【 အနုပညာ 】ကျိုက်ထီးရိုးတောင်တစ်ဝိုက်က အထမ်းသမား အိမ်ထောင်စု ၉၀၀ အတွက် ထူးအယ်လင်းဦးဆောင်၍ အလှူရှင်များကလှူဒါန်း

【  အနုပညာ 】ကျိုက်ထီးရိုးတောင်တစ်ဝိုက်က အထမ်းသမား အိမ်ထောင်စု ၉၀၀ အတွက် ထူးအယ်လင်းဦးဆောင်၍ အလှူရှင်များကလှူဒါန်း

အခုလို COVID ကာလမှာ ကျိုက်ထီးရိုးတောင်တန်းဒေသတစ်ဝိုက်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ အထမ်းသမား မိသားစုတွေအတွက် စားဝတ်နေရေးအခက်အခဲကို တေးသံရှင် ထူးအယ်လင်း ဦးဆောင်ကာ အလှူရှင်တွေက ဒီကနေ့(နိုဝင်ဘာ ၂၁ရက်)က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
 
“ဒီလိုကာလမှာ အထမ်းသမားတွေလည်း ခက်ခဲကြပါတယ်၊ ဘုရားဖူးတွေမရှိတော့ သူတို့ဆိုရင် ပိုတောင်မှ ခက်ခဲကြတာပါ၊ ဒါကြောင့်လည်း အထမ်းသမားတစ်အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တစ်ထုပ်၊ ကုလားပဲဝါ ၅၀ ကျပ်သားတစ်ထုပ်၊ တစ်ပတ်စာ စားနိုင်တဲ့ ငပိကြော်ထုပ်တစ်ထုပ် အစရှိတဲ့ ရိက္ခာတွေကို ကျိုက်ထီးရိုး တောင်ပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ အထမ်းသမားအိမ်ထောင် ၉၀၀ ကျော်ကို ကျွန်တော်တို့ ဒီနေ့ (နိုဝင်ဘာ ၂၁ ရက်)မှာ သွားရောက် ဝေမျှကူညီပံ့ပိုးခဲ့ပါတယ်၊ တောင်ခြေကနေ ကြိုတင်ပြီးတော့ သူတို့အိမ်ထောင်စုတွေ စာရင်းကောက်ယူပြီး ဝေမျှခဲ့တာ ဖြစ်ပါတယ်”လို့ တေးသံရှင် ထူးအယ်လင်းက ရှင်းပြပါတယ်။ 
 
ထိုကဲ့သို့ လှူဒါန်းမှုတွေကို ၎င်းက ကျပ်ငါးသိန်း မ တည်ကာ ဦးဆောင်ခဲ့ပြီး ပံ့ပိုးသူအလှူရှင်တွေရဲ့ အကူအညီဖြင့် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လှူဒါန်းမှုတွေအပြီးမှာ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေရင်း စိတ်ခွန်အား မြင့်မားစေဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
တေးသံရှင် ထူးအယ်လင်းဟာ အခုလိုကာလမှာ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ပိုမို လုပ်ဆောင်နေပြီး ဘုရားထီးတင်တာတွေ၊ ကျေးလက်ဒေသတွေမှာ လမ်းခင်းတာတွေကို လုပ်ဆောင်ခဲ့တဲ့အပြင် ကျိုက်ထီးရိုးတောင်မှာလည်း အခုလိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
 “ကျွန်တော့် အနေနဲ့တော့ အခုလိုကာလမှာ ပရဟိတအလုပ်ကလေးတွေနဲ့ ဖြတ်သန်းသွားပါမယ်၊ ဒီလိုပဲမှန်းထားတယ်လေ၊ ကျွန်တော့်ရဲ့ ရည်ရွယ်တာတွေဖြစ်ဖို့ ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်၊ အခက်အခဲရှိတဲ့သူတွေ။ စားဝတ်နေရေးအတွက် လိုအပ်နေတဲ့သူတွေကို ကျွန်တော်တို့ ဒီလိုမျိုး သွားရောက် လှူဖို့လုပ်သွားမှာပါ”လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။
 
 
 မင်းခေတ်လင်း 
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ နိုဝင်ဘာ ၂၂ 
 
(  Zawgyi  )
 
 အခုလို COVID ကာလမွာ က်ိဳက္ထီး႐ိုးေတာင္တန္းေဒသတစ္ဝိုက္မွာ လုပ္ကိုင္စားေသာက္ေနၾကတဲ့ အထမ္းသမား မိသားစုေတြအတြက္ စားဝတ္ေနေရးအခက္အခဲကို ေတးသံရွင္ ထူးအယ္လင္း ဦးေဆာင္ကာ အလႉရွင္ေတြက ဒီကေန႔(ႏိုဝင္ဘာ ၂၁ရက္)က သြားေရာက္လႉဒါန္းခဲ့ၾကပါတယ္။
 
“ဒီလိုကာလမွာ အထမ္းသမားေတြလည္း ခက္ခဲၾကပါတယ္၊ ဘုရားဖူးေတြမရွိေတာ့ သူတို႔ဆိုရင္ ပိုေတာင္မွ ခက္ခဲၾကတာပါ၊ ဒါေၾကာင့္လည္း အထမ္းသမားတစ္အိမ္ေထာင္ကို ဆန္ ၆ ျပည္၊ ၾကာဆံ တစ္ထုပ္၊ ကုလားပဲဝါ ၅၀ က်ပ္သားတစ္ထုပ္၊ တစ္ပတ္စာ စားႏိုင္တဲ့ ငပိေၾကာ္ထုပ္တစ္ထုပ္ အစရွိတဲ့ ရိကၡာေတြကို က်ိဳက္ထီး႐ိုး ေတာင္ေပၚမွာ မွီတင္းေနထိုင္ၾကတဲ့ အထမ္းသမားအိမ္ေထာင္ ၉၀၀ ေက်ာ္ကို ကြၽန္ေတာ္တို႔ ဒီေန႔ (ႏိုဝင္ဘာ ၂၁ ရက္)မွာ သြားေရာက္ ေဝမွ်ကူညီပံ့ပိုးခဲ့ပါတယ္၊ ေတာင္ေျခကေန ႀကိဳတင္ၿပီးေတာ့ သူတို႔အိမ္ေထာင္စုေတြ စာရင္းေကာက္ယူၿပီး ေဝမွ်ခဲ့တာ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ ထူးအယ္လင္းက ရွင္းျပပါတယ္။ 
 
ထိုကဲ့သို႔ လႉဒါန္းမႈေတြကို ၎က က်ပ္ငါးသိန္း မ တည္ကာ ဦးေဆာင္ခဲ့ၿပီး ပံ့ပိုးသူအလႉရွင္ေတြရဲ႕ အကူအညီျဖင့္ လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ လႉဒါန္းမႈေတြအၿပီးမွာ ေတးသီခ်င္းေတြနဲ႔ သီဆိုေဖ်ာ္ေျဖရင္း စိတ္ခြန္အား ျမင့္မားေစဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
 
ေတးသံရွင္ ထူးအယ္လင္းဟာ အခုလိုကာလမွာ အႏုပညာအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကို ပိုမို လုပ္ေဆာင္ေနၿပီး ဘုရားထီးတင္တာေတြ၊ ေက်းလက္ေဒသေတြမွာ လမ္းခင္းတာေတြကို လုပ္ေဆာင္ခဲ့တဲ့အျပင္ က်ိဳက္ထီး႐ိုးေတာင္မွာလည္း အခုလိုလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
 
 “ကြၽန္ေတာ့္ အေနနဲ႔ေတာ့ အခုလိုကာလမွာ ပရဟိတအလုပ္ကေလးေတြနဲ႔ ျဖတ္သန္းသြားပါမယ္၊ ဒီလိုပဲမွန္းထားတယ္ေလ၊ ကြၽန္ေတာ့္ရဲ႕ ရည္႐ြယ္တာေတြျဖစ္ဖို႔ ဝိုင္းဝန္းကူညီေပးၾကတဲ့သူေတြကိုလည္း အရမ္းေက်းဇူးတင္ပါတယ္၊ အခက္အခဲရွိတဲ့သူေတြ။ စားဝတ္ေနေရးအတြက္ လိုအပ္ေနတဲ့သူေတြကို ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး သြားေရာက္ လႉဖို႔လုပ္သြားမွာပါ”လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။
 
 
 မင္းေခတ္လင္း 
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ႏိုဝင္ဘာ ၂၂