【 အနုပညာ 】"ချစ်မိတော့ရှုံး"ကို Remix လုပ်မဲ့ မော်ဒယ်သရုပ်ဆောင် အိန်ဂျယ်လမုန်

【  အနုပညာ  】"ချစ်မိတော့ရှုံး"ကို Remix လုပ်မဲ့   မော်ဒယ်သရုပ်ဆောင် အိန်ဂျယ်လမုန်

မော်ဒယ်အလုပ်ကိုလုပ်ရင်း ကြော်ငြာတွေရိုက်ကာ သူဝါသနာပါတဲ့ သီချင်းတွေသီဆိုလာခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် အိန်ဂျယ်လမုန်ဟာ “ချစ်မိတော့ရှုံး”လို့နာမည်ရတဲ့ သူမရဲ့သီချင်းလေးကို Remix ပုံစံမျိုးလေး လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

သူဟာ ဝါရင့်သရုပ်ဆောင်တွေ၊ တေးသံရှင်တွေရဲ့ သီဆိုမှုကို လေ့လာအတုယူကာ အနုပညာအလုပ်တွေကို အဓိကထား လုပ်ကိုင်နေပြီး ပရိတ်အားပေးမှုများပြားစေတဲ့ အခြေအနေမျိုးရောက်အောင် ကြိုးစားနေတယ် လို့ သိရပါတယ်။
                  
“ညီမကတော့ လုပ်ချင်တာတော့ အများကြီးပဲ၊ Rap ထဲမှာလည်း အများကြီးပဲ၊ အတွေ့အကြုံ ရင့်ကျက်တဲ့သူတွေဆီကလည်း ပညာယူတယ်၊ ညီမ အရမ်းသဘောကျတာက မတင်ဇာတို့ မမီးမီးခဲတို့ ဆိုတာ အရမ်းကြိုက်တယ်၊ တခြား ညီမထက် ဝါရင့်တဲ့ အနုပညာရှင်တွေကိုလည်း ကြည့်ပြီးတော့ ပညာယူတယ်၊ အခုအချိန်မှာက လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ အရမ်းများတော့ ရလာသမျှ ပညာကို အကုန်ယူတယ်၊ ဒါကလည်း ပညာဆည်းပူးတာက လောဘကြီးတာမဟုတ်ဘူးလေ၊ ချစ်မိတော့ရှုံးဆိုတဲ့ သီချင်းလေးကို Music Video ရိုက်ဖို့ရှိတယ်၊  အခုအချိန်မှာက ရောဂါတွေနဲ့ ဒီလို ဖြစ်နေတဲ့ အချိန် ဆိုတော့ လောလောဆယ်တော့ မရိုက်ဖြစ်သေးပေမယ့် နောက်တော့ ရိုက်မယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်၊ အဲဒါလေးလည်း Remix လုပ်မယ်၊ တခြား သီချင်းတွေလည်း Remix လုပ်ဖို့ရှိတယ်၊ Rap လည်း စိတ်ဝင်စားတယ်၊ အခုလောလောဆယ်မှာက ကမ္ဘာမှာ ရောဂါဘယ ဖြစ်နေတာတွေရှိတယ်၊ တစ်ချို့နေရာတွေမှာ ဘေးဒုက္ခတွေ အမျိုးမျိုး ကြုံနေရတာ ရှိတယ်၊ ဒါကို အကုန်လုံးခြုံပြီးတော့ သီချင်းလေးရေးထားတယ်၊ မကြာခင်မှာ ပရိသတ်တွေနဲ့မိတ်ဆက်ဖို့ ရှိပါမယ်”လို့ သူမက ရှင်းပြပါတယ်။

                
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ကြုံရတဲ့ ကပ်ရောဂါဘေးအပါအဝင် တခြားသောဘေးဒုက္ခတွေ အတွက် ဝမ်းနည်းဖွယ်ရာ တေးသီချင်းလေးအဖြစ် ရေးစပ်ကာ သီဆိုထားပြီးဖြစ်သလို ပရိသတ်တွေ သိအောင် အွန်လိုင်းကနေ ချပြသွားဖို့ပြင်ဆင်နေကြောင်း၊ တကယ့်ကိုခံစားချက်အပြည့်နဲ့ ဖန်တီးထားတာ ဖြစ်တဲ့အတွက် ကိုယ်တိုင်ပင် နားထောင်ရင်း ဝမ်းနည်းစိတ်မကောင်းဖြစ်မိသလို ပရိသတ်တွေ အနေနဲ့လည်း ကြိုက်နှစ်သက်စေမယ့် သီချင်းလေးဖြစ်ဖို့ မျှော်လင့်ထား တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- အိန်ဂျယ်)
ရန်ကုန်၊ စက်တင်ဘာ ၁၁

 

(  Zawgyi  )

 

 ေမာ္ဒယ္အလုပ္ကိုလုပ္ရင္း ေၾကာ္ျငာေတြ႐ိုက္ကာ သူဝါသနာပါတဲ့ သီခ်င္းေတြသီဆိုလာခဲ့တဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ အိန္ဂ်ယ္လမုန္ဟာ “ခ်စ္မိေတာ့ရႈံး”လို႔နာမည္ရတဲ့ သူမရဲ႕သီခ်င္းေလးကို Remix ပုံစံမ်ိဳးေလး လုပ္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

သူဟာ ဝါရင့္သ႐ုပ္ေဆာင္ေတြ၊ ေတးသံရွင္ေတြရဲ႕ သီဆိုမႈကို ေလ့လာအတုယူကာ အႏုပညာအလုပ္ေတြကို အဓိကထား လုပ္ကိုင္ေနၿပီး ပရိတ္အားေပးမႈမ်ားျပားေစတဲ့ အေျခအေနမ်ိဳးေရာက္ေအာင္ ႀကိဳးစားေနတယ္ လို႔ သိရပါတယ္။
                  
“ညီမကေတာ့ လုပ္ခ်င္တာေတာ့ အမ်ားႀကီးပဲ၊ Rap ထဲမွာလည္း အမ်ားႀကီးပဲ၊ အေတြ႕အႀကဳံ ရင့္က်က္တဲ့သူေတြဆီကလည္း ပညာယူတယ္၊ ညီမ အရမ္းသေဘာက်တာက မတင္ဇာတို႔ မမီးမီးခဲတို႔ ဆိုတာ အရမ္းႀကိဳက္တယ္၊ တျခား ညီမထက္ ဝါရင့္တဲ့ အႏုပညာရွင္ေတြကိုလည္း ၾကည့္ၿပီးေတာ့ ပညာယူတယ္၊ အခုအခ်ိန္မွာက လုပ္ခ်င္တာေတြ၊ ျဖစ္ခ်င္တာေတြ အရမ္းမ်ားေတာ့ ရလာသမွ် ပညာကို အကုန္ယူတယ္၊ ဒါကလည္း ပညာဆည္းပူးတာက ေလာဘႀကီးတာမဟုတ္ဘူးေလ၊ ခ်စ္မိေတာ့ရႈံးဆိုတဲ့ သီခ်င္းေလးကို Music Video ႐ိုက္ဖို႔ရွိတယ္၊  အခုအခ်ိန္မွာက ေရာဂါေတြနဲ႔ ဒီလို ျဖစ္ေနတဲ့ အခ်ိန္ ဆိုေတာ့ ေလာေလာဆယ္ေတာ့ မ႐ိုက္ျဖစ္ေသးေပမယ့္ ေနာက္ေတာ့ ႐ိုက္မယ္၊ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေနပါတယ္၊ အဲဒါေလးလည္း Remix လုပ္မယ္၊ တျခား သီခ်င္းေတြလည္း Remix လုပ္ဖို႔ရွိတယ္၊ Rap လည္း စိတ္ဝင္စားတယ္၊ အခုေလာေလာဆယ္မွာက ကမာၻမွာ ေရာဂါဘယ ျဖစ္ေနတာေတြရွိတယ္၊ တစ္ခ်ိဳ႕ေနရာေတြမွာ ေဘးဒုကၡေတြ အမ်ိဳးမ်ိဳး ႀကဳံေနရတာ ရွိတယ္၊ ဒါကို အကုန္လုံးၿခဳံၿပီးေတာ့ သီခ်င္းေလးေရးထားတယ္၊ မၾကာခင္မွာ ပရိသတ္ေတြနဲ႔မိတ္ဆက္ဖို႔ ရွိပါမယ္”လို႔ သူမက ရွင္းျပပါတယ္။

                
ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတစ္ဝန္းလုံးမွာ ႀကဳံရတဲ့ ကပ္ေရာဂါေဘးအပါအဝင္ တျခားေသာေဘးဒုကၡေတြ အတြက္ ဝမ္းနည္းဖြယ္ရာ ေတးသီခ်င္းေလးအျဖစ္ ေရးစပ္ကာ သီဆိုထားၿပီးျဖစ္သလို ပရိသတ္ေတြ သိေအာင္ အြန္လိုင္းကေန ခ်ျပသြားဖို႔ျပင္ဆင္ေနေၾကာင္း၊ တကယ့္ကိုခံစားခ်က္အျပည့္နဲ႔ ဖန္တီးထားတာ ျဖစ္တဲ့အတြက္ ကိုယ္တိုင္ပင္ နားေထာင္ရင္း ဝမ္းနည္းစိတ္မေကာင္းျဖစ္မိသလို ပရိသတ္ေတြ အေနနဲ႔လည္း ႀကိဳက္ႏွစ္သက္ေစမယ့္ သီခ်င္းေလးျဖစ္ဖို႔ ေမွ်ာ္လင့္ထား တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- အိန္ဂ်ယ္)
ရန္ကုန္၊ စက္တင္ဘာ ၁၁