【 အနုပညာ 】တေးသီချင်းများစွာနဲ့ဖျော်ဖြေနိုင်ဖို့ ကြိုးပမ်းနေတဲ့ သရုပ်ဆောင် ဇွဲလရောင်

【  အနုပညာ  】တေးသီချင်းများစွာနဲ့ဖျော်ဖြေနိုင်ဖို့ ကြိုးပမ်းနေတဲ့ သရုပ်ဆောင် ဇွဲလရောင်

Music ဗီဒီယိုများစွာကို လက်ခံရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ရိုက်ကူးနေရတဲ့ သရုပ်ဆောင် ဇွဲလရောင် ဟာ သူချစ်တဲ့ပရိသတ်ကို တေးသီချင်းများစွာနဲ့ဖျော်ဖြေနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“အခုကာလက အခြေအနေကလည်း အားလုံးသိတဲ့အတိုင်းပဲလေ၊ ဒီလိုအချိန်မှာက ရိုက်ကူးရေးလုပ်ဖို့ကအဆင်မပြေ တဲ့အခါကျတော့ ဘာလုပ်မလဲ ကိုယ်တွေကလည်း အနုပညာဗီဇလေးတွေရှိတယ်၊ ပရိသတ်အတွက်လည်း ဘာလုပ်ပေးရင် ကောင်းမလဲလို့ စဉ်းစားဖြစ်ရင်းနဲ့ကနေ အခုလို သီချင်းတွေလုပ်နေတာပါ၊ ဒါတွေကလည်း ပရိသတ်အတွက်ပါပဲ”လို့ သရုပ်ဆောင် ဇွဲလရောင်က ရှင်းပြပါတယ်။ သူဟာ သရုပ်ဆောင် စွမ်းဇာနည်ရဲ့ ပံ့ပိုးကူညီမှုနဲ့ အနုပညာလမ်းကြောင်း ပေါ်ကို ရောက်လာကာ လူသိများလာသူလည်းဖြစ်ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေ အားလပ်ချိန်မှာ ပရဟိတလုပ်ငန်းတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်ကိုင်နေလျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို မအောင်မြင်ခင် လူသိမများခင်ကတည်းက ကိုစွမ်းက စင်ပေါ်တင်ပေးပြီး သီချင်းဆိုခွင့်ပေးခဲ့တယ်။ ကျွန်တော့်ဘဝအတွက် ကျေးဇူးရှင်ပါ။ အရင်ကဆိုရင် ပွဲတွေရှိတိုင်း သွားဆိုဖြစ်ရင်း ကျွန်တော်တို့ ညီအစ်ကိုတွေ ဆုံဖြစ်ကြတယ်၊ အခုကျတော့ ပွဲမရှိတော့ အရင်လိုတော့ မဆုံဖြစ်ပေမယ့် သူကျန်းမာရေးမကောင်းတာမျိုးဆိုရင် ကျွန်တော်တို့က အနားမှာရှိနေပေးကြတယ်၊ အခုလို COVID ကြီးပြီးသွားရင် ကျွန်တော်တို့ ညီအစ်ကိုတွေ အတူ စင်ပေါ်မှာ ပြန်လည်ဆုံကြရင်း ပရိသတ်အတွက် အကောင်းဆုံးဖျော်ဖြေနိုင်ဖို့ ပြင်ဆင်ထားတယ်၊ သူ့ကိုလည်း အားမငယ်အောင် အားပေးရပါတယ်၊ သူက မိဘ ညီအကိုမောင်နှမ ဆွေမျိုးသားချင်း နည်းတယ်လေ၊ ကျွန်တော်တို့အတူ ဆုံကြပြီး ပရိသတ် အတွက် ဖျော်ဖြေတာတွေနဲ့အတူ အနုပညာအလုပ်တွေကို အကောင်းဆုံးဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ပြင်ဆင်ထားပါတယ်”လို့ သရုပ်ဆောင် ဇွဲလရောင်က ရှင်းပြပါတယ်။

အခုလို COVID ရိုက်ခတ်မှုကြောင့် ဖျော်ဖြေဖို့စီစဉ်ကာလက်ခံထားရတဲ့ နယ်ပွဲတွေအများအပြားကိုလည်း ဖျက်သိမ်းလိုက်ရသလို Music Video တွေအတွက်လည်း ရိုက်ကူးမှုတွေကို ယာယီရပ်ဆိုင်းထားရတဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ဇွဲလရောင်)

ရန်ကုန်၊ အောက်တိုဘာ ၉

 

(  Zawgyi  )

 

 Music ဗီဒီယိုမ်ားစြာကို လက္ခံ႐ိုက္ကူးေနရသလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္႐ိုက္ကူးေနရတဲ့ သ႐ုပ္ေဆာင္ ဇြဲလေရာင္ ဟာ သူခ်စ္တဲ့ပရိသတ္ကို ေတးသီခ်င္းမ်ားစြာနဲ႔ေဖ်ာ္ေျဖႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

“အခုကာလက အေျခအေနကလည္း အားလုံးသိတဲ့အတိုင္းပဲေလ၊ ဒီလိုအခ်ိန္မွာက ႐ိုက္ကူးေရးလုပ္ဖို႔ကအဆင္မေျပ တဲ့အခါက်ေတာ့ ဘာလုပ္မလဲ ကိုယ္ေတြကလည္း အႏုပညာဗီဇေလးေတြရွိတယ္၊ ပရိသတ္အတြက္လည္း ဘာလုပ္ေပးရင္ ေကာင္းမလဲလို႔ စဥ္းစားျဖစ္ရင္းနဲ႔ကေန အခုလို သီခ်င္းေတြလုပ္ေနတာပါ၊ ဒါေတြကလည္း ပရိသတ္အတြက္ပါပဲ”လို႔ သ႐ုပ္ေဆာင္ ဇြဲလေရာင္က ရွင္းျပပါတယ္။ သူဟာ သ႐ုပ္ေဆာင္ စြမ္းဇာနည္ရဲ႕ ပံ့ပိုးကူညီမႈနဲ႔ အႏုပညာလမ္းေၾကာင္း ေပၚကို ေရာက္လာကာ လူသိမ်ားလာသူလည္းျဖစ္ၿပီး လက္ရွိမွာလည္း အႏုပညာအလုပ္ေတြ အားလပ္ခ်ိန္မွာ ပရဟိတလုပ္ငန္းေတြကို နာေရးကူညီမႈအသင္း(ရန္ကုန္)မွာ လုပ္ကိုင္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္ကို မေအာင္ျမင္ခင္ လူသိမမ်ားခင္ကတည္းက ကိုစြမ္းက စင္ေပၚတင္ေပးၿပီး သီခ်င္းဆိုခြင့္ေပးခဲ့တယ္။ ကြၽန္ေတာ့္ဘဝအတြက္ ေက်းဇူးရွင္ပါ။ အရင္ကဆိုရင္ ပြဲေတြရွိတိုင္း သြားဆိုျဖစ္ရင္း ကြၽန္ေတာ္တို႔ ညီအစ္ကိုေတြ ဆုံျဖစ္ၾကတယ္၊ အခုက်ေတာ့ ပြဲမရွိေတာ့ အရင္လိုေတာ့ မဆုံျဖစ္ေပမယ့္ သူက်န္းမာေရးမေကာင္းတာမ်ိဳးဆိုရင္ ကြၽန္ေတာ္တို႔က အနားမွာရွိေနေပးၾကတယ္၊ အခုလို COVID ႀကီးၿပီးသြားရင္ ကြၽန္ေတာ္တို႔ ညီအစ္ကိုေတြ အတူ စင္ေပၚမွာ ျပန္လည္ဆုံၾကရင္း ပရိသတ္အတြက္ အေကာင္းဆုံးေဖ်ာ္ေျဖႏိုင္ဖို႔ ျပင္ဆင္ထားတယ္၊ သူ႔ကိုလည္း အားမငယ္ေအာင္ အားေပးရပါတယ္၊ သူက မိဘ ညီအကိုေမာင္ႏွမ ေဆြမ်ိဳးသားခ်င္း နည္းတယ္ေလ၊ ကြၽန္ေတာ္တို႔အတူ ဆုံၾကၿပီး ပရိသတ္ အတြက္ ေဖ်ာ္ေျဖတာေတြနဲ႔အတူ အႏုပညာအလုပ္ေတြကို အေကာင္းဆုံးဆက္လက္လုပ္ေဆာင္သြားႏိုင္ဖို႔ ျပင္ဆင္ထားပါတယ္”လို႔ သ႐ုပ္ေဆာင္ ဇြဲလေရာင္က ရွင္းျပပါတယ္။

အခုလို COVID ႐ိုက္ခတ္မႈေၾကာင့္ ေဖ်ာ္ေျဖဖို႔စီစဥ္ကာလက္ခံထားရတဲ့ နယ္ပြဲေတြအမ်ားအျပားကိုလည္း ဖ်က္သိမ္းလိုက္ရသလို Music Video ေတြအတြက္လည္း ႐ိုက္ကူးမႈေတြကို ယာယီရပ္ဆိုင္းထားရတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ဇြဲလေရာင္)

ရန္ကုန္၊ ေအာက္တိုဘာ ၉