【 အနုပညာ 】ပညာရေးတစ်ဖက်နဲ့ တေးသီချင်းတွေလုပ်ကိုင်နေတဲ့ ဆယ်တန်းကျောင်းသူလေး Fostina Lagang

【  အနုပညာ  】ပညာရေးတစ်ဖက်နဲ့ တေးသီချင်းတွေလုပ်ကိုင်နေတဲ့ ဆယ်တန်းကျောင်းသူလေး Fostina Lagang

ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ Fostina Lagang ဟာ အခုဆိုရင် သူဝါသနာပါတဲ့ Music အလုပ်တွေကို ပညာရေးတစ်ဖက်နဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။“အခုက ၁၀ တန်းတက်နေတာပါ၊ ပညာရေးကိုတော့ ပြီးဆုံးအောင်ဆက်လက်သင်ယူသွားမှာပါ၊ ဒီဘက်ပိုင်းမှာလည်း ကိုယ်ဝါသနာပါတဲ့ Music အလုပ်တွေကို ဆက်တိုက်လုပ်သွားမယ်၊ အားတဲ့အချိန်လေးတွေမှာ သီချင်းရေး ဖြစ်တယ်၊ ရေးလက်စ တွေလည်း အများကြီးတော့ရှိတယ်၊ သီချင်းရေးတာက Mode ပါမှ ရေးလို့အဆင်ပြေတာလေ၊ ရေးရင်းနဲ့ Mode ပျောက်လို့ တစ်ပိုင်းတစ်စထားတဲ့ ဟာတွေလည်းအများကြီးတော့ ရှိပါတယ်၊ ဝါသနာပါတဲ့ ဒီ Music အလုပ်ကို လုပ်ရင်း နေရာတစ်ခု ရဖို့တော့ ကြိုးစားသွားမှာပါ”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ လက်ရှိမှာ လူမှုကွန်ရက်တွေ ပေါ်ကနေ live လွှင့်ရင်း လူသိများလာသူတစ်ဦးလည်းဖြစ်သလို ကချင်ပြည်နယ်ရဲ့ သဘာဝ အလှအပ တွေကို နောက်ခံထားပြီး သီချင်းချိုချိုလေးတွေ အွန်လိုင်းကနေတစ်ဆင့် သီဆိုရင်း အားပေးသူတွေများလာခဲ့ပါတယ်။ သူမဟာ မြစ်ကြီးနားမြို့မှာနေထိုင်ပေမယ့် မန္တလေးမှာ ကျောင်းတက်နေသူလည်းဖြစ်သလို COVID 19 ကပ်ရောဂါကြောင့် ကျောင်းပိတ် ချိန် မြစ်ကြီးနားကို ခဏပြန်ရင်း အစ်မဖြစ်သူရဲ့ အကူအညီနဲ့ သီချင်းတွေကို Live လွှင့်ရာကနေ လူသိများ လာခဲ့သူလည်း ဖြစ်ပါတယ်။“အခု အသက်က ၁၇ နှစ်ကျော်ပါပြီ၊ ပထမတော့ အပျော်ဆိုရင်းပြုရင်းနဲ့ အစ်မက ရိုက်ပေးတာနဲ့ တင်ဖြစ်တာပါ၊ နောက်တော့ အားပေးတဲ့ သူတွေက တဖြေးဖြေးများလာပြီး နောက်ထပ်လုပ်ဖို့ခွန်အားတွေဖြစ်စေခဲ့ပါတယ်။

သီချင်း ရေးတာတော့ အသက် ၁၅ နှစ်လောက်မှာ စပြီးရေးတာဖြစ်ပါတယ်၊ အခုက ၁၂ တန်း ပညာရေးစနစ်ဆိုတော့ ကျောင်းပညာရေး ကို ပြီးဆုံးအောင် ဆက်တက်မယ်၊ စီးပွားရေးအတွက် စားသောက်ဆိုင်လေးဖွင့်မယ်၊ ကချင်ရိုးရာနဲ့ပတ်သက်ပြီးတော့ လုပ်ချင်တာတွေ ရှိတယ်၊  အခုလို ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကို လုပ်သွားမယ်” လို့ သူမက ရှင်းပြပါတယ်။ သူမဟာ ဂစ်တာလည်း တီးခတ်တတ်သူ ဖြစ်သလို အချို့သော Cover Songs တေးသီချင်းတွေကို သူနဲ့လိုက်ဖက်အောင် သီဆိုရင်း ဗားရှင်းပြောင်းဆိုသလိုဖြစ်ခဲ့ကာ အားပေးသူ များပြားခဲ့ကြောင်း၊ သူမမှာ ရေးပြီးသား တေးသီချင်းအသစ် သုံးပုဒ်ရှိပေမယ့် ရေးလက်စနဲ့ mode မဝင်တာကြောင့် ပစ်ထားရတဲ့ သီချင်းတွေလည်း အများကြီး ရှိတယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း တေးသီချင်းတွေကို လုပ်ဆောင်တဲ့အခါ ကိုယ်တိုင် ခံစားပြီး Mode အပြည့်ဖြင့်သာ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- Fostina)

(  Zawgyi  )

 ကခ်င္တိုင္းရင္းသူေလးတစ္ဦးျဖစ္တဲ့ Fostina Lagang ဟာ အခုဆိုရင္ သူဝါသနာပါတဲ့ Music အလုပ္ေတြကို ပညာေရးတစ္ဖက္နဲ႔ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။“အခုက ၁၀ တန္းတက္ေနတာပါ၊ ပညာေရးကိုေတာ့ ၿပီးဆုံးေအာင္ဆက္လက္သင္ယူသြားမွာပါ၊ ဒီဘက္ပိုင္းမွာလည္း ကိုယ္ဝါသနာပါတဲ့ Music အလုပ္ေတြကို ဆက္တိုက္လုပ္သြားမယ္၊ အားတဲ့အခ်ိန္ေလးေတြမွာ သီခ်င္းေရး ျဖစ္တယ္၊ ေရးလက္စ ေတြလည္း အမ်ားႀကီးေတာ့ရွိတယ္၊ သီခ်င္းေရးတာက Mode ပါမွ ေရးလို႔အဆင္ေျပတာေလ၊ ေရးရင္းနဲ႔ Mode ေပ်ာက္လို႔ တစ္ပိုင္းတစ္စထားတဲ့ ဟာေတြလည္းအမ်ားႀကီးေတာ့ ရွိပါတယ္၊ ဝါသနာပါတဲ့ ဒီ Music အလုပ္ကို လုပ္ရင္း ေနရာတစ္ခု ရဖို႔ေတာ့ ႀကိဳးစားသြားမွာပါ”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ လက္ရွိမွာ လူမႈကြန္ရက္ေတြ ေပၚကေန live လႊင့္ရင္း လူသိမ်ားလာသူတစ္ဦးလည္းျဖစ္သလို ကခ်င္ျပည္နယ္ရဲ႕ သဘာဝ အလွအပ ေတြကို ေနာက္ခံထားၿပီး သီခ်င္းခ်ိဳခ်ိဳေလးေတြ အြန္လိုင္းကေနတစ္ဆင့္ သီဆိုရင္း အားေပးသူေတြမ်ားလာခဲ့ပါတယ္။ သူမဟာ ျမစ္ႀကီးနားၿမိဳ႕မွာေနထိုင္ေပမယ့္ မႏၲေလးမွာ ေက်ာင္းတက္ေနသူလည္းျဖစ္သလို COVID 19 ကပ္ေရာဂါေၾကာင့္ ေက်ာင္းပိတ္ ခ်ိန္ ျမစ္ႀကီးနားကို ခဏျပန္ရင္း အစ္မျဖစ္သူရဲ႕ အကူအညီနဲ႔ သီခ်င္းေတြကို Live လႊင့္ရာကေန လူသိမ်ား လာခဲ့သူလည္း ျဖစ္ပါတယ္။“အခု အသက္က ၁၇ ႏွစ္ေက်ာ္ပါၿပီ၊ ပထမေတာ့ အေပ်ာ္ဆိုရင္းျပဳရင္းနဲ႔ အစ္မက ႐ိုက္ေပးတာနဲ႔ တင္ျဖစ္တာပါ၊ ေနာက္ေတာ့ အားေပးတဲ့ သူေတြက တေျဖးေျဖးမ်ားလာၿပီး ေနာက္ထပ္လုပ္ဖို႔ခြန္အားေတြျဖစ္ေစခဲ့ပါတယ္။

သီခ်င္း ေရးတာေတာ့ အသက္ ၁၅ ႏွစ္ေလာက္မွာ စၿပီးေရးတာျဖစ္ပါတယ္၊ အခုက ၁၂ တန္း ပညာေရးစနစ္ဆိုေတာ့ ေက်ာင္းပညာေရး ကို ၿပီးဆုံးေအာင္ ဆက္တက္မယ္၊ စီးပြားေရးအတြက္ စားေသာက္ဆိုင္ေလးဖြင့္မယ္၊ ကခ်င္႐ိုးရာနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ခ်င္တာေတြ ရွိတယ္၊  အခုလို ကိုယ္ဝါသနာပါတဲ့ သီခ်င္းေတြကို လုပ္သြားမယ္” လို႔ သူမက ရွင္းျပပါတယ္။ သူမဟာ ဂစ္တာလည္း တီးခတ္တတ္သူ ျဖစ္သလို အခ်ိဳ႕ေသာ Cover Songs ေတးသီခ်င္းေတြကို သူနဲ႔လိုက္ဖက္ေအာင္ သီဆိုရင္း ဗားရွင္းေျပာင္းဆိုသလိုျဖစ္ခဲ့ကာ အားေပးသူ မ်ားျပားခဲ့ေၾကာင္း၊ သူမမွာ ေရးၿပီးသား ေတးသီခ်င္းအသစ္ သုံးပုဒ္ရွိေပမယ့္ ေရးလက္စနဲ႔ mode မဝင္တာေၾကာင့္ ပစ္ထားရတဲ့ သီခ်င္းေတြလည္း အမ်ားႀကီး ရွိတယ္လို႔ သိရပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ေတးသီခ်င္းေတြကို လုပ္ေဆာင္တဲ့အခါ ကိုယ္တိုင္ ခံစားၿပီး Mode အျပည့္ျဖင့္သာ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- Fostina)