【 အနုပညာသတင်း 】၀င်ငွေရတဲ့ကိုယ်ပိုင်အလုပ်နဲ့အတူ ကုသိုလ်ရဖို့ လုပ်ဆောင်နေတဲ့သရုပ်ဆောင် ကြူကြူသင်း

【  အနုပညာသတင်း  】၀င်ငွေရတဲ့ကိုယ်ပိုင်အလုပ်နဲ့အတူ ကုသိုလ်ရဖို့ လုပ်ဆောင်နေတဲ့သရုပ်ဆောင် ကြူကြူသင်း

ဇာတ်ပို့ဇာတ်ရန်အဖြစ်သရုပ်ဆောင်နေတဲ့ ကြူကြူသင်းဟာ အခုဆိုရင် ဝင်ငွေရတဲ့ ကိုယ်ပိုင်အလုပ်ကလေးကို လုပ်ကိုင်နေသလို တစ်ဖက်ကလည်း ကုသိုလ်ရဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူနေထိုင်ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် အနီးက ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်တိုက် တွေက ရဟန်း၊ သံဃာတော် တွေကို မကြာခဏကုသိုလ်ပြုလှူဒါန်းမှုများလုပ်ဆောင်နေသလို လမ်းမှာကြွတဲ့ သီလရှင်တွေ၊ သံဃာတော်တွေကိုလည်း အမြဲလှူဒါန်း တာတွေ၊ ကြုံရင်ကြုံသလိုပရဟိတကုသိုလ်ပြုအလှူတွေ လုပ်ဆောင်ရင်း အခုလို COVID ကာလမှာ ရပ်တည်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ “အစ်မက ကော်ရည် ခေါက်ဆွဲဆိုင်လေးဖွင့်ထားတယ်၊ ဆိုင်ကတော့ အကြီးကြီးမဟုတ်ဘူး၊ ရပ်ကွက်ထဲမှာ တစ်ပိုင်တစ်နိုင် လောက်ပဲ၊ အခုလိုCOVID ကာလမှာ သူများတွေဈေးရောင်းလို့ အစ်မက လိုက်ရောင်းတာမျိုး မဟုတ်ပါဘူး၊ နဂို ကတည်းက အိမ်ရဲ့ စရိတ်လေးလည်းရအောင်လို့ ရောင်းတာပါ၊ ကြုံရင်ကြုံသလိုတော့ လှူဖြစ်နေတာပဲ၊ မလှူ တတ်ရင် ဈေးရောင်းပါဆိုတာလည်း ရှိတာ ပဲမဟုတ်လား၊ အခုကာလကတော့ သိတဲ့အတိုင်းပဲလေ၊ အကုန်လုံးက ဘာမှကိုလုပ်လို့မှမရတာ၊ ဈေးရောင်းတာလေးနဲ့ပဲလုပ်ရင်း လှူတယ်၊ ဒီကုသိုလ်လေးကပဲ ဘဝမှာ ပါသွားမှာလေ”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ ယခင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားအများအပြားမှာ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဈေးကွက်ကောင်းချိန်ကိုလည်း မှီခဲ့သူဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ “အနုပညာအလုပ်ကတော့ လုပ်နေဦးမှာပါ၊ ဒါကလည်း ကိုယ်ဝါသနာပါတာလေ၊ ဝါသနာပါတာလေး လုပ်ရရင် ပျော်တယ်လေ၊ ဒီဆိုင် လေးက အိမ်စရိတ်အတွက်ထောက်ကူပြုတော့ ကိုယ်ဝါသနာပါတာလေးကို အေးဆေးလုပ်လို့ရမှာပေ့ါ၊ ဒါပေမဲ့ လောလောဆယ်က COVID ကလည်း မပြီးသေးတော့ ဘယ်အချိန်ကျမှ ပြန်ပြီးရိုက်ကူးရေးတွေအတွက် ခွင့်ပြုပေးမလဲတော့ မသိဘူးနော်၊ ပြောထားဆိုထားတဲ့ ကားတွေတော့ရှိတယ်၊ အဲ့ဒါတွေကလည်း COVID ကြောင့် ရပ်ထားရတယ်၊ ဒီကာလမှာ ကိုယ့်ကိုယ် ကိုလည်း ဂရုစိုက်ကြပါ၊ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက် တွေကိုလည်း သေသေချာချာနားထောင်ရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ၊ ကုသိုလ်အရေးလည်း မမေ့ပါနဲ့”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 ဇာတ္ပို႔ဇာတ္ရန္အျဖစ္သ႐ုပ္ေဆာင္ေနတဲ့ ၾကဴၾကဴသင္းဟာ အခုဆိုရင္ ဝင္ေငြရတဲ့ ကိုယ္ပိုင္အလုပ္ကေလးကို လုပ္ကိုင္ေနသလို တစ္ဖက္ကလည္း ကုသိုလ္ရဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သူေနထိုင္ရာ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေဘာဂရပ္ကြက္ အနီးက ဘုန္းေတာ္ႀကီးေက်ာင္းေတြ၊ စာသင္တိုက္ ေတြက ရဟန္း၊ သံဃာေတာ္ ေတြကို မၾကာခဏကုသိုလ္ျပဳလႉဒါန္းမႈမ်ားလုပ္ေဆာင္ေနသလို လမ္းမွာႂကြတဲ့ သီလရွင္ေတြ၊ သံဃာေတာ္ေတြကိုလည္း အၿမဲလႉဒါန္း တာေတြ၊ ႀကဳံရင္ႀကဳံသလိုပရဟိတကုသိုလ္ျပဳအလႉေတြ လုပ္ေဆာင္ရင္း အခုလို COVID ကာလမွာ ရပ္တည္ေနထိုင္လ်က္ရွိတယ္လို႔ သိရပါတယ္။ “အစ္မက ေကာ္ရည္ ေခါက္ဆြဲဆိုင္ေလးဖြင့္ထားတယ္၊ ဆိုင္ကေတာ့ အႀကီးႀကီးမဟုတ္ဘူး၊ ရပ္ကြက္ထဲမွာ တစ္ပိုင္တစ္ႏိုင္ ေလာက္ပဲ၊ အခုလိုCOVID ကာလမွာ သူမ်ားေတြေဈးေရာင္းလို႔ အစ္မက လိုက္ေရာင္းတာမ်ိဳး မဟုတ္ပါဘူး၊ နဂို ကတည္းက အိမ္ရဲ႕ စရိတ္ေလးလည္းရေအာင္လို႔ ေရာင္းတာပါ၊ ႀကဳံရင္ႀကဳံသလိုေတာ့ လႉျဖစ္ေနတာပဲ၊ မလႉ တတ္ရင္ ေဈးေရာင္းပါဆိုတာလည္း ရွိတာ ပဲမဟုတ္လား၊ အခုကာလကေတာ့ သိတဲ့အတိုင္းပဲေလ၊ အကုန္လုံးက ဘာမွကိုလုပ္လို႔မွမရတာ၊ ေဈးေရာင္းတာေလးနဲ႔ပဲလုပ္ရင္း လႉတယ္၊ ဒီကုသိုလ္ေလးကပဲ ဘဝမွာ ပါသြားမွာေလ”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ ယခင္ကတည္းက ဗီဒီယိုဇာတ္ကားေတြ၊ ႐ုပ္ရွင္ဇာတ္ကားအမ်ားအျပားမွာ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဗီဒီယိုေဈးကြက္ေကာင္းခ်ိန္ကိုလည္း မွီခဲ့သူျဖစ္သလို ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာ ရရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။ “အႏုပညာအလုပ္ကေတာ့ လုပ္ေနဦးမွာပါ၊ ဒါကလည္း ကိုယ္ဝါသနာပါတာေလ၊ ဝါသနာပါတာေလး လုပ္ရရင္ ေပ်ာ္တယ္ေလ၊ ဒီဆိုင္ ေလးက အိမ္စရိတ္အတြက္ေထာက္ကူျပဳေတာ့ ကိုယ္ဝါသနာပါတာေလးကို ေအးေဆးလုပ္လို႔ရမွာေပ့ါ၊ ဒါေပမဲ့ ေလာေလာဆယ္က COVID ကလည္း မၿပီးေသးေတာ့ ဘယ္အခ်ိန္က်မွ ျပန္ၿပီး႐ိုက္ကူးေရးေတြအတြက္ ခြင့္ျပဳေပးမလဲေတာ့ မသိဘူးေနာ္၊ ေျပာထားဆိုထားတဲ့ ကားေတြေတာ့ရွိတယ္၊ အဲ့ဒါေတြကလည္း COVID ေၾကာင့္ ရပ္ထားရတယ္၊ ဒီကာလမွာ ကိုယ့္ကိုယ္ ကိုလည္း ဂ႐ုစိုက္ၾကပါ၊ တာဝန္ရွိသူေတြရဲ႕ ထုတ္ျပန္ခ်က္ ေတြကိုလည္း ေသေသခ်ာခ်ာနားေထာင္ရင္း က်န္းမာေရးကိုလည္း ဂ႐ုစိုက္ၾကပါ၊ ကုသိုလ္အေရးလည္း မေမ့ပါနဲ႔”လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)