【 အနုပညာ 】ကြော်ငြာလေးတွေရိုက်လာရတဲ့ သရုပ်ဆောင် ဟန်လင်း

【 အနုပညာ 】ကြော်ငြာလေးတွေရိုက်လာရတဲ့ သရုပ်ဆောင် ဟန်လင်း

မျိုးဆက်သစ်သရုပ်ဆောင်တွေထဲမှာ ယောကျ်ားပီသကာ မိန်းကလေးပရိသတ်တွေ နှစ်သက်မှု ရှိစေတဲ့ ကိုယ်ဟန်အမူအယာတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဟန်လင်းဟာ အခုဆိုရင် ကြော်ငြာတွေ ရိုက်လာရတယ်လို့ သိရပါတယ်။

သူဟာ တက်တူးအရုပ်ထိုးတာကို စိတ်ဝင်စားသူလည်းတစ်ဦးဖြစ်သော်လည်း သူများတွေလို ရုပ်ပုံအကြီးစား မဟုတ်ဘဲ တက်တူးသေးသေးလေးတွေကို အမြတ်တနိုးထိုးလေ့ရှိသူ တစ်ဦး လည်းဖြစ်ပါတယ်။

 “အခုလို ကာလမှာ ကြော်ငြာလေးတွေရိုက်နေရပါတယ်၊ ဒီလိုလေးဆိုတော့ ဘာပဲပြောပြော ကျေနပ်မိတာပေ့ါနော်၊ အနုပညာနဲ့ပတ်သက်လို့ တခြားကြော်ငြာတွေ၊ ပိုစတာတွေအတွက် စာချုပ်ချုပ်ထားတာတွေလည်း ရှိနေတော့ အဲ့ဒါလေးတွေတော့ လုပ်နေရတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်းမှာ Accident တစ်ခုကြောင့် ဒဏ်ရာရပါတယ်၊ ဒဏ်ရာကို ငါးချက်လောက် ချုပ် ထားရတာကြောင့် အခုတော့ ခဏလေး ပြန်နားထားရတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ မတော်တဆဖြစ်စဉ်တစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ခဏတာ နားထား ပေမယ့် စာချုပ်ချုပ်ထားတဲ့ကိစ္စတွေအတွက် ပြီးပြတ်အောင် သရုပ်ဆောင် ပေးသွားနိုင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ သူဟာ အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီး ခံစားချက် ပြင်းသူ တစ်ယောက်လည်း ဖြစ်တာကြောင့် အပေါင်းအသင်းသိပ်မထားတတ်သလို ရင်းနှီးဆုံး အပေါင်း အသင်းတွေအတွက်လည်း စိတ်ခံစားလွယ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့က အခုမှကြိုးစားဆဲဆိုတော့ ဝေဖန်ခံရတာတွေလည်း အများကြီးရှိပါတယ်၊ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားပါတယ်၊ အပေါင်းအသင်းတွေနဲ့ပတ်သက်ရင် Feel ဖြစ်တတ်တော့ ကျွန်တော်က အပေါင်းအသင်းလည်း သိပ်မထားဘူး၊ အခုတော့ ကိုယ်လုပ် စရာရှိတဲ့ အလုပ်ကိုပဲ ဦးတည်ပြီး လုပ်နေပါတယ်၊ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် ဥပေက္ခာပြုနိုင်ဖို့တော့ ကြိုးစားနေတယ်၊ ကျွန်တော့်ကို ချစ်ခင်အားပေးကြပါလို့ ပြောချင်ပါတယ်၊ အားပေးရကျိုးနပ်အောင် လည်း ကျွန်တော်အများကြီးကြိုးစားမှာပါ”လို့ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- ကိုနိုင် NG)

ရန်ကုန်၊ ဇူလိုင် ၁၄

(   Zawgyi  )

 မ်ိဳးဆက္သစ္သ႐ုပ္ေဆာင္ေတြထဲမွာ ေယာက်္ားပီသကာ မိန္းကေလးပရိသတ္ေတြ ႏွစ္သက္မႈ ရွိေစတဲ့ ကိုယ္ဟန္အမူအယာေတြကို ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ ဟန္လင္းဟာ အခုဆိုရင္ ေၾကာ္ျငာေတြ ႐ိုက္လာရတယ္လို႔ သိရပါတယ္။

သူဟာ တက္တူးအ႐ုပ္ထိုးတာကို စိတ္ဝင္စားသူလည္းတစ္ဦးျဖစ္ေသာ္လည္း သူမ်ားေတြလို ႐ုပ္ပုံအႀကီးစား မဟုတ္ဘဲ တက္တူးေသးေသးေလးေတြကို အျမတ္တႏိုးထိုးေလ့ရွိသူ တစ္ဦး လည္းျဖစ္ပါတယ္။

 “အခုလို ကာလမွာ ေၾကာ္ျငာေလးေတြ႐ိုက္ေနရပါတယ္၊ ဒီလိုေလးဆိုေတာ့ ဘာပဲေျပာေျပာ ေက်နပ္မိတာေပ့ါေနာ္၊ အႏုပညာနဲ႔ပတ္သက္လို႔ တျခားေၾကာ္ျငာေတြ၊ ပိုစတာေတြအတြက္ စာခ်ဳပ္ခ်ဳပ္ထားတာေတြလည္း ရွိေနေတာ့ အဲ့ဒါေလးေတြေတာ့ လုပ္ေနရတယ္၊ ဒါေပမဲ့ ဒီရက္ပိုင္းမွာ Accident တစ္ခုေၾကာင့္ ဒဏ္ရာရပါတယ္၊ ဒဏ္ရာကို ငါးခ်က္ေလာက္ ခ်ဳပ္ ထားရတာေၾကာင့္ အခုေတာ့ ခဏေလး ျပန္နားထားရတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ မေတာ္တဆျဖစ္စဥ္တစ္ခုေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ခဏတာ နားထား ေပမယ့္ စာခ်ဳပ္ခ်ဳပ္ထားတဲ့ကိစၥေတြအတြက္ ၿပီးျပတ္ေအာင္ သ႐ုပ္ေဆာင္ ေပးသြားႏိုင္ဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။ သူဟာ အေပါင္းအသင္းေတြနဲ႔ပတ္သက္ၿပီး ခံစားခ်က္ ျပင္းသူ တစ္ေယာက္လည္း ျဖစ္တာေၾကာင့္ အေပါင္းအသင္းသိပ္မထားတတ္သလို ရင္းႏွီးဆုံး အေပါင္း အသင္းေတြအတြက္လည္း စိတ္ခံစားလြယ္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က အခုမွႀကိဳးစားဆဲဆိုေတာ့ ေဝဖန္ခံရတာေတြလည္း အမ်ားႀကီးရွိပါတယ္၊ ဒါေပမဲ့လည္း အေကာင္းဆုံးျဖစ္ေအာင္လို႔ ႀကိဳးစားပါတယ္၊ အေပါင္းအသင္းေတြနဲ႔ပတ္သက္ရင္ Feel ျဖစ္တတ္ေတာ့ ကြၽန္ေတာ္က အေပါင္းအသင္းလည္း သိပ္မထားဘူး၊ အခုေတာ့ ကိုယ္လုပ္ စရာရွိတဲ့ အလုပ္ကိုပဲ ဦးတည္ၿပီး လုပ္ေနပါတယ္၊ ဘယ္သူေတြ ဘယ္လိုေဝဖန္ေဝဖန္ ဥေပကၡာျပဳႏိုင္ဖို႔ေတာ့ ႀကိဳးစားေနတယ္၊ ကြၽန္ေတာ့္ကို ခ်စ္ခင္အားေပးၾကပါလို႔ ေျပာခ်င္ပါတယ္၊ အားေပးရက်ိဳးနပ္ေအာင္ လည္း ကြၽန္ေတာ္အမ်ားႀကီးႀကိဳးစားမွာပါ”လို႔ သူက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ- ကိုႏိုင္ NG)

ရန္ကုန္၊ ဇူလိုင္ ၁၄