【 နည်းပညာ 】Chipset များကို ကိုယ်တိုင်ထုတ်လုပ် သွားတော့ မယ့် Huawei

【  နည်းပညာ  】Chipset များကို ကိုယ်တိုင်ထုတ်လုပ် သွားတော့ မယ့် Huawei

တရုတ်နိုင်ငံရဲ့ အထင်ကရ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei မှ Chipset များကို ကိုယ်တိုင်ထုပ်လုပ်သွားရန် စီစဉ်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ မီဒီယာများဖော်ပြချက်အရ တရုတ်ထိပ်တန်းနည်းပညာကုမ္ပဏီကြီးဟာ အမေရိကန်ရဲ့ နည်းပညာနဲ့ ပစ္စည်းတွေမပါဝင်ပဲ ကိုယ်ပိုင် Chipset တွေ ထုတ်လုပ်သွားရန် စီစဉ်နေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Huawei မှ ကိုယ်ပိုင် Chipset များကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်လုပ်သွားရန် စီစဉ်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။အမေရိကန်က TSMC မှာ Kirin Chipset တွေ ထုတ်လုပ် နိုင်ခြင်းမရှိအောင် ကန့်သတ်ပိတ်ဆို့ပြီးနောက် Huawei ဘက်က ယခုကဲ့သို့ ကိုယ်ပိုင် Chipset တွေ ထုတ်လုပ်သွားရန် အရှိန်မြှင့်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ Huawei အနေနဲ့ Kirin Chipset တွေ ထုတ်လုပ်နိုင်ခြင်းမရှိတော့တာကြောင့် ယခုလတ်တလော Huawei နဲ့ Honor စမတ်ဖုန်းတွေမှာ MediaTek Chipset တွေကို ဦးစားပေးအသုံးပြုလာခဲ့တာ မြင်တွေ့ရပါတယ်။

Huawei အနေနဲ့ Android OS အသုံးမပြုရန် ပိတ်ဆို့ခံရစဉ်တုန်းကလည်း Harmony OS အမည်ရ ကိုယ်ပိုင် OS ကို တီထွင်ဖန်တီးနိုင်ခဲ့ပြီး၊ 5G ကွန်ယက်နည်းပညာ နယ်ပယ်မှာလည်း အောင်မြင်နေတဲ့အတွက် ကိုယ်ပိုင် Chipset ထုတ်လုပ်ဖို့ဆိုတာ သိပ်အခက်တွေ့ဖွယ်မရှိပါပဲ၊ အမေရိကန်ရဲ့ နည်းပညာပိုင်းပိတ်ဆို့မှုတွေဟာ အရာမထင်ဖြစ်လာဖွယ်ရှိနေပြီ ဖြစ်ပါတယ်။

Damien

 

(  Zawgyi  )

 

 တ႐ုတ္ႏိုင္ငံရဲ႕ အထင္ကရ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei မွ Chipset မ်ားကို ကိုယ္တိုင္ထုပ္လုပ္သြားရန္ စီစဥ္ေနေၾကာင္း သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ မီဒီယာမ်ားေဖာ္ျပခ်က္အရ တ႐ုတ္ထိပ္တန္းနည္းပညာကုမၸဏီႀကီးဟာ အေမရိကန္ရဲ႕ နည္းပညာနဲ႔ ပစၥည္းေတြမပါဝင္ပဲ ကိုယ္ပိုင္ Chipset ေတြ ထုတ္လုပ္သြားရန္ စီစဥ္ေနခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Huawei မွ ကိုယ္ပိုင္ Chipset မ်ားကို ယခုႏွစ္ကုန္ပိုင္းတြင္ ထုတ္လုပ္သြားရန္ စီစဥ္ထားတယ္လို႔ သတင္းေတြအရ သိရပါတယ္။အေမရိကန္က TSMC မွာ Kirin Chipset ေတြ ထုတ္လုပ္ ႏိုင္ျခင္းမရွိေအာင္ ကန႔္သတ္ပိတ္ဆို႔ၿပီးေနာက္ Huawei ဘက္က ယခုကဲ့သို႔ ကိုယ္ပိုင္ Chipset ေတြ ထုတ္လုပ္သြားရန္ အရွိန္ျမႇင့္ႀကိဳးပမ္းလာခဲ့တာျဖစ္ပါတယ္။ Huawei အေနနဲ႔ Kirin Chipset ေတြ ထုတ္လုပ္ႏိုင္ျခင္းမရွိေတာ့တာေၾကာင့္ ယခုလတ္တေလာ Huawei နဲ႔ Honor စမတ္ဖုန္းေတြမွာ MediaTek Chipset ေတြကို ဦးစားေပးအသုံးျပဳလာခဲ့တာ ျမင္ေတြ႕ရပါတယ္။

Huawei အေနနဲ႔ Android OS အသုံးမျပဳရန္ ပိတ္ဆို႔ခံရစဥ္တုန္းကလည္း Harmony OS အမည္ရ ကိုယ္ပိုင္ OS ကို တီထြင္ဖန္တီးႏိုင္ခဲ့ၿပီး၊ 5G ကြန္ယက္နည္းပညာ နယ္ပယ္မွာလည္း ေအာင္ျမင္ေနတဲ့အတြက္ ကိုယ္ပိုင္ Chipset ထုတ္လုပ္ဖို႔ဆိုတာ သိပ္အခက္ေတြ႕ဖြယ္မရွိပါပဲ၊ အေမရိကန္ရဲ႕ နည္းပညာပိုင္းပိတ္ဆို႔မႈေတြဟာ အရာမထင္ျဖစ္လာဖြယ္ရွိေနၿပီ ျဖစ္ပါတယ္။

Damien