【 အနုပညာ 】ဇာတ်လမ်းတိုလေးတွေ ရိုက်ဖို့ပြင်ဆင်နေတဲ့ သရုပ်ဆောင် မင်းခန့်ကို နဲ့ မင်းခန့်ညီ

【  အနုပညာ  】ဇာတ်လမ်းတိုလေးတွေ ရိုက်ဖို့ပြင်ဆင်နေတဲ့ သရုပ်ဆောင် မင်းခန့်ကို နဲ့ မင်းခန့်ညီ

ရုပ်ရှင်နဲ့ဗီဒီယိုတွေထဲ ပါဝင်သရုပ်ဆောင်ခဲ့သလို ကြော်ငြာတွေလည်း ရိုက်ကူးခဲ့ရတဲ့ သရုပ်ဆောင် မင်းခန့်ကို နဲ့ မင်းခန့်ညီ တို့ဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတိုလေးတွေရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကြော်ငြာတွေကအနေနဲ့ ဇာတ်လမ်းလို လုပ်ဖို့ ကမ်းလှမ်းထားတာရှိတယ်၊ ဆက်ပြီးတော့လည်း ဇာတ်လမ်းတိုလေးတွေတော့ လုပ်ဖို့ရှိမယ်၊ COVID မဖြစ်ခင်က ကမ်းလှမ်းထားတဲ့ဟာတွေ သဘောတူ လက်ခံထားတဲ့ဟာတွေကို COVID အပြီး ရိုက်ကူးခွင့်တွေပြန်ပြီးတော့ ခွင့်ပြုတဲ့အခါ စတင်ရိုက်ကူး သရုပ်ဆောင်သွားမှာပါ၊ အများအားဖြင့်ကိုတော့ ကျွန်တော်တို့ အတူတူသရုပ်ဆောင်ကြမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် မင်းခန့်ကိုက ပြောပါတယ်။ အခုလိုကာလမှာ ရိုက်ကူးရေးလုပ်ဆောင်ဖို့ အဆင်မပြေတဲ့အချိန်မျိုး ဖြစ်ပေမယ့် လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို ဖျော်ဖြေတာတွေလုပ်ဆောင်နေပြီး ပရိသတ်အားပေးမှု များတဲ့ အခြေအနေပေါ်မူတည်ကာ ကာရိုက်တာပိုင်းကို ပြင်ဆင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

 “ဒီလိုအချိန်မှာ ရိုက်ကူးရေးလုပ်ဖို့ အဆင်မပြေတဲ့အချိန်မျိုးဖြစ်ပေမယ့် ဖေ့ဘွတ်ကပဲ လုပ်ပြရတယ်လေ၊ ပရိသတ်ကို ကျွန်တော်တို့ရဲ့ အရည်အချင်းပြသတာပေါ့၊ ကိုယ်ဘာလုပ်ပြနိုင်မလဲ ဟာသလုပ်နိုင်မလား၊ ဒရမ်မာ လုပ်ပြနိုင်မလား ဆိုတာ ကာရိုက်တာအကုန်တော့ လုပ်ပြတယ်၊ ပရိသတ်ကြိုက်တဲ့ဟာကို ကျွန်တော်တို့ လုပ်သွားမှာ၊ ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ကို အားပေးကြပါ၊ အခုလိုကာလမှာလည်း ကျန်းမာရေးကို ဂရုစိုက်ပြီးနေထိုင်ကြပါ၊ COVID က မပြီးပြတ်သေးတဲ့အတွက် အစစအရာရာဂရုစိုက်ကြပါ”လို့ သရုပ်ဆောင် မင်းခန့်ညီက ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ဗီဒီယိုခေတ်ကတည်းက ပါဝင်ရိုက်ကူးခဲ့ရသူတွေလည်းဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး တစ်ချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ ပိုစတာဓာတ်ပုံတွေအတွက် ရိုက်ကူးနေကြသလို ကြော်ငြာတွေမှာလည်း ဇာတ်လမ်းလေးလို လုပ်ဆောင် လာတာတွေရှိတာကြောင့် လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ပရိသတ်တွေ အနေနဲ့ သူတို့ရဲ့အနုပညာအရည်အသွေးကို အားပေးကြည့်ရှုရင်း အကြံပြုချက်တွေကိုလည်း လက်ခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတယ်လို့ ဆက်လက်သိရှိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၁၇

(  Zawgyi  )

 ႐ုပ္ရွင္နဲ႔ဗီဒီယိုေတြထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို ေၾကာ္ျငာေတြလည္း ႐ိုက္ကူးခဲ့ရတဲ့ သ႐ုပ္ေဆာင္ မင္းခန႔္ကို နဲ႔ မင္းခန႔္ညီ တို႔ဟာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ဇာတ္လမ္းတိုေလးေတြ႐ိုက္ကူးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

“ေၾကာ္ျငာေတြကအေနနဲ႔ ဇာတ္လမ္းလို လုပ္ဖို႔ ကမ္းလွမ္းထားတာရွိတယ္၊ ဆက္ၿပီးေတာ့လည္း ဇာတ္လမ္းတိုေလးေတြေတာ့ လုပ္ဖို႔ရွိမယ္၊ COVID မျဖစ္ခင္က ကမ္းလွမ္းထားတဲ့ဟာေတြ သေဘာတူ လက္ခံထားတဲ့ဟာေတြကို COVID အၿပီး ႐ိုက္ကူးခြင့္ေတြျပန္ၿပီးေတာ့ ခြင့္ျပဳတဲ့အခါ စတင္႐ိုက္ကူး သ႐ုပ္ေဆာင္သြားမွာပါ၊ အမ်ားအားျဖင့္ကိုေတာ့ ကြၽန္ေတာ္တို႔ အတူတူသ႐ုပ္ေဆာင္ၾကမွာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ မင္းခန႔္ကိုက ေျပာပါတယ္။ အခုလိုကာလမွာ ႐ိုက္ကူးေရးလုပ္ေဆာင္ဖို႔ အဆင္မေျပတဲ့အခ်ိန္မ်ိဳး ျဖစ္ေပမယ့္ လူမႈကြန္ရက္ေပၚကေန ပရိသတ္ေတြကို ေဖ်ာ္ေျဖတာေတြလုပ္ေဆာင္ေနၿပီး ပရိသတ္အားေပးမႈ မ်ားတဲ့ အေျခအေနေပၚမူတည္ကာ ကာ႐ိုက္တာပိုင္းကို ျပင္ဆင္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

 “ဒီလိုအခ်ိန္မွာ ႐ိုက္ကူးေရးလုပ္ဖို႔ အဆင္မေျပတဲ့အခ်ိန္မ်ိဳးျဖစ္ေပမယ့္ ေဖ့ဘြတ္ကပဲ လုပ္ျပရတယ္ေလ၊ ပရိသတ္ကို ကြၽန္ေတာ္တို႔ရဲ႕ အရည္အခ်င္းျပသတာေပါ့၊ ကိုယ္ဘာလုပ္ျပႏိုင္မလဲ ဟာသလုပ္ႏိုင္မလား၊ ဒရမ္မာ လုပ္ျပႏိုင္မလား ဆိုတာ ကာ႐ိုက္တာအကုန္ေတာ့ လုပ္ျပတယ္၊ ပရိသတ္ႀကိဳက္တဲ့ဟာကို ကြၽန္ေတာ္တို႔ လုပ္သြားမွာ၊ ပရိသတ္ေတြအေနနဲ႔ ကြၽန္ေတာ္တို႔ကို အားေပးၾကပါ၊ အခုလိုကာလမွာလည္း က်န္းမာေရးကို ဂ႐ုစိုက္ၿပီးေနထိုင္ၾကပါ၊ COVID က မၿပီးျပတ္ေသးတဲ့အတြက္ အစစအရာရာဂ႐ုစိုက္ၾကပါ”လို႔ သ႐ုပ္ေဆာင္ မင္းခန႔္ညီက ေျပာပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ဗီဒီယိုေခတ္ကတည္းက ပါဝင္႐ိုက္ကူးခဲ့ရသူေတြလည္းျဖစ္သလို ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ခ်ိဳ႕မွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူေတြလည္း ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ ေၾကာ္ျငာေတြနဲ႔ ပိုစတာဓာတ္ပုံေတြအတြက္ ႐ိုက္ကူးေနၾကသလို ေၾကာ္ျငာေတြမွာလည္း ဇာတ္လမ္းေလးလို လုပ္ေဆာင္ လာတာေတြရွိတာေၾကာင့္ လိုအပ္တဲ့ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။ ပရိသတ္ေတြ အေနနဲ႔ သူတို႔ရဲ႕အႏုပညာအရည္အေသြးကို အားေပးၾကည့္ရႈရင္း အႀကံျပဳခ်က္ေတြကိုလည္း လက္ခံကာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနၾကတယ္လို႔ ဆက္လက္သိရွိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၁၇