【 နည်းပညာ 】Powerbeats Pro နားကြပ်တွေ အရောင်စုံလင်စွာနဲ့လာတော့မည်

【  နည်းပညာ  】Powerbeats Pro နားကြပ်တွေ အရောင်စုံလင်စွာနဲ့လာတော့မည်

Headphone တွေ နားကြပ်တွေနဲ့ အသံကိရိယာတွေ ထုတ်လုပ်တဲ့နေရာမှာ နာမည်ကျော်တဲ့ Beats ကုမ္ပဏီမှ Powerbeats Pro true wireless earbuds ကြိုးမဲ့နားကြပ်ရဲ့ အရောင်အသစ်တွေကို မိတ်ဆက်လိုက်ပြန်ပါပြီ။ Beats အနေနဲ့ Powerbeats Pro နားကြပ်ရဲ့ အရောင်သစ်လေးမျိုးကို ထပ်မံမိတ်ဆက်သွားတာလည်း ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် Powerbeats Pro အရောင်သစ်လေးမျိုးဟာ ယခင်ထွက်ရှိထားတဲ့ အရောင်တွေထက် ပိုမိုတောက်ပပြီး ဆွဲဆောင်မှုပိုရှိမယ်လို့ Beats မှ ဆိုထားပြီး မိတ်ဆက်သွားမယ့် အရောင်သစ်တွေကတော့ အဝါ၊ ပန်းရောင်၊ အနီနဲ့ အပြာရောင်တို့ပဲ ဖြစ်ပါတယ်။

Beats အနေနဲ့ ပထမဆုံး Powerbeats Pro ကို ၂၀၁၉ ခုနှစ် ဧပြီလမှာ မိတ်ဆက်ခဲ့တာပါ။ဘက်ထရီအနေနဲ့ ၉ နာရီဆက်တိုက် အသုံးခံမှာဖြစ်ပြီး၊ အားသွင်းဘူးနဲ့ဆိုရင်တော့ ၂၄ နာရီ အသုံးခံမှာ ဖြစ်ပါတယ်။ IPX4 အဆင့် ရေစိမ်ခံမှာလည်းဖြစ်ပြီး၊ နားချိတ်တဲ့ ကိရိယာလေးကို သုံးစွဲသူနားနဲ့ ကိုက်ညီအောင် ချိန်ညှိနိုင်မှာပါ။

နားကြပ်ရေး ဘေးဘောင်တွေမှာ အသံအတိုးအလျှော့ ခလုတ်တွေကို တပ်ဆင်ပေးထားပြီး၊ Apple ရဲ့ H1 chip ကလည်း စမတ်ဖုန်းနဲ့ အဆင်ပြေစွားချိတ်ဆက်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ဒါ့အပြင် Apple ရဲ့ နာမည်ကျော် အသံထိန်းချုပ်စေခိုင်းမှု "Hey Siri" ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Powerbeats Pro ရဲ့ အရောင်သစ်လေးမျိုးကို Apple ရဲ့ စတိုးတွေ၊ ဝဘ်ဆိုက်တွေနဲ့ အခြားအရောင်းစင်တာတွေမှာ ဇွန် ၉ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ မြန်မာငွေ ၃၅၀,၀၀၀ ကျော်ခန့်ကနေ စတင်မယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi )

 Headphone ေတြ နားၾကပ္ေတြနဲ႔ အသံကိရိယာေတြ ထုတ္လုပ္တဲ့ေနရာမွာ နာမည္ေက်ာ္တဲ့ Beats ကုမၸဏီမွ Powerbeats Pro true wireless earbuds ႀကိဳးမဲ့နားၾကပ္ရဲ႕ အေရာင္အသစ္ေတြကို မိတ္ဆက္လိုက္ျပန္ပါၿပီ။ Beats အေနနဲ႔ Powerbeats Pro နားၾကပ္ရဲ႕ အေရာင္သစ္ေလးမ်ိဳးကို ထပ္မံမိတ္ဆက္သြားတာလည္း ျဖစ္ပါတယ္။

အသစ္ထြက္ရွိလာမယ့္ Powerbeats Pro အေရာင္သစ္ေလးမ်ိဳးဟာ ယခင္ထြက္ရွိထားတဲ့ အေရာင္ေတြထက္ ပိုမိုေတာက္ပၿပီး ဆြဲေဆာင္မႈပိုရွိမယ္လို႔ Beats မွ ဆိုထားၿပီး မိတ္ဆက္သြားမယ့္ အေရာင္သစ္ေတြကေတာ့ အဝါ၊ ပန္းေရာင္၊ အနီနဲ႔ အျပာေရာင္တို႔ပဲ ျဖစ္ပါတယ္။

Beats အေနနဲ႔ ပထမဆုံး Powerbeats Pro ကို ၂၀၁၉ ခုႏွစ္ ဧၿပီလမွာ မိတ္ဆက္ခဲ့တာပါ။ဘက္ထရီအေနနဲ႔ ၉ နာရီဆက္တိုက္ အသုံးခံမွာျဖစ္ၿပီး၊ အားသြင္းဘူးနဲ႔ဆိုရင္ေတာ့ ၂၄ နာရီ အသုံးခံမွာ ျဖစ္ပါတယ္။ IPX4 အဆင့္ ေရစိမ္ခံမွာလည္းျဖစ္ၿပီး၊ နားခ်ိတ္တဲ့ ကိရိယာေလးကို သုံးစြဲသူနားနဲ႔ ကိုက္ညီေအာင္ ခ်ိန္ညႇိႏိုင္မွာပါ။

နားၾကပ္ေရး ေဘးေဘာင္ေတြမွာ အသံအတိုးအေလွ်ာ့ ခလုတ္ေတြကို တပ္ဆင္ေပးထားၿပီး၊ Apple ရဲ႕ H1 chip ကလည္း စမတ္ဖုန္းနဲ႔ အဆင္ေျပစြားခ်ိတ္ဆက္ႏိုင္ေအာင္ ကူညီေပးမွာျဖစ္ပါတယ္။ဒါ့အျပင္ Apple ရဲ႕ နာမည္ေက်ာ္ အသံထိန္းခ်ဳပ္ေစခိုင္းမႈ "Hey Siri" ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Powerbeats Pro ရဲ႕ အေရာင္သစ္ေလးမ်ိဳးကို Apple ရဲ႕ စတိုးေတြ၊ ဝဘ္ဆိုက္ေတြနဲ႔ အျခားအေရာင္းစင္တာေတြမွာ ဇြန္ ၉ ရက္ေန႔ကေန စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး၊ ေဈးႏႈန္းကေတာ့ ျမန္မာေငြ ၃၅၀,၀၀၀ ေက်ာ္ခန႔္ကေန စတင္မယ္လို႔လည္း သိရပါတယ္။

Damien