【 အနုပညာ 】ကိုဗစ်ဒုတိယလှိုင်းကြောင့် ဈေးမရောင်းရလို့ အခက်အခဲကြုံနေရတဲ့ သရုပ်ဆောင် ထူးခြား

【  အနုပညာ  】ကိုဗစ်ဒုတိယလှိုင်းကြောင့် ဈေးမရောင်းရလို့  အခက်အခဲကြုံနေရတဲ့ သရုပ်ဆောင် ထူးခြား

အခုလို COVID ကာလထဲမှာ ဈေးရောင်းကာ ဝမ်းရေးဖြေရှင်းဖို့လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထူးခြား ဟာ မရောင်းရတဲ့ အခြေအနေကြောင့် အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

“ကျွန်တော်ရောင်းတာက ဝက်နံရိုးမီးတောက် ရောင်းတာပါ၊ COVID ပထမလှိုင်းကတည်းက ရောင်းတာ၊ အခုက ရပ်ထား ရတယ်၊ ပိုးတွေ့တဲ့သူတွေက ပိုပိုများနေတာကတစ်ကြောင်းရယ်၊ ဝက်သားကလည်း ရှာဝယ်လို့မရတာတွေကြောင့်လည်း ပါပါတယ်၊ အခု မရောင်းဘဲရပ်ထား ရတာ နှစ်ပတ်ရှိပြီ၊ အခုဒီတစ်ခေါက်က တော်တော်ကိုထိတာဗျာ၊ ဘယ်လိုမှ အဆင်မပြေဘူး၊ ဝင်ငွေလေးရအောင်တော့ ပြန်ရောင်းချင်နေပါပြီ၊ ပိုက်ဆံက ဘယ်လိုမှမဝင်တဲ့အခါကျတော့  ခက်ခဲတာပေါ့၊ ရောဂါပိုးအခြေအနေကလည်း ကြည့်ရဦးမယ်လေ၊ တော်တော်လေးကို ခက်ခဲတဲ့ကာလပါပဲ”လို့ သူက ရှင်းပြပါတယ်။

အခုလိုကာလမှာ သူဟာ စိန်ထည်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ၊ ကလေးအသုံးအဆောင် ပစ္စည်းတွေ၊ ကိုယ်ဝန်ဆောင် အားဆေးတွေကို သရုပ်ဆောင် မြင့်မြတ်၊ ကေညီ တို့နဲ့ အတူ ဖေ့ဘွတ်လူမှုကွန်ရက်ကနေ Live လွှင့်ကာ ဈေးရောင်းနေပြီး သူတစ်ယောက်တည်း အဖြစ်နဲ့ လည်း အင်္ကျီတွေရောင်းခဲ့ကြောင်း၊ လက်ရှိမှာ ဝင်ငွေရပေါက်ရလမ်းရှိအောင် ကြိုးပမ်းနေရ သလို တစ်ဖက်ကလည်း ရောဂါအတွက် သတိပြုနေရတယ်လို့ သိရပါတယ်။

“ကိုယ်ဘယ်နေ့ဖြစ်လာမလဲ ဆိုတာလဲ စိုးရိမ်ရတာပေါ့၊ ဖြစ်ပြီဆိုတာနဲ့ တစ်ယောက်တည်း သွားပြီ၊ ဘယ်နေ့အိမ်ပြန်ရောက်လာမလဲမသိဘူးလေ၊ Delivery နဲ့ တစ်ဆင့် ပို့ပြီးရောင်းဖို့ဆိုတာ ကလည်း အခုက QR Pass တွေဘာတွေနဲ့ဆိုတော့ သွားလာလုပ်ကိုင်ရတာ အခက်အခဲရှိတယ်၊ အဲ့ဒါကြောင့်လည်း လောလောဆယ်တော့ အခြေအနေကိုစောင့်ကြည့်ရင်း ထိုင်စားနေတာ ပေါ့”လို့ သူက ဆက်ပြောပါတယ်။

သူဟာ အက်ရှင်ဇာတ်ကား အများအပြားကို ရိုက်ကူးသရုပ်ဆောင်ခဲ့သူလည်းဖြစ်သလို “အော်ရ ဂျင်နယ် ဂိုဏ်းစတား”လို့ နာမည်ရတဲ့ ဇာတ်ကားကနေ သူ့ကိုသိရှိသူတွေ ပိုများ လာခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်ခွင့်ရပါက အက်ရှင်ဇာတ်ကားတွေ ကိုသာ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ထူးခြား)

 

(  Zawgyi  )

 

 အခုလို COVID ကာလထဲမွာ ေဈးေရာင္းကာ ဝမ္းေရးေျဖရွင္းဖို႔လုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ထူးျခား ဟာ မေရာင္းရတဲ့ အေျခအေနေၾကာင့္ အခက္အခဲႀကဳံေနရတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ေရာင္းတာက ဝက္နံ႐ိုးမီးေတာက္ ေရာင္းတာပါ၊ COVID ပထမလႈိင္းကတည္းက ေရာင္းတာ၊ အခုက ရပ္ထား ရတယ္၊ ပိုးေတြ႕တဲ့သူေတြက ပိုပိုမ်ားေနတာကတစ္ေၾကာင္းရယ္၊ ဝက္သားကလည္း ရွာဝယ္လို႔မရတာေတြေၾကာင့္လည္း ပါပါတယ္၊ အခု မေရာင္းဘဲရပ္ထား ရတာ ႏွစ္ပတ္ရွိၿပီ၊ အခုဒီတစ္ေခါက္က ေတာ္ေတာ္ကိုထိတာဗ်ာ၊ ဘယ္လိုမွ အဆင္မေျပဘူး၊ ဝင္ေငြေလးရေအာင္ေတာ့ ျပန္ေရာင္းခ်င္ေနပါၿပီ၊ ပိုက္ဆံက ဘယ္လိုမွမဝင္တဲ့အခါက်ေတာ့  ခက္ခဲတာေပါ့၊ ေရာဂါပိုးအေျခအေနကလည္း ၾကည့္ရဦးမယ္ေလ၊ ေတာ္ေတာ္ေလးကို ခက္ခဲတဲ့ကာလပါပဲ”လို႔ သူက ရွင္းျပပါတယ္။

အခုလိုကာလမွာ သူဟာ စိန္ထည္နဲ႔ လက္ဝတ္ရတနာပစၥည္းေတြ၊ ကေလးအသုံးအေဆာင္ ပစၥည္းေတြ၊ ကိုယ္ဝန္ေဆာင္ အားေဆးေတြကို သ႐ုပ္ေဆာင္ ျမင့္ျမတ္၊ ေကညီ တို႔နဲ႔ အတူ ေဖ့ဘြတ္လူမႈကြန္ရက္ကေန Live လႊင့္ကာ ေဈးေရာင္းေနၿပီး သူတစ္ေယာက္တည္း အျဖစ္နဲ႔ လည္း အက်ႌေတြေရာင္းခဲ့ေၾကာင္း၊ လက္ရွိမွာ ဝင္ေငြရေပါက္ရလမ္းရွိေအာင္ ႀကိဳးပမ္းေနရ သလို တစ္ဖက္ကလည္း ေရာဂါအတြက္ သတိျပဳေနရတယ္လို႔ သိရပါတယ္။

“ကိုယ္ဘယ္ေန႔ျဖစ္လာမလဲ ဆိုတာလဲ စိုးရိမ္ရတာေပါ့၊ ျဖစ္ၿပီဆိုတာနဲ႔ တစ္ေယာက္တည္း သြားၿပီ၊ ဘယ္ေန႔အိမ္ျပန္ေရာက္လာမလဲမသိဘူးေလ၊ Delivery နဲ႔ တစ္ဆင့္ ပို႔ၿပီးေရာင္းဖို႔ဆိုတာ ကလည္း အခုက QR Pass ေတြဘာေတြနဲ႔ဆိုေတာ့ သြားလာလုပ္ကိုင္ရတာ အခက္အခဲရွိတယ္၊ အဲ့ဒါေၾကာင့္လည္း ေလာေလာဆယ္ေတာ့ အေျခအေနကိုေစာင့္ၾကည့္ရင္း ထိုင္စားေနတာ ေပါ့”လို႔ သူက ဆက္ေျပာပါတယ္။

သူဟာ အက္ရွင္ဇာတ္ကား အမ်ားအျပားကို ႐ိုက္ကူးသ႐ုပ္ေဆာင္ခဲ့သူလည္းျဖစ္သလို “ေအာ္ရ ဂ်င္နယ္ ဂိုဏ္းစတား”လို႔ နာမည္ရတဲ့ ဇာတ္ကားကေန သူ႔ကိုသိရွိသူေတြ ပိုမ်ား လာခဲ့ေၾကာင္း၊ ဆက္လက္ၿပီးလည္း အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္ခြင့္ရပါက အက္ရွင္ဇာတ္ကားေတြ ကိုသာ ႐ိုက္ကူးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ထူးျခား)