【 အနုပညာသတင်း 】အွန်လိုင်း Shopping လုပ်ရင်း မထင်မှတ်အောင် အမြတ်တွေ ရခဲ့တယ်လို့ဆိုတဲ့ သရုပ်ဆောင် နွေးနွေးချစ်ဖွယ်

【  အနုပညာသတင်း  】အွန်လိုင်း Shopping လုပ်ရင်း မထင်မှတ်အောင် အမြတ်တွေ ရခဲ့တယ်လို့ဆိုတဲ့ သရုပ်ဆောင် နွေးနွေးချစ်ဖွယ်

အခုလို ကာလမှာ အွန်လိုင်းကနေ ဈေးရောင်းချရင်းနဲ့ မထင်မှတ်တဲံ အမြတ်ငွေတွေကိုလည်း ရရှိခဲ့တယ်လို့ သရုပ်ဆောင် နွေးနွေးချစ်ဖွယ်က ပြောပါတယ်။သူဟာ သရုပ်ဆောင်လုပ်ကိုင်တာတွေအပြင် တေးသီချင်းသီဆိုတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး အခုလို ကာလမှာ အလုပ်တွေလည်းနားနေရတဲ့အခြေအနေကြောင့် စီးပွားရေးတစ်ခုအနေနဲ့ အွန်လိုင်း Shopping ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“အခုလိုအလုပ်တွေအားတဲ့အချိန်မှာ စိတ်မလေအောင်လို့ စီးပွားရေး တစ်ခုကို လုပ်မယ်ဆိုပြီးတော့ လက်လှမ်းလိုက်တယ်၊ ဒီလိုမျိုး ရောင်းတဲ့အချိန်မှာ မထင်မှတ်လောက်အောင် အောင်မြင်ခဲ့တယ်၊ အချိန်တိုအတွင်းမှာ အမြတ်ငွေ ပိုက်ဆံတွေ တော်တော်ရလိုက်တယ်။ အမေကလည်း ဒီလိုကာလမှာ ပိုက်ဆံအရေးကြီးတယ်ဆိုတော့ ရသမျှအမြတ်ငွေတွေကို အမေ့ကို ကန်တော့လိုက်တယ်။အဓိက ကတော့ အမေ့ကိုစိတ်ချမ်းသာစေချင်တယ်။နွေး ငယ်ငယ်လေးကတည်းကလည်း ဝမ်းနည်းစရာ ဆိုရင် အမေ့ကို ထုတ်မပြောတတ်ဘူးလေ။ ကိုယ့်အပူက တခြားကိုကူးမှာစိုးပါတယ်၊ အခုလည်း ဒီလိုပဲ အေးချမ်းအောင်လို့ တော့ နေထိုင်ပါတယ်”လို့ ၎င်း က ရှင်းပြပါတယ်။

သူမအနေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ဖို့ပြင်ဆင်ထားတာတွေရှိပေမယ့် COVID 19 ကြောင့် ရပ်နားနေတဲ့ အချိန် မှာ စီးပွားရေးအလုပ်ကလေးတွေ အနည်းအကျဉ်းလောက်ကို လုပ်ဆောင်နေကြောင်း၊ အားလပ်ချိန်တွေမှာလည်း တရားဓမ္မတွေကို နာကြားကာ ဘဝကိုအေးချမ်းစွာနေထိုင်နေတယ်လို့ သိရပါတယ်။

 “ကိုယ်က အကြာကြီးလည်းတရားမနာနိုင်တော့ ဆရာတော်ဘုရားကြီးတွေရဲ့ တရားအတိုလေးတွေပေါ့၊ အဲ့ဒါလေးတွေကို နာကြားရင်း အေးအေးချမ်းချမ်းဖြစ်အောင်နေထိုင်ပါတယ်၊ ဝမ်းနည်းစရာရှိရင် ကြာကြာ ဆုပ်ကိုင်မထားဘူး၊ ငိုချလိုက်တယ်၊ အကြာကြီးစဉ်းစားရင် အကုသိုလ်စိတ်ဖြစ်လာတယ်၊ ကိုယ့်အတွက် မကောင်းဘူးလေ၊ အဲ့ဒါကြောင့်လည်း တရားတွေနာလိုက်တာမျိုးနဲ့ ဖျောက်တယ်၊ ဆရာတော်တွေရဲ့ တရားတော်တွေနဲ့ ကိုယ့်ကိုယ်ကို ခွန်အားယူရတယ်၊ ဘာသာတရားရဲ့အရိပ်အောက်မှာနေရင်းနဲ့ အေးချမ်းလာတယ်၊ လူတွေကိုကိုယ်ချင်းစာစိတ်တွေ၊ မေတ္တာမျက်လုံးလေးတွေနဲ့ကြည့်လာနိုင်တယ်၊ အဲ့လိုပဲ ကိုယ့်ကိုယ်ကို Strong ဖြစ်အောင်တော့ နေရင်းနဲ့ ဘဝကိုဖြတ်သန်းနေတာပေါ့”လို့ ၎င်းက ဆက်လက် ရှင်းပြပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- ကိုနိုင် NG)

ရန်ကုန်၊ နိုဝင်ဘာ ၂၇

 

( Zawgyi  )

 

အခုလို ကာလမွာ အြန္လိုင္းကေန ေဈးေရာင္းခ်ရင္းနဲ႔ မထင္မွတ္တဲံ အျမတ္ေငြေတြကိုလည္း ရရွိခဲ့တယ္လို႔ သ႐ုပ္ေဆာင္ ေႏြးေႏြးခ်စ္ဖြယ္က ေျပာပါတယ္။သူဟာ သ႐ုပ္ေဆာင္လုပ္ကိုင္တာေတြအျပင္ ေတးသီခ်င္းသီဆိုတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၿပီး အခုလို ကာလမွာ အလုပ္ေတြလည္းနားေနရတဲ့အေျခအေနေၾကာင့္ စီးပြားေရးတစ္ခုအေနနဲ႔ အြန္လိုင္း Shopping ကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

“အခုလိုအလုပ္ေတြအားတဲ့အခ်ိန္မွာ စိတ္မေလေအာင္လို႔ စီးပြားေရး တစ္ခုကို လုပ္မယ္ဆိုၿပီးေတာ့ လက္လွမ္းလိုက္တယ္၊ ဒီလိုမ်ိဳး ေရာင္းတဲ့အခ်ိန္မွာ မထင္မွတ္ေလာက္ေအာင္ ေအာင္ျမင္ခဲ့တယ္၊ အခ်ိန္တိုအတြင္းမွာ အျမတ္ေငြ ပိုက္ဆံေတြ ေတာ္ေတာ္ရလိုက္တယ္။ အေမကလည္း ဒီလိုကာလမွာ ပိုက္ဆံအေရးႀကီးတယ္ဆိုေတာ့ ရသမွ်အျမတ္ေငြေတြကို အေမ့ကို ကန္ေတာ့လိုက္တယ္။အဓိက ကေတာ့ အေမ့ကိုစိတ္ခ်မ္းသာေစခ်င္တယ္။ေႏြး ငယ္ငယ္ေလးကတည္းကလည္း ဝမ္းနည္းစရာ ဆိုရင္ အေမ့ကို ထုတ္မေျပာတတ္ဘူးေလ။ ကိုယ့္အပူက တျခားကိုကူးမွာစိုးပါတယ္၊ အခုလည္း ဒီလိုပဲ ေအးခ်မ္းေအာင္လို႔ ေတာ့ ေနထိုင္ပါတယ္”လို႔ ၎ က ရွင္းျပပါတယ္။

သူမအေနနဲ႔ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ဖို႔ျပင္ဆင္ထားတာေတြရွိေပမယ့္ COVID 19 ေၾကာင့္ ရပ္နားေနတဲ့ အခ်ိန္ မွာ စီးပြားေရးအလုပ္ကေလးေတြ အနည္းအက်ဥ္းေလာက္ကို လုပ္ေဆာင္ေနေၾကာင္း၊ အားလပ္ခ်ိန္ေတြမွာလည္း တရားဓမၼေတြကို နာၾကားကာ ဘဝကိုေအးခ်မ္းစြာေနထိုင္ေနတယ္လို႔ သိရပါတယ္။

 “ကိုယ္က အၾကာႀကီးလည္းတရားမနာႏိုင္ေတာ့ ဆရာေတာ္ဘုရားႀကီးေတြရဲ႕ တရားအတိုေလးေတြေပါ့၊ အဲ့ဒါေလးေတြကို နာၾကားရင္း ေအးေအးခ်မ္းခ်မ္းျဖစ္ေအာင္ေနထိုင္ပါတယ္၊ ဝမ္းနည္းစရာရွိရင္ ၾကာၾကာ ဆုပ္ကိုင္မထားဘူး၊ ငိုခ်လိုက္တယ္၊ အၾကာႀကီးစဥ္းစားရင္ အကုသိုလ္စိတ္ျဖစ္လာတယ္၊ ကိုယ့္အတြက္ မေကာင္းဘူးေလ၊ အဲ့ဒါေၾကာင့္လည္း တရားေတြနာလိုက္တာမ်ိဳးနဲ႔ ေဖ်ာက္တယ္၊ ဆရာေတာ္ေတြရဲ႕ တရားေတာ္ေတြနဲ႔ ကိုယ့္ကိုယ္ကို ခြန္အားယူရတယ္၊ ဘာသာတရားရဲ႕အရိပ္ေအာက္မွာေနရင္းနဲ႔ ေအးခ်မ္းလာတယ္၊ လူေတြကိုကိုယ္ခ်င္းစာစိတ္ေတြ၊ ေမတၱာမ်က္လုံးေလးေတြနဲ႔ၾကည့္လာႏိုင္တယ္၊ အဲ့လိုပဲ ကိုယ့္ကိုယ္ကို Strong ျဖစ္ေအာင္ေတာ့ ေနရင္းနဲ႔ ဘဝကိုျဖတ္သန္းေနတာေပါ့”လို႔ ၎က ဆက္လက္ ရွင္းျပပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ- ကိုႏိုင္ NG)

ရန္ကုန္၊ ႏိုဝင္ဘာ ၂၇