【 အနုပညာ 】ကြော်ငြာတွေရိုက်လာရတဲ့ သရုပ်ဆောင် မင်းသွေးခန့်

【  အနုပညာ  】ကြော်ငြာတွေရိုက်လာရတဲ့ သရုပ်ဆောင် မင်းသွေးခန့်

မျိုးဆက်သစ်အနုပညာရှင်တွေထဲက အခုနောက်ပိုင်းမှာ ကြော်ငြာတွေကို ရိုက်ကူးလာရသူ တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးခန့်ဟာ ဆက်လက်ပြီးလည်း တေးသရုပ်ဖော် MTV ရိုက်ကူးမှုတွေ၊ ကုန်ပစ္စည်း ကြော်ငြာ တွေကို ရိုက်ကူးသွားဖို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ရက်က တေးသီချင်း MTV ရိုက်ကူးမှုအတွက် ကြည့်မြင်တိုင်ဘူတာ၊ အင်းစိန် ဘူတာ တို့မှာ သွားရောက်လုပ်ဆောင်ခဲ့သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ အတူ သရုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။ “အဲ့ဒါရိုက်တာက အလွမ်းရာသီ သီချင်းအတွက် ရိုက်ဖြစ်ခဲ့တာပါ၊ ကိုယ်အားပေးရတဲ့သူနဲ့ တွဲပြီးသရုပ်ဆောင်ခွင့်ရတော့ အရမ်းဝမ်းသာမိခဲ့ပါတယ်၊ အပြင်မှာလည်း ညီအစ်ကို မောင်နှမတွေလို ပြောဆိုနေကြတော့ သရုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတော့ သိပ်မရှိဘူး”လို့ သူက ရှင်းပြပါတယ်။

လက်ခံထားတဲ့ကြော်ငြာတွေအတွက် ဆက်လက်ပြီးလည်း ရိုက်ကူးသွားဖို့ ပြင်ဆင်ထားသလို ပရိသတ် အားပေးမှု များပြားကာ အနုပညာလောကထဲ နေရာတစ်ခုရဖို့ကြိုးစားသွားမှာ ဖြစ်ကြောင်း၊ သူပါဝင်သရုပ်ဆောင် ခဲ့တဲ့ သီချင်းလေးတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ ဝိုင်း Share ပေးခြင်းဖြင့် အားပေးရန် လိုလားကြောင်း၊ အကောင်းဆုံးလည်း ကြိုးစားသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“အနုပညာလောက ဆိုတာ အင်မတန် အရေးကြီးတယ်၊ ပုံမှန်ဈေးရောင်းတာမျိုးမဟုတ်ဘူး၊ နာမည်ကောင်းရပြီဆိုရင်လည်း အဲ့ဒါကို ထိန်းဖို့က အရေးကြီးသလို နာမည်ပျက်သွားဖို့ကလည်း လျင်မြန်စေတယ်၊ သိပြီးသားပရိသတ်တွေရော မသိသေးတဲ့ပရိသတ်တွေရော ကျွန်တော့်ရဲ့ အနုပညာကို အားပေးကြပါဦးနော်၊ သီချင်းလေးတွေ ထွက်လာရင်လည်း ဝိုင်းပြီးတော့ ရှယ်ပေးကြပါ”လို့ သူက ဆက်လက်ရှင်းပြ ပါတယ်။

သူ့အနေနဲ့ သရုပ်တဲ့အခါ မပြင်မဆင်ဘဲ သဘာဝကျကျသရုပ်ဆောင်ရတာမျိုးကို ကြိုက်နှစ်သက် ပေမယ့် လုပ်ငန်းသဘောအရ မိတ်ကပ် တွေကို လမ်းခြယ်ကာ ပြင်ဆင်ရိုက်ကူးရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ-ကိုနိုင် NG)

(  Zawgyi  )

 မ်ိဳးဆက္သစ္အႏုပညာရွင္ေတြထဲက အခုေနာက္ပိုင္းမွာ ေၾကာ္ျငာေတြကို ႐ိုက္ကူးလာရသူ တစ္ဦး ျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းေသြးခန႔္ဟာ ဆက္လက္ၿပီးလည္း ေတးသ႐ုပ္ေဖာ္ MTV ႐ိုက္ကူးမႈေတြ၊ ကုန္ပစၥည္း ေၾကာ္ျငာ ေတြကို ႐ိုက္ကူးသြားဖို႔လည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ လြန္ခဲ့တဲ့ရက္က ေတးသီခ်င္း MTV ႐ိုက္ကူးမႈအတြက္ ၾကည့္ျမင္တိုင္ဘူတာ၊ အင္းစိန္ ဘူတာ တို႔မွာ သြားေရာက္လုပ္ေဆာင္ခဲ့သလို ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ နန္းဆုရတီစိုးနဲ႔ အတူ သ႐ုပ္ေဆာင္ ခဲ့တယ္လို႔ သိရပါတယ္။ “အဲ့ဒါ႐ိုက္တာက အလြမ္းရာသီ သီခ်င္းအတြက္ ႐ိုက္ျဖစ္ခဲ့တာပါ၊ ကိုယ္အားေပးရတဲ့သူနဲ႔ တြဲၿပီးသ႐ုပ္ေဆာင္ခြင့္ရေတာ့ အရမ္းဝမ္းသာမိခဲ့ပါတယ္၊ အျပင္မွာလည္း ညီအစ္ကို ေမာင္ႏွမေတြလို ေျပာဆိုေနၾကေတာ့ သ႐ုပ္ေဆာင္တဲ့ေနရာမွာ အခက္အခဲေတာ့ သိပ္မရွိဘူး”လို႔ သူက ရွင္းျပပါတယ္။

လက္ခံထားတဲ့ေၾကာ္ျငာေတြအတြက္ ဆက္လက္ၿပီးလည္း ႐ိုက္ကူးသြားဖို႔ ျပင္ဆင္ထားသလို ပရိသတ္ အားေပးမႈ မ်ားျပားကာ အႏုပညာေလာကထဲ ေနရာတစ္ခုရဖို႔ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း၊ သူပါဝင္သ႐ုပ္ေဆာင္ ခဲ့တဲ့ သီခ်င္းေလးေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြအေနနဲ႔ ဝိုင္း Share ေပးျခင္းျဖင့္ အားေပးရန္ လိုလားေၾကာင္း၊ အေကာင္းဆုံးလည္း ႀကိဳးစားသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“အႏုပညာေလာက ဆိုတာ အင္မတန္ အေရးႀကီးတယ္၊ ပုံမွန္ေဈးေရာင္းတာမ်ိဳးမဟုတ္ဘူး၊ နာမည္ေကာင္းရၿပီဆိုရင္လည္း အဲ့ဒါကို ထိန္းဖို႔က အေရးႀကီးသလို နာမည္ပ်က္သြားဖို႔ကလည္း လ်င္ျမန္ေစတယ္၊ သိၿပီးသားပရိသတ္ေတြေရာ မသိေသးတဲ့ပရိသတ္ေတြေရာ ကြၽန္ေတာ့္ရဲ႕ အႏုပညာကို အားေပးၾကပါဦးေနာ္၊ သီခ်င္းေလးေတြ ထြက္လာရင္လည္း ဝိုင္းၿပီးေတာ့ ရွယ္ေပးၾကပါ”လို႔ သူက ဆက္လက္ရွင္းျပ ပါတယ္။

သူ႔အေနနဲ႔ သ႐ုပ္တဲ့အခါ မျပင္မဆင္ဘဲ သဘာဝက်က်သ႐ုပ္ေဆာင္ရတာမ်ိဳးကို ႀကိဳက္ႏွစ္သက္ ေပမယ့္ လုပ္ငန္းသေဘာအရ မိတ္ကပ္ ေတြကို လမ္းျခယ္ကာ ျပင္ဆင္႐ိုက္ကူးရတာေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ-ကိုႏိုင္ NG)