【 သိပ္ပံ 】ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ကိုယ်ဖျောက်နေထိုင်တာဖြစ်နိုင်ဟု ပထမဆုံးဗြိတိန်အမျိုးသမီးအာကာသယာဉ်မှူးပြော

【  သိပ္ပံ  】ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ကိုယ်ဖျောက်နေထိုင်တာဖြစ်နိုင်ဟု ပထမဆုံးဗြိတိန်အမျိုးသမီးအာကာသယာဉ်မှူးပြော

ဒီကမ္ဘာမှာပဲ ဂြိုဟ်သားတွေက ကိုယ်ဖျောက်ပြီးနေထိုင်တာဖြစ်နိုင်တယ်လို့ ပထမဆုံးသော ဗြိတိန်အမျိုးသမီးအာကာသယာဉ်မှူး ဒေါက်တာ ဟယ်လင်ရှာမန်က ပြောပါတယ်။ အသက် ၅၆ နှစ်အရွယ် ဒေါက်တာဟယ်လင်ရှာမန်ဟာ သူအသက် ၂၇ နှစ်အရွယ် ၁၉၉၁ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုအာကာသစခန်း Mir ကို သွားရောက်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးသူရဲကောင်း ဖြစ်လာခဲ့ပါတယ်။

အစားအသောက်ဓာတုပညာရှင်အဖြစ်နဲ့ အလုပ်လုပ်နေရာက တစ်ရက်ရုံးကနေ အိမ်အပြန်လမ်းမှာ ရေဒီယိုကနေ အာကာသယာဉ်မှူး လျှောက်လွှာ ခေါ်ယူတဲ့အစီအစဉ်ကြားရင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ပြိုင်ဘက် ၁၃,၀၀၀ ကျော်ကို အနိုင်ရခဲ့ပြီး အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံ ရတာဖြစ်ပါတယ်။

ကမ္ဘာမှာ ဂြိုဟ်သားတွေရှိနေနိုင်မှုနဲ့ပတ်သက်ပြီး Observer မဂ္ဂဇင်းကို ဒေါက်တာရှာမန် အခုလိုပဲပြောကြားသွားပါတယ်။ ‘ကမ္ဘာမှာ ဂြိုဟ်သားတွေ ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ စကြာဝဠာထဲမှာ ဂြိုဟ်အရေအတွက် ဘီလျံချီရှိပြီး သက်ရှိပုံစံအမျိုးမျိုးလည်း ရှိမှာပါပဲ။ ကျွန်မတို့ သူလိုငါလိုပဲ ကာဗွန်တို့၊ နိုက်ထရိုဂျင်ဒြပ်တွေနဲ့ ဖွဲ့စည်းထားတဲ့သက်ရှိတွေ ဖြစ်လည်းဖြစ်နိုင်တယ်၊ မဖြစ်တာလည်းရှိမယ်။ အခုတစ်ဒင်္ဂမှာတင် သူတို့ဒီနား ရှိချင်ရှိနေမယ်။ ကျွန်မတို့မျက်စိနဲ့ မမြင်ရတာပဲ ရှိမယ်’လို့ ပထမဆုံးသော ဗြိတိန်အမျိုးသမီး အာကာသသူရဲကောင်း ဒေါက်တာ ဟယ်လင်ရှာမန် က ပြောကြားခဲ့ပါတယ်။

ရည်မွန်
Ref: mirror.co.uk
လန်ဒန်၊ ဇန်နဝါရီ ၇

(  Zawgyi  )

 ဒီကမာၻမွာပဲ ၿဂိဳဟ္သားေတြက ကိုယ္ေဖ်ာက္ၿပီးေနထိုင္တာျဖစ္ႏိုင္တယ္လို႔ ပထမဆုံးေသာ ၿဗိတိန္အမ်ိဳးသမီးအာကာသယာဥ္မႉး ေဒါက္တာ ဟယ္လင္ရွာမန္က ေျပာပါတယ္။ အသက္ ၅၆ ႏွစ္အ႐ြယ္ ေဒါက္တာဟယ္လင္ရွာမန္ဟာ သူအသက္ ၂၇ ႏွစ္အ႐ြယ္ ၁၉၉၁ခုႏွစ္မွာ ဆိုဗီယက္ ျပည္ေထာင္စုအာကာသစခန္း Mir ကို သြားေရာက္ႏိုင္ခဲ့တဲ့ ပထမဆုံးအမ်ိဳးသမီးအာကာသယာဥ္မႉးသူရဲေကာင္း ျဖစ္လာခဲ့ပါတယ္။

အစားအေသာက္ဓာတုပညာရွင္အျဖစ္နဲ႔ အလုပ္လုပ္ေနရာက တစ္ရက္႐ုံးကေန အိမ္အျပန္လမ္းမွာ ေရဒီယိုကေန အာကာသယာဥ္မႉး ေလွ်ာက္လႊာ ေခၚယူတဲ့အစီအစဥ္ၾကားရင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာပါ။ ၿပိဳင္ဘက္ ၁၃,၀၀၀ ေက်ာ္ကို အႏိုင္ရခဲ့ၿပီး အာကာသယာဥ္မႉးအျဖစ္ ေ႐ြးခ်ယ္ခံ ရတာျဖစ္ပါတယ္။

ကမာၻမွာ ၿဂိဳဟ္သားေတြရွိေနႏိုင္မႈနဲ႔ပတ္သက္ၿပီး Observer မဂၢဇင္းကို ေဒါက္တာရွာမန္ အခုလိုပဲေျပာၾကားသြားပါတယ္။ ‘ကမာၻမွာ ၿဂိဳဟ္သားေတြ ရွိေနတယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ စၾကာဝဠာထဲမွာ ၿဂိဳဟ္အေရအတြက္ ဘီလ်ံခ်ီရွိၿပီး သက္ရွိပုံစံအမ်ိဳးမ်ိဳးလည္း ရွိမွာပါပဲ။ ကြၽန္မတို႔ သူလိုငါလိုပဲ ကာဗြန္တို႔၊ ႏိုက္ထ႐ိုဂ်င္ျဒပ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့သက္ရွိေတြ ျဖစ္လည္းျဖစ္ႏိုင္တယ္၊ မျဖစ္တာလည္းရွိမယ္။ အခုတစ္ဒဂၤမွာတင္ သူတို႔ဒီနား ရွိခ်င္ရွိေနမယ္။ ကြၽန္မတို႔မ်က္စိနဲ႔ မျမင္ရတာပဲ ရွိမယ္’လို႔ ပထမဆုံးေသာ ၿဗိတိန္အမ်ိဳးသမီး အာကာသသူရဲေကာင္း ေဒါက္တာ ဟယ္လင္ရွာမန္ က ေျပာၾကားခဲ့ပါတယ္။

ရည္မြန္
Ref: mirror.co.uk
လန္ဒန္၊ ဇန္နဝါရီ ၇