【 နည်းပညာ 】Chipset ထုတ်လုပ်မှု မထိခိုက်ဖို့ Samsung ပြင်ဆင်နေ

【  နည်းပညာ  】Chipset ထုတ်လုပ်မှု မထိခိုက်ဖို့ Samsung  ပြင်ဆင်နေ

ကိုဗစ်-၁၉ အမည်ရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပျံ့နှံ့ကူးစက်မှုအတွင်း နာမည်ကျော် နည်းပညာကုမ္ပဏီကြီးတွေလည်း စက်ရုံတွေပိတ်သိမ်းရ၊ အရောင်းစတိုးတွေပိတ်သိမ်းရနဲ့ ထိခိုက်ခဲ့ကြရတာ မြင်တွေ့ခဲ့ရပါတယ်။

ကိုရီးယားရဲ့ နာမည်ကျော် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွင်း စက်ရုံပိတ်သိမ်းခဲ့ရကာ လုပ်ငန်းများနှောင့်နှေးပြီး ဝန်ထမ်းများလည်း ထိခိုက်ခဲ့ရပါတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် ထိခိုက်မှုများလျော့နည်းစေရန် Samsung မှ ၎င်းတို့ရဲ့ Chipset စက်ရုံအနီးမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာကို ဖွင့်လှစ်သွားမယ်လို့ဆိုခဲ့ကြောင်း သိရပါတယ်။

Samsung ရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာကို တောင်ကိုရီးယားမှာရှိတဲ့ ဟွာဆောင်းမှ စက်ရုံအနီးမှာ စတင်ဖွင့်လှစ်သွားမှာပါ။ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာကို ကွန်တိန်နာနှစ်လုံးနဲ့ တည်ဆောက် သွားမှာဖြစ်ပြီး၊ စင်တာမှာ ကျွမ်းကျင်အဆင့်  ၆ ဦးနဲ့ ဆရာဝန်တစ်ဦးတို့ကို ခန့်အပ်ထားမှာဖြစ်ပါတယ်။အဆိုပါစင်တာကို ဒေသကျန်းမာရေးစင်တာနဲ့ အစိုးရရဲ့ ခွင့်ပြုချက်ကိုရယူပြီး Samsung မှ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။မကြာမီကာလတွေအတွင်းမှာ အခြားသောစက်ရုံတွေအနီးမှာလည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာတွေ တည်ဆောက်သွားမယ်လို့လည်း Samsung မှ ဆိုပါတယ်။

Samsung ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စက်ရုံပိတ်သိမ်းခဲ့ရဖူးပြီး၊ ယခုလို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာ တည်ဆောက်လိုက်တာကြောင့် ဝန်ထမ်းအလုပ်သမားများအတွက် လုံခြုံမှုပိုမိုရှိလာမှာဖြစ်ပြီး၊ လုပ်ငန်းအတွက် များစွာအကျိုးရှိလာမှာလည်း ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ကိုဗစ္-၁၉ အမည္ရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္မႈအတြင္း နာမည္ေက်ာ္ နည္းပညာကုမၸဏီႀကီးေတြလည္း စက္႐ုံေတြပိတ္သိမ္းရ၊ အေရာင္းစတိုးေတြပိတ္သိမ္းရနဲ႔ ထိခိုက္ခဲ့ၾကရတာ ျမင္ေတြ႕ခဲ့ရပါတယ္။

ကိုရီးယားရဲ႕ နာမည္ေက်ာ္ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung ဟာလည္း ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈအတြင္း စက္႐ုံပိတ္သိမ္းခဲ့ရကာ လုပ္ငန္းမ်ားေႏွာင့္ေႏွးၿပီး ဝန္ထမ္းမ်ားလည္း ထိခိုက္ခဲ့ရပါတယ္။ဒီလိုျဖစ္ရပ္ေတြေၾကာင့္ ထိခိုက္မႈမ်ားေလ်ာ့နည္းေစရန္ Samsung မွ ၎တို႔ရဲ႕ Chipset စက္႐ုံအနီးမွာ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေရးစင္တာကို ဖြင့္လွစ္သြားမယ္လို႔ဆိုခဲ့ေၾကာင္း သိရပါတယ္။

Samsung ရဲ႕ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေရးစင္တာကို ေတာင္ကိုရီးယားမွာရွိတဲ့ ဟြာေဆာင္းမွ စက္႐ုံအနီးမွာ စတင္ဖြင့္လွစ္သြားမွာပါ။ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေရးစင္တာကို ကြန္တိန္နာႏွစ္လုံးနဲ႔ တည္ေဆာက္ သြားမွာျဖစ္ၿပီး၊ စင္တာမွာ ကြၽမ္းက်င္အဆင့္  ၆ ဦးနဲ႔ ဆရာဝန္တစ္ဦးတို႔ကို ခန႔္အပ္ထားမွာျဖစ္ပါတယ္။အဆိုပါစင္တာကို ေဒသက်န္းမာေရးစင္တာနဲ႔ အစိုးရရဲ႕ ခြင့္ျပဳခ်က္ကိုရယူၿပီး Samsung မွ ကိုယ္ပိုင္ေငြေၾကးစိုက္ထုတ္ကာ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။မၾကာမီကာလေတြအတြင္းမွာ အျခားေသာစက္႐ုံေတြအနီးမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေရးစင္တာေတြ တည္ေဆာက္သြားမယ္လို႔လည္း Samsung မွ ဆိုပါတယ္။

Samsung ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ စက္႐ုံပိတ္သိမ္းခဲ့ရဖူးၿပီး၊ ယခုလို ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေရးစင္တာ တည္ေဆာက္လိုက္တာေၾကာင့္ ဝန္ထမ္းအလုပ္သမားမ်ားအတြက္ လုံၿခဳံမႈပိုမိုရွိလာမွာျဖစ္ၿပီး၊ လုပ္ငန္းအတြက္ မ်ားစြာအက်ိဳးရွိလာမွာလည္း ျဖစ္ပါတယ္။

Damien