【 နည်းပညာ 】mmWave 5G ကွန်ရက် ထောက်ပံ့လာတော့မယ့် iPhone ထုတ်ကုန်သစ်

【  နည်းပညာ 】mmWave 5G ကွန်ရက် ထောက်ပံ့လာတော့မယ့် iPhone ထုတ်ကုန်သစ်

Apple မှ မကြာခင် မိတ်ဆက်လာတော့မယ့် iPhone 12 series မှာ 5G ကွန်ရက်ကို ထောက်ပံ့ပေးလာတော့မယ်လို့ သိရပါတယ်။

ဒါပေမယ့် iPhone 12 ထုတ်ကုန်တိုင်းမှာ mmWave 5G ပါဝင်လာမှာမဟုတ်ပဲ အမြင့်ဆုံးထုတ်ကုန်ဖြစ်တဲ့ iPhone 12 Pro Max မှာသာ ထည့်သွင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ အသစ် မိတ်ဆက်လာမယ့် iPhone 12 series မှာ iPhone 12 Pro Max က မျက်နှာပြင်အကြီးဆုံးနဲ့ 120Hz မျက်နှာပြင်လို နည်းပညာတွေ ပါဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ iPhone 12 Pro Max ဟာ အရွယ်အစားကြီးမားပြီး ဖုန်းအင်တာနာ အပိုထည့်သွင်းနိုင်တာကြောင့် mmWave 5G ကွန်ယက်စနစ်ကို ထောက်ပံ့လာနိုင်မှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လျက် ရှိနေပါတယ်။အခြားသော iPhone 12 Series တွေမှာ mmWave 5G စနစ်ကို ထောက်ပံ့ မပေးထားပေမယ့် သာမန် Sub-6 5G စနစ်ကိုတော့ ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

mmWave 5G ကွန်ရက်ကို လက်ရှိအချိန်မှာ နိုင်ငံသုံးနိုင်ငံမှာပဲ ထောက်ပံ့ထားနိုင်တာဖြစ်ပြီး၊ သာမန် Sub-6 5G ကွန်ရက်ကိုပဲ နိုင်ငံအများစု အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

 Apple မွ မၾကာခင္ မိတ္ဆက္လာေတာ့မယ့္ iPhone 12 series မွာ 5G ကြန္ရက္ကို ေထာက္ပံ့ေပးလာေတာ့မယ္လို႔ သိရပါတယ္။

ဒါေပမယ့္ iPhone 12 ထုတ္ကုန္တိုင္းမွာ mmWave 5G ပါဝင္လာမွာမဟုတ္ပဲ အျမင့္ဆုံးထုတ္ကုန္ျဖစ္တဲ့ iPhone 12 Pro Max မွာသာ ထည့္သြင္းလာမွာျဖစ္တယ္လို႔ သိရပါတယ္။

Apple ရဲ႕ အသစ္ မိတ္ဆက္လာမယ့္ iPhone 12 series မွာ iPhone 12 Pro Max က မ်က္ႏွာျပင္အႀကီးဆုံးနဲ႔ 120Hz မ်က္ႏွာျပင္လို နည္းပညာေတြ ပါဝင္လာမယ္လို႔ သတင္းေတြထြက္ေပၚလ်က္ရွိပါတယ္။ iPhone 12 Pro Max ဟာ အ႐ြယ္အစားႀကီးမားၿပီး ဖုန္းအင္တာနာ အပိုထည့္သြင္းႏိုင္တာေၾကာင့္ mmWave 5G ကြန္ယက္စနစ္ကို ေထာက္ပံ့လာႏိုင္မွာ ျဖစ္တယ္လို႔ သတင္းထြက္ေပၚလ်က္ ရွိေနပါတယ္။အျခားေသာ iPhone 12 Series ေတြမွာ mmWave 5G စနစ္ကို ေထာက္ပံ့ မေပးထားေပမယ့္ သာမန္ Sub-6 5G စနစ္ကိုေတာ့ ေထာက္ပံ့ေပးထားမယ္လို႔ သိရပါတယ္။

mmWave 5G ကြန္ရက္ကို လက္ရွိအခ်ိန္မွာ ႏိုင္ငံသုံးႏိုင္ငံမွာပဲ ေထာက္ပံ့ထားႏိုင္တာျဖစ္ၿပီး၊ သာမန္ Sub-6 5G ကြန္ရက္ကိုပဲ ႏိုင္ငံအမ်ားစု အသုံးျပဳလ်က္ရွိတယ္လို႔ သိရပါတယ္။

Damien