【 အနုပညာ 】ဂီတသာမက သရုပ်ဆောင်ဘက်တွင်လည်း ကြိုးစားနေတဲ့ တေးသံရှင် ဟိန်းမင်းသူ

【  အနုပညာ  】ဂီတသာမက သရုပ်ဆောင်ဘက်တွင်လည်း ကြိုးစားနေတဲ့ တေးသံရှင် ဟိန်းမင်းသူ

ပရိသတ်တွေအနေနဲ့ တေးသံရှင်တစ်ယောက်အဖြစ် သိရှိလာခဲ့တဲ့ တေးသံရှင်ဟိန်းမင်းသူဟာ အခုဆိုရင် သရုပ်ဆောင်ဘက်မှာလည်း နေရာတစ်ခုရနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

သူဟာ လက်ရှိမှာ Silent ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိထားပြီး အခုလို COVID ကာလမှာ သူ့ရဲ့ ကိုယ်ပိုင်ရေး ကိုယ်ပိုင်ဆို တေးသီချင်း အသစ်တွေကိုလည်း လူမှုကွန်ရက်တွေပေါ်ကနေ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ “ကျွန်တော်က သရုပ်ဆောင် ဘက်မှာလည်း ဝါသနာပါပါတယ်၊ ဒါကြောင့်လည်း တစ်ထောင့်တစ်နေရာရဖို့ ကြိုးစားနေပါတယ်၊ အဲ့လိုလုပ်လို့ ဂီတဘက်မှာလုပ်နေတာ လျော့သွားမှာတော့ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ Owne သီချင်းကောင်းလေးတွေကို ပရိသတ်တွေအတွက် လုပ်သွားဦးမှာပါ၊ လက်ထဲမှာ လုပ်ထားပြီးသား သီချင်းလေးတွေလည်း လူမှုကွန်ရက်တွေကနေ မိတ်ဆက်ထုတ်လွှင့်တာမျိုး လုပ်ဆောင်သွားမှာပါ”လို့ တေးသံရှင် ဟိန်းမင်းသူက ရှင်းပြပါတယ်။

ဒါ့အပြင် အခုလတ်တလောမှာလည်း သူဟာ မြန်မာနိုင်ငံရဲ့ Top Ten စာရင်းဝင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးရဲ့သမီးနဲ့ ချစ်သူဖြစ် နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ရှင်းလင်းတာတွေကို လုပ်ဆောင် နေရတယ်လို့ သိရပါတယ်။ “ကျွန်တော် ခံယူထားတဲ့ အချစ်က အကြောင်းပြချက်မရှိဘူး။ ကျွန်တော် ရိုးသားတဲ့ အချစ်ပဲ ဖြစ်ချင်တယ်။ အကြောင်းပြချက် တစ်ခုရှိလို့ ဖြစ်လာတဲ့ အချစ် မျိုးကို သဘောမကျဘူး။ အဲ့ဒီလို အကြောင်းပြချက် တစ်ခုကြောင့် ချစ်တာဆိုရင် သူ့မှာ အဲဒီအကြောင်းအရာတစ်ခု မရှိတော့တဲ့ အချိန်မှာ သူနဲ့ ကျွန်တော် ဇာတ်လမ်းက ပြတ်သွားမှာလေ။ အချစ်နဲ့ပတ်သက်လာရင် အခုချိန်မှာ အချစ်ရယ်၊ နားလည်မှုရယ်၊ သစ္စာတရားရယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်”လို့ သူကပြောပြပါတယ်။

သူဟာ အသက် ၂၃ နှစ်ရှိတဲ့ မျိုးဆက်သစ်အနုပညာရှင် လူငယ်တစ်ဦးလည်း ဖြစ်သလို သူ့အနေနဲ့ ဆက်လက်ပြီးလည်း တေးသီချင်းသစ် တွေကို ဖန်တီးလုပ်ဆောင်တာတွေအပြင် Music Video တွေထဲမှာလည်း သရုပ်ဆောင်ရင်း ရိုက်ကူးဖို့ ပြင်ဆင်ထားတာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း (ဓာတ်ပုံ- ဟိန်းမင်းသူ)

(  Zawgyi  )

 ပရိသတ္ေတြအေနနဲ႔ ေတးသံရွင္တစ္ေယာက္အျဖစ္ သိရွိလာခဲ့တဲ့ ေတးသံရွင္ဟိန္းမင္းသူဟာ အခုဆိုရင္ သ႐ုပ္ေဆာင္ဘက္မွာလည္း ေနရာတစ္ခုရႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

သူဟာ လက္ရွိမွာ Silent ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြထြက္ရွိထားၿပီး အခုလို COVID ကာလမွာ သူ႔ရဲ႕ ကိုယ္ပိုင္ေရး ကိုယ္ပိုင္ဆို ေတးသီခ်င္း အသစ္ေတြကိုလည္း လူမႈကြန္ရက္ေတြေပၚကေန ပရိသတ္ေတြကို မိတ္ဆက္ေပးခဲ့ပါတယ္။ “ကြၽန္ေတာ္က သ႐ုပ္ေဆာင္ ဘက္မွာလည္း ဝါသနာပါပါတယ္၊ ဒါေၾကာင့္လည္း တစ္ေထာင့္တစ္ေနရာရဖို႔ ႀကိဳးစားေနပါတယ္၊ အဲ့လိုလုပ္လို႔ ဂီတဘက္မွာလုပ္ေနတာ ေလ်ာ့သြားမွာေတာ့ မဟုတ္ပါဘူး၊ ကြၽန္ေတာ့္ရဲ႕ Owne သီခ်င္းေကာင္းေလးေတြကို ပရိသတ္ေတြအတြက္ လုပ္သြားဦးမွာပါ၊ လက္ထဲမွာ လုပ္ထားၿပီးသား သီခ်င္းေလးေတြလည္း လူမႈကြန္ရက္ေတြကေန မိတ္ဆက္ထုတ္လႊင့္တာမ်ိဳး လုပ္ေဆာင္သြားမွာပါ”လို႔ ေတးသံရွင္ ဟိန္းမင္းသူက ရွင္းျပပါတယ္။

ဒါ့အျပင္ အခုလတ္တေလာမွာလည္း သူဟာ ျမန္မာႏိုင္ငံရဲ႕ Top Ten စာရင္းဝင္ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးရဲ႕သမီးနဲ႔ ခ်စ္သူျဖစ္ ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနတဲ့အေပၚ ရွင္းလင္းတာေတြကို လုပ္ေဆာင္ ေနရတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္ ခံယူထားတဲ့ အခ်စ္က အေၾကာင္းျပခ်က္မရွိဘူး။ ကြၽန္ေတာ္ ႐ိုးသားတဲ့ အခ်စ္ပဲ ျဖစ္ခ်င္တယ္။ အေၾကာင္းျပခ်က္ တစ္ခုရွိလို႔ ျဖစ္လာတဲ့ အခ်စ္ မ်ိဳးကို သေဘာမက်ဘူး။ အဲ့ဒီလို အေၾကာင္းျပခ်က္ တစ္ခုေၾကာင့္ ခ်စ္တာဆိုရင္ သူ႔မွာ အဲဒီအေၾကာင္းအရာတစ္ခု မရွိေတာ့တဲ့ အခ်ိန္မွာ သူနဲ႔ ကြၽန္ေတာ္ ဇာတ္လမ္းက ျပတ္သြားမွာေလ။ အခ်စ္နဲ႔ပတ္သက္လာရင္ အခုခ်ိန္မွာ အခ်စ္ရယ္၊ နားလည္မႈရယ္၊ သစၥာတရားရယ္ဆိုတဲ့ အေပၚမွာပဲ မူတည္တယ္”လို႔ သူကေျပာျပပါတယ္။

သူဟာ အသက္ ၂၃ ႏွစ္ရွိတဲ့ မ်ိဳးဆက္သစ္အႏုပညာရွင္ လူငယ္တစ္ဦးလည္း ျဖစ္သလို သူ႔အေနနဲ႔ ဆက္လက္ၿပီးလည္း ေတးသီခ်င္းသစ္ ေတြကို ဖန္တီးလုပ္ေဆာင္တာေတြအျပင္ Music Video ေတြထဲမွာလည္း သ႐ုပ္ေဆာင္ရင္း ႐ိုက္ကူးဖို႔ ျပင္ဆင္ထားတာေတြရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း (ဓာတ္ပုံ- ဟိန္းမင္းသူ)