【 နည်းပညာ 】OnePlus မှ တန်ဖိုးသင့်စမတ်ဖုန်း မိတ်ဆက်သွားတော့မည်

【   နည်းပညာ  】OnePlus မှ တန်ဖိုးသင့်စမတ်ဖုန်း မိတ်ဆက်သွားတော့မည်

OnePlus ကတော့ ကြီးထွားလာတဲ့ တန်ဖိုးသင့်စမတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပါပြီ။

OnePlus Nord အမည်ရ တန်ဖိုးသင့်စမတ်ဖုန်းကို လာမယ့် အင်္ဂါနေ့မှာ မိတ်ဆက်သွားမယ်လို့သိရပြီး ၎င်းရဲ့ အသေးစိတ်အချက်အလက်တွေဟာလည်း ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

OnePlus ကတော့ Nord အမည်ရ စမတ်ဖုန်းမှာ ကင်မရာခြောက်လုံး တပ်ဆင်ထားမယ်လို့ အတည်ပြုထားပါတယ်။တန်ဖိုးသင့်စမတ်ဖုန်းတွေမှာ အသုံးပြုမှုများတဲ့ Snapdragon 765G အလယ်လတ်စွမ်းဆောင်ရည် chip နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ ထူးခြားမှုတစ်ခုကတော့ တန်ဖိုးသင့်စမတ်ဖုန်းတွေမှာ တွေ့ရနည်းတဲ့ မမ်မိုရီ 12GB အထိ ရွေးချယ်လာနိုင်မှာပါပဲ။ဒါတွေအပြင် Google App များဖြစ်တဲ့ Messages, Dialer နဲ့ Duo တို့လို Google ဆော့ဖ်ဝဲလ်တွေ တစ်ပါတည်းပါဝင်လာမယ့် OnePlus ရဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာမှာပါ။

OnePlus Nord ရဲ့ မျက်နှာပြင်ပိုင်းကိုတော့ ကြည်လင်ပြတ်သားတဲ့ OLED မျက်နှာပြင်ကို ကင်မရာအပေါက်ဖောက် ထည့်သွင်းတပ်ဆင်တဲ့ပုံစံကို အသုံးပြုလာမှာဖြစ်ပါတယ်။ရှေ့ဘက် ကင်မရာကိုတော့ 32MP နဲ့ 8MP နှစ်လုံးတပ်ဆင်ထားပြီး၊ နောက်ဘက် ကင်မရာကတော့ အဓိက ကင်မရာက 48MP Sony IMX586 Sensor,  8MP Ultrawide, 5MP Depth နှင့် 2MP Macro ကင်မရာလေးလုံးထိ တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

OnePlus ကေတာ့ ႀကီးထြားလာတဲ့ တန္ဖိုးသင့္စမတ္ဖုန္းေဈးကြက္ကို ယွဥ္ၿပိဳင္ဖို႔အတြက္ ျပင္ဆင္လာခဲ့ပါၿပီ။

OnePlus Nord အမည္ရ တန္ဖိုးသင့္စမတ္ဖုန္းကို လာမယ့္ အဂၤါေန႔မွာ မိတ္ဆက္သြားမယ္လို႔သိရၿပီး ၎ရဲ႕ အေသးစိတ္အခ်က္အလက္ေတြဟာလည္း ေပါက္ၾကားလာခဲ့ၿပီျဖစ္ပါတယ္။

OnePlus ကေတာ့ Nord အမည္ရ စမတ္ဖုန္းမွာ ကင္မရာေျခာက္လုံး တပ္ဆင္ထားမယ္လို႔ အတည္ျပဳထားပါတယ္။တန္ဖိုးသင့္စမတ္ဖုန္းေတြမွာ အသုံးျပဳမႈမ်ားတဲ့ Snapdragon 765G အလယ္လတ္စြမ္းေဆာင္ရည္ chip နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ ထူးျခားမႈတစ္ခုကေတာ့ တန္ဖိုးသင့္စမတ္ဖုန္းေတြမွာ ေတြ႕ရနည္းတဲ့ မမ္မိုရီ 12GB အထိ ေ႐ြးခ်ယ္လာႏိုင္မွာပါပဲ။ဒါေတြအျပင္ Google App မ်ားျဖစ္တဲ့ Messages, Dialer နဲ႔ Duo တို႔လို Google ေဆာ့ဖ္ဝဲလ္ေတြ တစ္ပါတည္းပါဝင္လာမယ့္ OnePlus ရဲ႕ ပထမဆုံးစမတ္ဖုန္းလည္း ျဖစ္လာမွာပါ။

OnePlus Nord ရဲ႕ မ်က္ႏွာျပင္ပိုင္းကိုေတာ့ ၾကည္လင္ျပတ္သားတဲ့ OLED မ်က္ႏွာျပင္ကို ကင္မရာအေပါက္ေဖာက္ ထည့္သြင္းတပ္ဆင္တဲ့ပုံစံကို အသုံးျပဳလာမွာျဖစ္ပါတယ္။ေရွ႕ဘက္ ကင္မရာကိုေတာ့ 32MP နဲ႔ 8MP ႏွစ္လုံးတပ္ဆင္ထားၿပီး၊ ေနာက္ဘက္ ကင္မရာကေတာ့ အဓိက ကင္မရာက 48MP Sony IMX586 Sensor,  8MP Ultrawide, 5MP Depth ႏွင့္ 2MP Macro ကင္မရာေလးလုံးထိ တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။

Damien