【 နည်းပညာ 】Laptop ကွန်ပျူတာသစ်ကို မိတ်ဆက်သွားမယ့် Honor

【  နည်းပညာ  】Laptop ကွန်ပျူတာသစ်ကို မိတ်ဆက်သွားမယ့် Honor

တရုတ်နည်းပညာကုမ္ပကြီး Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor မှ MagicBooks သစ်ရဲ့ ကြော်ငြာဓာတ်ပုံကို တရုတ်လူမှုကွန်ယက် Weibo တွင် ဖော်ပြခဲ့ကြောင်း သိရပါတယ်။

အဆိုပါ Honor MagicBooks laptop ကွန်ပျူတာသစ်ကို ဇူလိုင် ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့လည်း ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။

ယခုနောက်ပိုင်း laptop ကွန်ပျူတာဈေးကွက်ထဲကို Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor နဲ့ Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ Redmi တို့ ဝင်ရောက်လာတာမြင်တွေ့ရပါတယ်။စမတ်ဖုန်းဖုန်းဈေးကွက်ကနေ laptop ကွန်ပျူတာဈေးကွက်ထဲကို ဝင်ရောက်လာရာမှာလည်း အောင်မြင်မှုရခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။

အသစ်ထွက်ရှိမယ့် Honor ရဲ့ MagicBooks laptop ကွန်ပျူတာကို AMD ရဲ့ Ryzen 4000-series CPUs သစ်နဲ့ မောင်းနှင်ထားမယ်လို့ သိရပါတယ်။ဒါဟာ ယခင် MagicBooks ထုတ်ကုန်တွေထက် အကြီးမားဆုံး အဆင်မြှင့်တင်မှုလည်းဖြစ်ပြီး၊ တွက်ချက်မောင်းနှင်မှုစွမ်းရည်မှာ ပိုမိုသာလွန်သွားမှာလည်း ဖြစ်ပါတယ်။ဒါ့အပြင် Ryzen chips အသစ်ဟာ ပါဝါသုံးစွဲမှုကိုလည်း လျော့နည်းစေနိုင်မယ်လို့ ဆိုထားပါတယ်။

Honor MagicBooks သစ်ကို တရုတ်နိုင်ငံတွင်းမှာသာ ပထမဆုံး မိတ်ဆက်သွားမှာဖြစ်ပြီး၊ ကမ္ဘာ့ဈေးကွက်အတွင်း မြင်တွေ့ရဖို့ကတော့ လအနည်းငယ် ကြန့်ကြာဖွယ်ရှိနေပါသေးတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ Honor မှ ဂိမ်း‌ဆော့ရန် အသားပေးထားတဲ့ laptop ကွန်ပျူတာတစ်လုံးကိုလည်း ဇူလိုင် ၁၆ ရက်နေ့ မိတ်ဆက်ပွဲမှာ အံ့အားသင့်ဖွယ် မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸႀကီး Huawei ရဲ႕ အမွတ္တံဆိပ္ခြဲ Honor မွ MagicBooks သစ္ရဲ႕ ေၾကာ္ျငာဓာတ္ပုံကို တ႐ုတ္လူမႈကြန္ယက္ Weibo တြင္ ေဖာ္ျပခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ Honor MagicBooks laptop ကြန္ပ်ဴတာသစ္ကို ဇူလိုင္ ၁၆ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔လည္း ေဖာ္ျပထားတာကို ျမင္ေတြ႕ရပါတယ္။

ယခုေနာက္ပိုင္း laptop ကြန္ပ်ဴတာေဈးကြက္ထဲကို Huawei ရဲ႕ အမွတ္တံဆိပ္ခြဲ Honor နဲ႔ Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲ Redmi တို႔ ဝင္ေရာက္လာတာျမင္ေတြ႕ရပါတယ္။စမတ္ဖုန္းဖုန္းေဈးကြက္ကေန laptop ကြန္ပ်ဴတာေဈးကြက္ထဲကို ဝင္ေရာက္လာရာမွာလည္း ေအာင္ျမင္မႈရခဲ့ၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။

အသစ္ထြက္ရွိမယ့္ Honor ရဲ႕ MagicBooks laptop ကြန္ပ်ဴတာကို AMD ရဲ႕ Ryzen 4000-series CPUs သစ္နဲ႔ ေမာင္းႏွင္ထားမယ္လို႔ သိရပါတယ္။ဒါဟာ ယခင္ MagicBooks ထုတ္ကုန္ေတြထက္ အႀကီးမားဆုံး အဆင္ျမႇင့္တင္မႈလည္းျဖစ္ၿပီး၊ တြက္ခ်က္ေမာင္းႏွင္မႈစြမ္းရည္မွာ ပိုမိုသာလြန္သြားမွာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ Ryzen chips အသစ္ဟာ ပါဝါသုံးစြဲမႈကိုလည္း ေလ်ာ့နည္းေစႏိုင္မယ္လို႔ ဆိုထားပါတယ္။

Honor MagicBooks သစ္ကို တ႐ုတ္ႏိုင္ငံတြင္းမွာသာ ပထမဆုံး မိတ္ဆက္သြားမွာျဖစ္ၿပီး၊ ကမာၻ႔ေဈးကြက္အတြင္း ျမင္ေတြ႕ရဖို႔ကေတာ့ လအနည္းငယ္ ၾကန႔္ၾကာဖြယ္ရွိေနပါေသးတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရေတာ့ Honor မွ ဂိမ္း‌ေဆာ့ရန္ အသားေပးထားတဲ့ laptop ကြန္ပ်ဴတာတစ္လုံးကိုလည္း ဇူလိုင္ ၁၆ ရက္ေန႔ မိတ္ဆက္ပြဲမွာ အံ့အားသင့္ဖြယ္ မိတ္ဆက္လာႏိုင္တယ္လို႔ သိရပါတယ္။

Damien