【 အနုပညာ 】ပရိသတ်တွေကို မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၃၆ သိန်းဖိုး ဖုန်းဘေလ် များလှူဒါန်းဖို့ပြင်ဆင်နေတဲ့သရုပ်ဆောင် စမိုင်းလ်

【  အနုပညာ  】ပရိသတ်တွေကို မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၃၆ သိန်းဖိုး ဖုန်းဘေလ် များလှူဒါန်းဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ဟာ သူမရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၁ ရက်မှာ ငွေကျပ် ၃၆ သိန်းဖိုး ဖုန်းဘေလ်များကို ဖေ့ဘွတ်မှ Live လွှင့်ပြီး ပရိသတ်တွေကို လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သူမရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၁ ရက် တစ်ရက်လုံးမှာ အလှူအတန်းအနေနဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်သလို  ဇွန် ၂၀ရက် ကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွက် ငွေကျပ် ၁၀ သိန်း၊ အမေများအဖွဲ့အတွက် ငွေကျပ် ၁၀ သိန်း၊ မမများအဖွဲ့အတွက် ငွေကျပ် ၁၀ သိန်း၊ စက်မှုအလွှာ အဖွဲ့ အတွက် ငွေကျပ် ၁၀ သိန်း၊ ဇာတ်ပို့ဇာတ်ရံ အလွှာ အဖွဲ့အတွက် ငွေကျပ် ၁၀ သိန်းကျပ်၊ ကိုလူချောအဖွဲ့ အတွက် ငွေကျပ် ၁၀ တို့အပါအဝင် စုစုပေါင်း ငွေကျပ်သိန်း ၆၀ ကို လှူဒါန်းခဲ့ပါတယ်။

“အလှူအတန်းတွေ လုပ်နေပေမယ့် အခုလိုစုပြီးတော့ အများကြီး မလှူဖူးသေးဘူးပေ့ါနော်။ ဒါကြောင့်မှတ်မှတ်ရရလေးဖြစ်အောင် ရုပ်ရှင်လောကသား တွေကိုလည်းကူညီတဲ့အနေနဲ့ တစ်ခါတည်း အများကြီးစုပြီး လှူဖြစ်တာဖြစ်ပါတယ်”လို့ သရုပ်ဆောင် စမိုင်းလ်က ရှင်းပြပါ တယ်။

သူမဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးပိုင်ဆိုင်ထားတဲ့အပြင် ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေပြီး အလှူအတန်းတွေကို ရက်ရက်ရောရော ပြုလုပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီ ရက်ပိုင်းအတွင်းက ခိုင်နှင်းဝေရဲ့ ပရဟိတဂေဟာကို သွားရောက်လှူဒါန်း တာတွေကို လုပ်ဆောင်ခဲ့ပြီး ဆက်လက်ပြီးတော့လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ထံကို လှူဒါန်းတာတွေ၊ အသက်ရှူစက် လှူဒါန်းတာတွေကိုလည်း လုပ်ဆောင်ဖို့ စီစဉ် ထားပါတယ်။ “လောလောဆယ်တော့လေ အရမ်းကို ပီတိဖြစ်လွန်းလို့ ဘာပြောရမှန်းကိုမသိအောင်ဖြစ်မိတယ်”လို့ သူမက ဆက်လက်ပြောကြားပါတယ်။

သူမဟာ ဒေါ်ခင်လေးဆွေရဲ့ မြေးလည်းဖြစ်သလို သမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင် စရာ မိသားစု အဖြစ်နဲ့ ဖြတ်သန်းကာ စီးပွားရေးလုပ်ငန်းတွေကို ခင်ပွန်းဖြစ်သူနဲ့အတူ ရင်ပေါင် တန်းလုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၂၁

( Zawgyi )

 သ႐ုပ္ေဆာင္ စမိုင္းလ္ဟာ သူမရဲ႕ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ဇြန္လ ၂၁ ရက္မွာ ေငြက်ပ္ ၃၆ သိန္းဖိုး ဖုန္းေဘလ္မ်ားကို ေဖ့ဘြတ္မွ Live လႊင့္ၿပီး ပရိသတ္ေတြကို လႉဒါန္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

သူမရဲ႕ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ဇြန္လ ၂၁ ရက္ တစ္ရက္လုံးမွာ အလႉအတန္းအေနနဲ႔ လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတာျဖစ္သလို  ဇြန္ ၂၀ရက္ ကလည္း ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး အတြက္ ေငြက်ပ္ ၁၀ သိန္း၊ အေမမ်ားအဖြဲ႕အတြက္ ေငြက်ပ္ ၁၀ သိန္း၊ မမမ်ားအဖြဲ႕အတြက္ ေငြက်ပ္ ၁၀ သိန္း၊ စက္မႈအလႊာ အဖြဲ႕ အတြက္ ေငြက်ပ္ ၁၀ သိန္း၊ ဇာတ္ပို႔ဇာတ္ရံ အလႊာ အဖြဲ႕အတြက္ ေငြက်ပ္ ၁၀ သိန္းက်ပ္၊ ကိုလူေခ်ာအဖြဲ႕ အတြက္ ေငြက်ပ္ ၁၀ တို႔အပါအဝင္ စုစုေပါင္း ေငြက်ပ္သိန္း ၆၀ ကို လႉဒါန္းခဲ့ပါတယ္။

“အလႉအတန္းေတြ လုပ္ေနေပမယ့္ အခုလိုစုၿပီးေတာ့ အမ်ားႀကီး မလႉဖူးေသးဘူးေပ့ါေနာ္။ ဒါေၾကာင့္မွတ္မွတ္ရရေလးျဖစ္ေအာင္ ႐ုပ္ရွင္ေလာကသား ေတြကိုလည္းကူညီတဲ့အေနနဲ႔ တစ္ခါတည္း အမ်ားႀကီးစုၿပီး လႉျဖစ္တာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ စမိုင္းလ္က ရွင္းျပပါ တယ္။

သူမဟာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြလည္း အမ်ားႀကီးပိုင္ဆိုင္ထားတဲ့အျပင္ ကိုယ္ပိုင္ ႐ုပ္ရွင္ထုတ္လုပ္ေရးကိုလည္း စီစဥ္ေဆာင္႐ြက္ေနၿပီး အလႉအတန္းေတြကို ရက္ရက္ေရာေရာ ျပဳလုပ္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာေသးမီ ရက္ပိုင္းအတြင္းက ခိုင္ႏွင္းေဝရဲ႕ ပရဟိတေဂဟာကို သြားေရာက္လႉဒါန္း တာေတြကို လုပ္ေဆာင္ခဲ့ၿပီး ဆက္လက္ၿပီးေတာ့လည္း ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း ထံကို လႉဒါန္းတာေတြ၊ အသက္ရႉစက္ လႉဒါန္းတာေတြကိုလည္း လုပ္ေဆာင္ဖို႔ စီစဥ္ ထားပါတယ္။ “ေလာေလာဆယ္ေတာ့ေလ အရမ္းကို ပီတိျဖစ္လြန္းလို႔ ဘာေျပာရမွန္းကိုမသိေအာင္ျဖစ္မိတယ္”လို႔ သူမက ဆက္လက္ေျပာၾကားပါတယ္။

သူမဟာ ေဒၚခင္ေလးေဆြရဲ႕ ေျမးလည္းျဖစ္သလို သမီးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္႐ႊင္ စရာ မိသားစု အျဖစ္နဲ႔ ျဖတ္သန္းကာ စီးပြားေရးလုပ္ငန္းေတြကို ခင္ပြန္းျဖစ္သူနဲ႔အတူ ရင္ေပါင္ တန္းလုပ္ကိုင္ေနသူ တစ္ဦးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၂၁