【 အနုပညာသတင်း 】သီချင်းအသစ်တွေ ထပ်ထွက်လာဖို့ပြင်ဆင်နေတယ်ဆိုတဲ့ G Fatt

【  အနုပညာသတင်း  】သီချင်းအသစ်တွေ ထပ်ထွက်လာဖို့ပြင်ဆင်နေတယ်ဆိုတဲ့ G Fatt

တေးသံရှင် G Fatt ဟာ အခုလို COVID ကာလထဲမှာ အခန်းအောင်းပြီးတော့ တေးသီချင်း တွေ အတွက်ကြိုးပမ်းနေပြီး တေးသီချင်းသစ်တွေ ထပ်ထွက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။ သူစီစဉ်နေ တဲ့ တေးသီချင်းတွေကို အွန်လိုင်းကနေတင်ပေးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းမှာ အခန်းအောင်းပြီး သီချင်းတစ်ပုဒ်ထဲနစ်ဝင်နေတာ မိုးလင်းကနေမိုးချုပ်အထိပါပဲ၊ အခန်းပြန်အောင်းပြီး အဲ့သီချင်းထဲ ပြန်ဝင်ရဦးမယ်၊ အဲ့သီချင်းပြီးတဲ့အထိလုပ်သွားမယ်၊ ဒါလေး ပြီးရင်တော့  Live လဲလွှင့်ပေးမယ်၊ Fandom Name လဲစဉ်းစားပြီးပါပြီ”လို့ သူက ဆိုပါတယ်။

အခုလိုကာလထဲမှာ သူ့အနေနဲ့ တေးသီချင်းသစ်တွေ ထွက်ရှိထားသလို “ရွက်လှေ” လို့နာမည်ရတဲ့ သီချင်းနဲ့ “အဝေး ပြေး လမ်းမ”လို့ နာမည်ရတဲ့ တေးသီချင်းသစ်တွေဟာ ပရိသတ် အားပေးမှုကို ရရှိထားတဲ့ တေးသီချင်းတွေလည်း ဖြစ်ပါတယ်။ နောက်ထပ်တေးသီချင်းသစ်တွေကို ပြင်ဆင်နေ ပြီး အွန်လိုင်းကနေ Live လွှင့်ရင်း ပရိသတ်ကို တေးသီချင်း တွေနဲ့မိတ် ဆက်ပေးတာတွေကို လည်း လုပ်ဆောင်လေ့ရှိပါတယ်။

သူဟာ လူငယ်တေးသံရှင်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ လူငယ်တေးသံရှင် တစ်ယောက် လည်း ဖြစ်သလို 8 day 8 month 8 hour လို့နာမည်ရတဲ့ တေးသီချင်းကနေ G Fatt အဖြစ် ပရိသတ်တွေက သူ့ကို စတင်သိရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ဖြစ်သလို Shwe FM က စီစဉ်ချီးမြင့်ခဲ့တဲ့ “Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသား တေးသံရှင်ဆု”ကို သူဟာ “အကယ်၍ လက်ထပ် ခဲ့ကြရင်”လို့ နာမည်ရတဲ့ တေးသီချင်းနဲ့ ဆုရရှိထားသူဖြစ်သလို ပထမဆုံးသော တစ်ကိုယ်တော် တေးစီးရီးခွေအဖြစ် “ဂျင်”လို့နာမည်ရတဲ့ စီးရီးထွက်ရှိထားပြီး “120/B”လို့ နာမည်ရတဲ့ တေးစီးရီးကိုလည်း ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးအဖြစ် ထုတ်လုပ်ထား တယ်လို့ သိရပါတယ်။

အခုဆိုရင် တေးသံရှင် G Fatt ဟာ ပရိသတ်တွေ အခိုင်အမာရရှိထားပြီး သူ့ရဲ့နာမည်တွေ၊ သူ့ရဲ့ရုပ်ပုံတွေကို အသားမှာ တက်တူးထိုးပြီး အားပေးတဲ့သူတွေလည်း အများအပြား ရှိလာခဲ့ တယ် လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၁၉

 

(  Zawgyi  )

 

 ေတးသံရွင္ G Fatt ဟာ အခုလို COVID ကာလထဲမွာ အခန္းေအာင္းၿပီးေတာ့ ေတးသီခ်င္း ေတြ အတြက္ႀကိဳးပမ္းေနၿပီး ေတးသီခ်င္းသစ္ေတြ ထပ္ထြက္လာဖို႔ရွိတယ္လို႔ ဆိုပါတယ္။ သူစီစဥ္ေန တဲ့ ေတးသီခ်င္းေတြကို အြန္လိုင္းကေနတင္ေပးဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ဒီရက္ပိုင္းမွာ အခန္းေအာင္းၿပီး သီခ်င္းတစ္ပုဒ္ထဲနစ္ဝင္ေနတာ မိုးလင္းကေနမိုးခ်ဳပ္အထိပါပဲ၊ အခန္းျပန္ေအာင္းၿပီး အဲ့သီခ်င္းထဲ ျပန္ဝင္ရဦးမယ္၊ အဲ့သီခ်င္းၿပီးတဲ့အထိလုပ္သြားမယ္၊ ဒါေလး ၿပီးရင္ေတာ့  Live လဲလႊင့္ေပးမယ္၊ Fandom Name လဲစဥ္းစားၿပီးပါၿပီ”လို႔ သူက ဆိုပါတယ္။

အခုလိုကာလထဲမွာ သူ႔အေနနဲ႔ ေတးသီခ်င္းသစ္ေတြ ထြက္ရွိထားသလို “႐ြက္ေလွ” လို႔နာမည္ရတဲ့ သီခ်င္းနဲ႔ “အေဝး ေျပး လမ္းမ”လို႔ နာမည္ရတဲ့ ေတးသီခ်င္းသစ္ေတြဟာ ပရိသတ္ အားေပးမႈကို ရရွိထားတဲ့ ေတးသီခ်င္းေတြလည္း ျဖစ္ပါတယ္။ ေနာက္ထပ္ေတးသီခ်င္းသစ္ေတြကို ျပင္ဆင္ေန ၿပီး အြန္လိုင္းကေန Live လႊင့္ရင္း ပရိသတ္ကို ေတးသီခ်င္း ေတြနဲ႔မိတ္ ဆက္ေပးတာေတြကို လည္း လုပ္ေဆာင္ေလ့ရွိပါတယ္။

သူဟာ လူငယ္ေတးသံရွင္ေတြၾကားမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိေနတဲ့ လူငယ္ေတးသံရွင္ တစ္ေယာက္ လည္း ျဖစ္သလို 8 day 8 month 8 hour လို႔နာမည္ရတဲ့ ေတးသီခ်င္းကေန G Fatt အျဖစ္ ပရိသတ္ေတြက သူ႔ကို စတင္သိရွိလာခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ေတးစီးရီးအေခြေတြမွာလည္း ပါဝင္သီဆိုလာရသူ တစ္ေယာက္ျဖစ္သလို Shwe FM က စီစဥ္ခ်ီးျမင့္ခဲ့တဲ့ “Facebook Page ကေန ပရိသတ္သီခ်င္းေတာင္းဆိုမႈ အမ်ားဆုံး အမ်ိဳးသား ေတးသံရွင္ဆု”ကို သူဟာ “အကယ္၍ လက္ထပ္ ခဲ့ၾကရင္”လို႔ နာမည္ရတဲ့ ေတးသီခ်င္းနဲ႔ ဆုရရွိထားသူျဖစ္သလို ပထမဆုံးေသာ တစ္ကိုယ္ေတာ္ ေတးစီးရီးေခြအျဖစ္ “ဂ်င္”လို႔နာမည္ရတဲ့ စီးရီးထြက္ရွိထားၿပီး “120/B”လို႔ နာမည္ရတဲ့ ေတးစီးရီးကိုလည္း ဒုတိယေျမာက္ တစ္ကိုယ္ေတာ္ စီးရီးအျဖစ္ ထုတ္လုပ္ထား တယ္လို႔ သိရပါတယ္။

အခုဆိုရင္ ေတးသံရွင္ G Fatt ဟာ ပရိသတ္ေတြ အခိုင္အမာရရွိထားၿပီး သူ႔ရဲ႕နာမည္ေတြ၊ သူ႔ရဲ႕႐ုပ္ပုံေတြကို အသားမွာ တက္တူးထိုးၿပီး အားေပးတဲ့သူေတြလည္း အမ်ားအျပား ရွိလာခဲ့ တယ္ လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၁၉