【 နည်းပညာ 】Redmi မှ ဂိမ်းအသားပေး လက်ပ်တော့ကို မိတ်ဆက်

【  နည်းပညာ  】Redmi မှ ဂိမ်းအသားပေး လက်ပ်တော့ကို မိတ်ဆက်

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi အမှတ်တံဆိပ်ခွဲ Redmi အမှတ်တံဆိပ်ရဲ့ နည်းပညာ နယ်ပယ်ချဲ့ထွင်မှုဟာ ကြီးမားလာပြီလို့ ဆိုရမှာပါ။

ယခုလည်း Redmi မှ ၎င်းရဲ့ ပထမဆုံး ဂိမ်းအသားပေး လက်ပ်တော့ဖြစ်တဲ့ Redmi G Gaming Laptop ကို မိတ်ဆက်လိုက်ပြန်ပြီလည်း ဖြစ်ပါတယ်။

Redmi G Gaming Laptop ဟာ မတူညီတဲ့ Chipset ၃ မျိုးနဲ့ မောင်းနှင်ပေးထားပြီး ထုတ်ကုန် ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ version ၃ မျိုးဟာ Chipset တွေ ကွဲပြားမှာဖြစ်ပေမယ့် အခြေခံ ဒီဇိုင်းပုံစံနဲ့ စနစ်တွေကတော့ တူညီမှာပါပဲ။

Redmi G Gaming Laptop တွေမှာ ၁၆.၁ လက်မ LCD မျက်နှာပြင် အသုံးပြုထားပြီး၊ 144Hz refresh rate နဲ့ 300nits အလင်းပေးနိုင်မှု နည်းပညာတွေ ပါဝင်မှာဖြစ်ပါတယ်။အခြေခံ version မှာတော့ 60Hz refresh rate သာ ပါဝင်မှာပါ။

Redmi G Gaming Laptop ရဲ့ အခြေခံ version မှာ 10th Gen Intel Core i5-10200H ၊ NVIDIA GeForce GTX 1650 GPU ပါဝင်မှာဖြစ်ပြီး၊ ဒုတိယ version မှာ 10th Gen Intel Core i5-10300H ၊ NVIDIA GeForce GTX 1650 Ti ပါဝင်ကာ အမြင့်ဆုံး version မှာတော့ 10th Gen Intel Core i7-10750H ၊ NVIDIA GeForce GTX 1650 Ti ပါဝင်မှာဖြစ်ပါတယ်။ မမ်မိုရီပမာဏကတော့ 16GB DDR4 RAM တွေကို version သုံးခုလုံးမှာ ထည့်သွင်းပေးထား ပါတယ်။

Redmi G Gaming Laptop တွေမှာ ဂိမ်းဆော့နေရင်း အပူချိန်တက်မလာစေရန် Hurricane Cooling 2.0 Copper Cooling System ထည့်သွင်းပါဝင်မှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အနိမ့်ဆုံး မြန်မာငွေ ၁၀ သိန်းကျော်ကနေ စတင်မယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi အမွတ္တံဆိပ္ခြဲ Redmi အမွတ္တံဆိပ္ရဲ႕ နည္းပညာ နယ္ပယ္ခ်ဲ႕ထြင္မႈဟာ ႀကီးမားလာၿပီလို႔ ဆိုရမွာပါ။

ယခုလည္း Redmi မွ ၎ရဲ႕ ပထမဆုံး ဂိမ္းအသားေပး လက္ပ္ေတာ့ျဖစ္တဲ့ Redmi G Gaming Laptop ကို မိတ္ဆက္လိုက္ျပန္ၿပီလည္း ျဖစ္ပါတယ္။

Redmi G Gaming Laptop ဟာ မတူညီတဲ့ Chipset ၃ မ်ိဳးနဲ႔ ေမာင္းႏွင္ေပးထားၿပီး ထုတ္ကုန္ ၃ မ်ိဳးထြက္ရွိလာမွာျဖစ္ပါတယ္။ version ၃ မ်ိဳးဟာ Chipset ေတြ ကြဲျပားမွာျဖစ္ေပမယ့္ အေျခခံ ဒီဇိုင္းပုံစံနဲ႔ စနစ္ေတြကေတာ့ တူညီမွာပါပဲ။

Redmi G Gaming Laptop ေတြမွာ ၁၆.၁ လက္မ LCD မ်က္ႏွာျပင္ အသုံးျပဳထားၿပီး၊ 144Hz refresh rate နဲ႔ 300nits အလင္းေပးႏိုင္မႈ နည္းပညာေတြ ပါဝင္မွာျဖစ္ပါတယ္။အေျခခံ version မွာေတာ့ 60Hz refresh rate သာ ပါဝင္မွာပါ။

Redmi G Gaming Laptop ရဲ႕ အေျခခံ version မွာ 10th Gen Intel Core i5-10200H ၊ NVIDIA GeForce GTX 1650 GPU ပါဝင္မွာျဖစ္ၿပီး၊ ဒုတိယ version မွာ 10th Gen Intel Core i5-10300H ၊ NVIDIA GeForce GTX 1650 Ti ပါဝင္ကာ အျမင့္ဆုံး version မွာေတာ့ 10th Gen Intel Core i7-10750H ၊ NVIDIA GeForce GTX 1650 Ti ပါဝင္မွာျဖစ္ပါတယ္။ မမ္မိုရီပမာဏကေတာ့ 16GB DDR4 RAM ေတြကို version သုံးခုလုံးမွာ ထည့္သြင္းေပးထား ပါတယ္။

Redmi G Gaming Laptop ေတြမွာ ဂိမ္းေဆာ့ေနရင္း အပူခ်ိန္တက္မလာေစရန္ Hurricane Cooling 2.0 Copper Cooling System ထည့္သြင္းပါဝင္မွာျဖစ္ၿပီး၊ ေဈးႏႈန္းကေတာ့ အနိမ့္ဆုံး ျမန္မာေငြ ၁၀ သိန္းေက်ာ္ကေန စတင္မယ္လို႔ သိရပါတယ္။

Damien