【 နည်းပညာ 】Apple ကုမ္ပဏီသမိုင်းတလျှောက် ဝင်ငွေအမြတ်အစွန်း အများဆုံးရရှိခဲ့တဲ့ iPhone 12

【  နည်းပညာ  】Apple ကုမ္ပဏီသမိုင်းတလျှောက် ဝင်ငွေအမြတ်အစွန်း အများဆုံးရရှိခဲ့တဲ့ iPhone 12

ဘဏ္ဏာ‌ရေးနှစ် ပထမသုံးလပတ်အတွင်း iPhone တွေ ရောင်းချရမှုဟာ ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း ပိုမိုတိုးတက်လာတယ်လို့ Apple ကုမ္ပဏီက ဆိုလိုက်ပါတယ်။

ဒါဟာ Apple ရဲ့ နောက်ဆုံးထွက် iPhone 12 ရဲ့ ရောင်းအားကောင်းမွန်နေခြင်းကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေပေမယ့်လည်း Apple ကုမ္ပဏီရဲ့ iPhone 12 ရောင်းအားကတော့ အမြင့်ဆုံးအထိရောက်ရှိခဲ့ပါတယ်။ Apple ကုမ္ပဏီရဲ့ ဘဏ္ဏာ‌ရေးနှစ် ပထမသုံးလပတ်အတွင်းမှာ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ရောင်းချခဲ့ပြီး ဈေးနှုန်းအနိမ့်ဆုံး ဒေါ်လာ ၆၉၉ တန် iPhone 12 mini ကနေ အမြင့်ဆုံး ဒေါ်လာ ၁၀၉၉ တန် iPhone 12 Pro Max ထုတ်ကုန်တွေ ပါဝင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ဒါ့အပြင် Apple အနေနဲ့ iPhone ထုတ်ကုန်တွေမှာတင် ရပ်တန့်မနေပဲ ကွန်ပျူတာနဲ့ iPhones နဲ့ iPads တွေကို ပါဝါထောက်ပံ့ပေးမယ့် chips အသစ်တွေကိုပါ တိုးချဲ့ထုတ်လုပ်ခဲ့ပါသေးတယ်။ဒီနောက်မှာတော့ Apple ဟာ တစ်လလျှင် ဒေါ်လာ ၁၀ ကျသင့်မယ့် Apple Fitness Plus ဒစ်ဂျစ်တယ်ကျန်းမာရေးဝန်ဆောင်မှုနှင့်  Apple One အမည်ရ တစ်လ ၁၅ ဒေါ်လာ ကျသင့်မယ့် တီဗီ၊ ဂီတနှင့် ဒေတာသိုလှောင်မှု ဝန်ဆောင်မှုများကိုလည်း ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

Apple ကတော့ ပထမသုံးလပတ်အတွင်း iPhone ရောင်းအားဟာ ဒေါ်လာ ၆၅.၆ ဘီလီယံအထိ ရောင်းချနိုင်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၅၆ ဘီလီယံထက် ၁၇ ရာခိုင်နှုန်းပိုများခဲ့တယ်လို့ ဆိုပါတယ်။အထူးသဖြင့် ၂၀၂၀ အောက်တိုဘာလထဲ မိတ်ဆက်ခဲ့တဲ့ iPhone 12 series ထဲမှ မော်ဒယ်လ်အချို့ဟာ ဈေးကွက်ထဲမှာတောင် ဝယ်ယူနိုင်ဖို့ မလွယ်ကူပဲ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းခဲ့တယ်လို့လည်း သိရပါတယ်။ iPhone 12 series မှာ iPhone 12 mini, iPhone 12, iPhone 12 Pro နဲ့ iPhone 12 Pro Max ဆိုပြီး မော်ဒယ်လ် ၄ မျိုး ထွက်ရှိထားပြီး iPhone 12 mini က လွဲရင် ကျန်သည့် မော်ဒယ်လ် ၃ မျိုးလုံး ရောင်းအားကောင်းခဲ့တာလည်း ဖြစ်ပါတယ်။

Apple ဘက်ကတော့ လာမယ့် မတ်လအကုန်အထိ ဝယ်လိုအားပြည့်မီအောင် iPhones တွေ လုံလုံလောက်လောက် ထုတ်လုပ်ထားဖို့လိုမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Damien

(  Zawgyi  )

 

 ဘဏၰာ‌ေရးႏွစ္ ပထမသုံးလပတ္အတြင္း iPhone ေတြ ေရာင္းခ်ရမႈဟာ ယခင္ႏွစ္ထက္ ၁၇ ရာခိုင္ႏႈန္း ပိုမိုတိုးတက္လာတယ္လို႔ Apple ကုမၸဏီက ဆိုလိုက္ပါတယ္။

ဒါဟာ Apple ရဲ႕ ေနာက္ဆုံးထြက္ iPhone 12 ရဲ႕ ေရာင္းအားေကာင္းမြန္ေနျခင္းေၾကာင့္လည္းျဖစ္တယ္လို႔ သိရပါတယ္။

ကမာၻတဝန္း ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေနေပမယ့္လည္း Apple ကုမၸဏီရဲ႕ iPhone 12 ေရာင္းအားကေတာ့ အျမင့္ဆုံးအထိေရာက္ရွိခဲ့ပါတယ္။ Apple ကုမၸဏီရဲ႕ ဘဏၰာ‌ေရးႏွစ္ ပထမသုံးလပတ္အတြင္းမွာ စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္ေရာင္းခ်ခဲ့ၿပီး ေဈးႏႈန္းအနိမ့္ဆုံး ေဒၚလာ ၆၉၉ တန္ iPhone 12 mini ကေန အျမင့္ဆုံး ေဒၚလာ ၁၀၉၉ တန္ iPhone 12 Pro Max ထုတ္ကုန္ေတြ ပါဝင္ခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ဒါ့အျပင္ Apple အေနနဲ႔ iPhone ထုတ္ကုန္ေတြမွာတင္ ရပ္တန႔္မေနပဲ ကြန္ပ်ဴတာနဲ႔ iPhones နဲ႔ iPads ေတြကို ပါဝါေထာက္ပံ့ေပးမယ့္ chips အသစ္ေတြကိုပါ တိုးခ်ဲ႕ထုတ္လုပ္ခဲ့ပါေသးတယ္။ဒီေနာက္မွာေတာ့ Apple ဟာ တစ္လလွ်င္ ေဒၚလာ ၁၀ က်သင့္မယ့္ Apple Fitness Plus ဒစ္ဂ်စ္တယ္က်န္းမာေရးဝန္ေဆာင္မႈႏွင့္  Apple One အမည္ရ တစ္လ ၁၅ ေဒၚလာ က်သင့္မယ့္ တီဗီ၊ ဂီတႏွင့္ ေဒတာသိုေလွာင္မႈ ဝန္ေဆာင္မႈမ်ားကိုလည္း ထပ္မံမိတ္ဆက္ခဲ့ပါတယ္။

Apple ကေတာ့ ပထမသုံးလပတ္အတြင္း iPhone ေရာင္းအားဟာ ေဒၚလာ ၆၅.၆ ဘီလီယံအထိ ေရာင္းခ်ႏိုင္ခဲ့ၿပီး၊ ၿပီးခဲ့သည့္ႏွစ္က ေဒၚလာ ၅၆ ဘီလီယံထက္ ၁၇ ရာခိုင္ႏႈန္းပိုမ်ားခဲ့တယ္လို႔ ဆိုပါတယ္။အထူးသျဖင့္ ၂၀၂၀ ေအာက္တိုဘာလထဲ မိတ္ဆက္ခဲ့တဲ့ iPhone 12 series ထဲမွ ေမာ္ဒယ္လ္အခ်ိဳ႕ဟာ ေဈးကြက္ထဲမွာေတာင္ ဝယ္ယူႏိုင္ဖို႔ မလြယ္ကူပဲ ပစၥည္းျပတ္လပ္သည္အထိ ေရာင္းအားေကာင္းခဲ့တယ္လို႔လည္း သိရပါတယ္။ iPhone 12 series မွာ iPhone 12 mini, iPhone 12, iPhone 12 Pro နဲ႔ iPhone 12 Pro Max ဆိုၿပီး ေမာ္ဒယ္လ္ ၄ မ်ိဳး ထြက္ရွိထားၿပီး iPhone 12 mini က လြဲရင္ က်န္သည့္ ေမာ္ဒယ္လ္ ၃ မ်ိဳးလုံး ေရာင္းအားေကာင္းခဲ့တာလည္း ျဖစ္ပါတယ္။

Apple ဘက္ကေတာ့ လာမယ့္ မတ္လအကုန္အထိ ဝယ္လိုအားျပည့္မီေအာင္ iPhones ေတြ လုံလုံေလာက္ေလာက္ ထုတ္လုပ္ထားဖို႔လိုမယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။

Damien