့လည်း သိရပါတယ်။"အရာရာကို လွယ်လွယ်အရှုံးမပေးပါနဲ့၊ ကြိုးစား နေတိုင်း အောင်မြင်မှု အသီးအပွင့်တွေက ခံစားခွင့်ရှိလာမှာပါ၊ သွားနေ သလောက်တော့ ခရီး ရောက်မှာ မလွဲမသွေပါပဲ"လို့ သူမက အခက်အခဲကြုံနေသူတွေအတွက် အားပေးစကား ပြောခဲ့ပါ တယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ-ကိုနိုင် NG)

(  Zawgyi  )

 လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရေနတဲ့ ေတးသြရွင္ လိေမၼာ္သီးဟာ သူ႔ကို အားေပး တဲ့ ပရိသတ္ေတြ အတြက္ Rock သီခ်င္းအသစ္ကေလးေတြကို စီစဥ္ေနတယ္လို႔ သိရပါတယ္။

"ဒီႏွစ္ထဲမွာလည္း အယ္လ္ဘမ္အတြက္ ႀကိဳးပမ္းေနတာ ေလးေတြရွိပါတယ္၊ COVID က ျဖစ္ေတာ့ ၾကန႔္ၾကာ သြားတာေတြ တျခားအခက္အခဲေလးေတြရွိပါတယ္၊ အရင္နဲ႔ မတူတဲ့ Rock သီခ်င္းေလးေတြကို ခံစားရမွာပါ၊ Music ေတြကအစ အလန္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းေနပါ တယ္" လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ"လိေမၼာ္သီးရဲ႕ လိေမၼာ္ေရာင္ စိတ္ကူးမ်ား"၊ "လူမွန္" ၊ "ဒဏ္ရာႏွလုံးသား" အစရွိတဲ့ တစ္ကိုယ္ေတာ္ ေတးအယ္လ္ဘမ္ အေခြေတြ ထြက္ရွိထားၿပီး "အသက္ရွင္မယ့္သူ"လို႔ နာမည္ရတဲ့ ေတးအယ္လ္ဘမ္ တစ္ခုကိုလည္း ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလထဲမွာ ထြက္ရွိခဲ့ပါတယ္။ သူမဟာ သမီးအႀကီးဆုံးတစ္ေယာက္ လည္းျဖစ္သလို ဘဝရဲ႕မိသားစုအခက္အခဲေတြၾကားကေန ဒီလိုအေျခအေနေရာက္ေအာင္ ႀကိဳးစားလာခဲ့သူ ျဖစ္ပါတယ္။

"အခုလို COVID ေၾကာင့္ႀကဳံရတယ္ဆိုတဲ့ အခက္အခဲက ညီမဘဝမွာ ႀကဳံရတဲ့အခက္အခဲနဲ႔ ယွဥ္ၾကည့္ရင္ အေသးအဖြဲ ေလာက္ပဲ ရွိပါတယ္၊ အေမနဲ႔အေဖက အဆင္မေျပဘူး အိမ္ေထာင္ လည္း ကြဲေတာ့ သုညကေန ဘဝကို ျပန္စခဲ့ရတာပါ"လို႔ သူမက ရွင္းျပပါတယ္။ ဒါေၾကာင့္ အခက္အခဲႀကဳံတိုင္း စိတ္ပ်က္လက္ေလွ်ာ့ တာမ်ိဳး မလုပ္ဘဲ ႀကိဳးစားတဲ့အခါ အခ်ိန္အတိုင္း အတာ တစ္ခုမွာ ႀကိဳးစားမႈရလာဒ္အသီးအပြင့္ေတြကို ခံစားရမွာ အေသအခ်ာ ပဲလို႔ ဆိုခဲ့ပါတယ္။

ေတးဂီတေခါကမွာ အခုလို အေျခအေန အထိ ေရာက္ရွိလာေအာင္ ၁၁ ႏွစ္ေလာက္ ႀကိဳးစား ႐ုန္းကန္ ခဲ့ရတယ္လို႔လည္း သိရပါတယ္။"အရာရာကို လြယ္လြယ္အရႈံးမေပးပါနဲ႔၊ ႀကိဳးစား ေနတိုင္း ေအာင္ျမင္မႈ အသီးအပြင့္ေတြက ခံစားခြင့္ရွိလာမွာပါ၊ သြားေန သေလာက္ေတာ့ ခရီး ေရာက္မွာ မလြဲမေသြပါပဲ"လို႔ သူမက အခက္အခဲႀကဳံေနသူေတြအတြက္ အားေပးစကား ေျပာခဲ့ပါ တယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ-ကိုႏိုင္ NG)