【 အနုပညာသတင်း 】မွေးနေ့အတွက် အလှူဆက်တိုက်လုပ်ဖို့ရှိနေတဲ့ ဝတ်မှုံရွှေရည်

【  အနုပညာသတင်း  】မွေးနေ့အတွက် အလှူဆက်တိုက်လုပ်ဖို့ရှိနေတဲ့ ဝတ်မှုံရွှေရည်

သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ သူမရဲ့ မွေးနေ့အတွက် အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ စားနပ်ရိက္ခာအလှူဒါနအဖြစ်လုပ်ဆောင်စဉ် ပြောကြားခဲ့ပါတယ်။

သူမရဲ့မွေးနေ့ဟာ ဩဂုတ် ၁၀ ရက်မှာ ကျရောက်မှာဖြစ်သလို အဲ့ဒီမတိုင်ခင် ဩဂုတ် ၇ ရက်် ကတည်းက မွေးနေ့ အကြို အလှူအဖြစ် အနုပညာလောကထဲက စက်မှုလုပ်သား အယောက် (၄၅၀) အတွက် စားနပ်ရိက္ခာလှူဒါန်းတာတွေ၊ မွေးနေ့မတိုင်ခင် အလှူအတန်းတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 “မွေးနေ့ဖြစ်တဲ့ ၁၀ ရက်ကျော်ရင် လည်း နောက်ထပ် လိုအပ်တဲ့နေရာတွေမှာ ကစ်သွားလှူဦးမှာ ပါ။ ကိုယ့် အနုပညာလောကသားတွေထဲက တကယ်လိုအပ်နေတဲ့နေရာတွေရှိသေးတယ်လေ အဲဒီနေရာတွေကို သွားလှူမှာပါ။ အရမ်းလည်း ပီတိဖြစ်မိတယ်၊ သူတို့ပျော်နေတာတွေ တွေ့ရ တော့ ကစ်ကိုယ်တိုင်လည်း တကယ်ပျော်နေရပါတယ်”လို့ သူမက ရှင်းပြပါတယ်။

လက်ရှိမှာလည်း ရိုက်ကူးဖို့လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေရှိနေသလို မကြာခင်ရိုက်ကူးနိုင်ရေး အတွက် ပြင်ဆင်တာတွေရှိနေပါတယ်။

သူမဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိကာ ပရိသတ်တွေ သတိထား လာမိခဲ့သလို ၂၀၀၈ ခုနှစ်မှ စတင်၍ ဇာတ်ကားများနှင့် ကြော်ငြာများစွာကို ရိုက်ကူးခဲ့ကြောင်း၊ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ၂၀၁၃ ခုနှစ်က လည်းကောင်း၊ “နှလုံးသားနဲ့ပြုလုပ်သည်” ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ကို ၂၀၁၄ ခုနှစ်က လည်းကောင်း ရရှိခဲ့တယ်လို့ သိရပါတယ်။

သူမဟာ အလှူအတန်းကိုလည်း ရက်ရောစွာလုပ်ဆောင်တတ်သူတစ်ဦးလည်းဖြစ်သလို အခုလို အလှူဒါနတွေအပြင် COVID 19 ကာလအတွင်းမှာလည်း လှူဒါန်းတာတွေရှိနေသလို သူမရရှိခဲ့တဲ့ အကယ်ဒမီရွှေကြယ်ကိုလည်း မှော်ဘီမြို့ နယ်က အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက လှူဒါန်းခဲ့ပါသေးတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဩဂုတ် ၁၀

(  Zawgyi  )

 သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္ဟာ သူမရဲ႕ ေမြးေန႔အတြက္ အလႉအတန္းေတြ ဆက္တိုက္ျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ စားနပ္ရိကၡာအလႉဒါနအျဖစ္လုပ္ေဆာင္စဥ္ ေျပာၾကားခဲ့ပါတယ္။

သူမရဲ႕ေမြးေန႔ဟာ ဩဂုတ္ ၁၀ ရက္မွာ က်ေရာက္မွာျဖစ္သလို အဲ့ဒီမတိုင္ခင္ ဩဂုတ္ ၇ ရက္္ ကတည္းက ေမြးေန႔ အႀကိဳ အလႉအျဖစ္ အႏုပညာေလာကထဲက စက္မႈလုပ္သား အေယာက္ (၄၅၀) အတြက္ စားနပ္ရိကၡာလႉဒါန္းတာေတြ၊ ေမြးေန႔မတိုင္ခင္ အလႉအတန္းေတြကို ဆက္တိုက္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

 “ေမြးေန႔ျဖစ္တဲ့ ၁၀ ရက္ေက်ာ္ရင္ လည္း ေနာက္ထပ္ လိုအပ္တဲ့ေနရာေတြမွာ ကစ္သြားလႉဦးမွာ ပါ။ ကိုယ့္ အႏုပညာေလာကသားေတြထဲက တကယ္လိုအပ္ေနတဲ့ေနရာေတြရွိေသးတယ္ေလ အဲဒီေနရာေတြကို သြားလႉမွာပါ။ အရမ္းလည္း ပီတိျဖစ္မိတယ္၊ သူတို႔ေပ်ာ္ေနတာေတြ ေတြ႕ရ ေတာ့ ကစ္ကိုယ္တိုင္လည္း တကယ္ေပ်ာ္ေနရပါတယ္”လို႔ သူမက ရွင္းျပပါတယ္။

လက္ရွိမွာလည္း ႐ိုက္ကူးဖို႔လက္ခံထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ေၾကာ္ျငာေတြရွိေနသလို မၾကာခင္႐ိုက္ကူးႏိုင္ေရး အတြက္ ျပင္ဆင္တာေတြရွိေနပါတယ္။

သူမဟာ Kanebo ေၾကာ္ျငာနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိကာ ပရိသတ္ေတြ သတိထား လာမိခဲ့သလို ၂၀၀၈ ခုႏွစ္မွ စတင္၍ ဇာတ္ကားမ်ားႏွင့္ ေၾကာ္ျငာမ်ားစြာကို ႐ိုက္ကူးခဲ့ေၾကာင္း၊ “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ၂၀၁၃ ခုႏွစ္က လည္းေကာင္း၊ “ႏွလုံးသားနဲ႔ျပဳလုပ္သည္” ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု ကို ၂၀၁၄ ခုႏွစ္က လည္းေကာင္း ရရွိခဲ့တယ္လို႔ သိရပါတယ္။

သူမဟာ အလႉအတန္းကိုလည္း ရက္ေရာစြာလုပ္ေဆာင္တတ္သူတစ္ဦးလည္းျဖစ္သလို အခုလို အလႉဒါနေတြအျပင္ COVID 19 ကာလအတြင္းမွာလည္း လႉဒါန္းတာေတြရွိေနသလို သူမရရွိခဲ့တဲ့ အကယ္ဒမီေ႐ႊၾကယ္ကိုလည္း ေမွာ္ဘီၿမိဳ႕ နယ္က ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ ၂၀၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလက လႉဒါန္းခဲ့ပါေသးတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဩဂုတ္ ၁၀