【 နည်းပညာ 】Samsung ထုတ်ကုန်သစ်တွေ Galaxy unpack ပွဲမှာ မိတ်ဆက်

 【  နည်းပညာ  】Samsung ထုတ်ကုန်သစ်တွေ Galaxy unpack ပွဲမှာ မိတ်ဆက်

ဩဂုတ် ၅ ရက်နေ့မှာပြုလုပ်တဲ့ Samsung ရဲ့ Galaxy unpack မှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါမိတ်ဆက်ပွဲမှာ ဘယ်လိုထုတ်ကုန်သစ်တွေမိတ်ဆက်သွားလဲဆိုရင် Note 20, Tab s7, Galaxy Watch, Buds Live နဲ့ Z Fold 2 တွေလို စမတ်ဖုန်းတွေ၊ တက်ဘလက်၊ စမတ်နာရီနဲ့ ကြိုးမဲ့နားကြပ် အစရှိတဲ့ ထုတ်ကုန်သစ်တွေ စုံစုံလင်လင်ကို မိတ်ဆက်သွားခဲ့ပါတယ်။

Samsung မိတ်ဆက်သွားတဲ့ ထုတ်ကုန်သစ်တွေထဲက ဘယ်ထုတ်ကုန်ကို လူစိတ်ဝင်စားမှုများသလဲဆိုရင် Note 20 စမတ်ဖုန်းသစ်လို့ ဖြေရမှာပါပဲ။ Galaxy Note ကနေ စတင်ခဲ့ပြီး မျက်နှာပြင်ကြီးမားပြီး Stylus Pen ပါဝင်တဲ့ Galaxy Note စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဆိုရင် အခုဆို Note 20 အထိ ရောက်ရှိလာခဲ့ပါပြီ။ Galaxy Note 20 မှာလည်း Note 20 နဲ့ Note 20 Ultra ဆိုပြီး အရွယ်အစားမတူညီတဲ့ စမတ်ဖုန်းနှစ်မျိုး ထွက်ရှိလာမှာပါ။ Note 20 နဲ့ Note 20 Ultra မှာ ကွာခြားသွားတာက အရွယ်အစားနဲ့ ကင်မရာပိုင်းဖြစ်ပြီး၊ Note 20 Ultra မှာ laser auto focus အာရုံခံကိရိယာတစ်ခု အပိုပါဝင်မှာဖြစ်ပါတယ်။ယခင် Note 10 series ထက် ကင်မရာပိုင်းကိုလည်း မြှင့်တင်ထားပြီး Zoom Speed Controller နည်းပညာ ပါဝင်လာပြီဖြစ်ပါတယ်။ S Pen ကိုလည်း ထိတွေ့အသုံးပြုရမြန်ဆန်အောင် အဆင်မြှင့်တင်ထားပါသေးတယ်။ဒါ့အပြင် ဘက်ထရီအားသွင်းရာမှာလည်း ၅၀ ရာခိုင်နှုန်းကို ၃၀ မိနစ်အတွင်း သွင်းနိုင်မယ်လို့လည်း Galaxy unpack ပွဲမှာ ကြေညာခဲ့ပါသေးတယ်။

Galaxy Note 20 series မှာ တစ်ခုထူးခြားသွားတာကတော့ Xbox ဂိမ်းတွေကို Note 20 series ပေါ်မှာ ဆော့ကစားနိုင်တော့မှာဖြစ်ပြီး၊ Cloud ဂိမ်းပေါင်း တစ်ရာကျော်ကို member ဝင်ပြီး ဆော့ကစားနိုင်တော့မယ်လို့လည်း သိရပါတယ်။

Damien

 

(  Zawgyi  )

 

 ဩဂုတ္ ၅ ရက္ေန႔မွာျပဳလုပ္တဲ့ Samsung ရဲ႕ Galaxy unpack မွာ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

အဆိုပါမိတ္ဆက္ပြဲမွာ ဘယ္လိုထုတ္ကုန္သစ္ေတြမိတ္ဆက္သြားလဲဆိုရင္ Note 20, Tab s7, Galaxy Watch, Buds Live နဲ႔ Z Fold 2 ေတြလို စမတ္ဖုန္းေတြ၊ တက္ဘလက္၊ စမတ္နာရီနဲ႔ ႀကိဳးမဲ့နားၾကပ္ အစရွိတဲ့ ထုတ္ကုန္သစ္ေတြ စုံစုံလင္လင္ကို မိတ္ဆက္သြားခဲ့ပါတယ္။

Samsung မိတ္ဆက္သြားတဲ့ ထုတ္ကုန္သစ္ေတြထဲက ဘယ္ထုတ္ကုန္ကို လူစိတ္ဝင္စားမႈမ်ားသလဲဆိုရင္ Note 20 စမတ္ဖုန္းသစ္လို႔ ေျဖရမွာပါပဲ။ Galaxy Note ကေန စတင္ခဲ့ၿပီး မ်က္ႏွာျပင္ႀကီးမားၿပီး Stylus Pen ပါဝင္တဲ့ Galaxy Note စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့တာဆိုရင္ အခုဆို Note 20 အထိ ေရာက္ရွိလာခဲ့ပါၿပီ။ Galaxy Note 20 မွာလည္း Note 20 နဲ႔ Note 20 Ultra ဆိုၿပီး အ႐ြယ္အစားမတူညီတဲ့ စမတ္ဖုန္းႏွစ္မ်ိဳး ထြက္ရွိလာမွာပါ။ Note 20 နဲ႔ Note 20 Ultra မွာ ကြာျခားသြားတာက အ႐ြယ္အစားနဲ႔ ကင္မရာပိုင္းျဖစ္ၿပီး၊ Note 20 Ultra မွာ laser auto focus အာ႐ုံခံကိရိယာတစ္ခု အပိုပါဝင္မွာျဖစ္ပါတယ္။ယခင္ Note 10 series ထက္ ကင္မရာပိုင္းကိုလည္း ျမႇင့္တင္ထားၿပီး Zoom Speed Controller နည္းပညာ ပါဝင္လာၿပီျဖစ္ပါတယ္။ S Pen ကိုလည္း ထိေတြ႕အသုံးျပဳရျမန္ဆန္ေအာင္ အဆင္ျမႇင့္တင္ထားပါေသးတယ္။ဒါ့အျပင္ ဘက္ထရီအားသြင္းရာမွာလည္း ၅၀ ရာခိုင္ႏႈန္းကို ၃၀ မိနစ္အတြင္း သြင္းႏိုင္မယ္လို႔လည္း Galaxy unpack ပြဲမွာ ေၾကညာခဲ့ပါေသးတယ္။

Galaxy Note 20 series မွာ တစ္ခုထူးျခားသြားတာကေတာ့ Xbox ဂိမ္းေတြကို Note 20 series ေပၚမွာ ေဆာ့ကစားႏိုင္ေတာ့မွာျဖစ္ၿပီး၊ Cloud ဂိမ္းေပါင္း တစ္ရာေက်ာ္ကို member ဝင္ၿပီး ေဆာ့ကစားႏိုင္ေတာ့မယ္လို႔လည္း သိရပါတယ္။

Damien