【 နည်းပညာ 】5G modem တွေ ထုတ်လုပ်တော့မယ့် Apple
၂၀၁၉ နှစ်စပိုင်းတုန်းက နာမည်ကြီး နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ Intel ရဲ့ modem လုပ်ငန်းကို ဝယ်ယူခဲ့ပါတယ်။
အဆိုပါ ဝယ်ယူမှုကြောင့် အနာဂတ်ကာလမှာ Samsung, Huawei တို့လို ကုမ္ပဏီတွေကို 5G ကွန်ယက်ပိုင်းအတွက် ခေါင်းခဲစရာမလိုတော့ပဲ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာတော့မှာ ဖြစ်ပါတယ်။
ယခုလက်ရှိ Apple ကို chipset ပိုင်း အဓိကထောက်ပံ့နေတာကတော့ ဆန်ဒီယာဂို အခြေစိုက် Qualcomm ပဲ ဖြစ်ပါတယ်။ဒါ့အပြင် လာမယ့်နှစ် ၂၀၂၀ ခုနှစ်မှာ ထွက်ရှိမယ့် iPhone တွေမှာ 5G ကွန်ယက် ပါဝင်လာအောင် ကြိုးပမ်းပေးမယ်လို့ Qualcomm မှ ဆိုခဲ့ပေမယ့် Apple ကတော့ ကိုယ်တိုင်တီထွင်မှု လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Apple ရဲ့ 5G modem အပေါ် ရည်မှန်းချက်ကတော့ ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်မယ့် iPhone တွေနဲ့အတူ ပွဲထုတ်မိတ်ဆက်ရေး ဖြစ်ပါတယ်။ဒါ့အပြင် Apple အဓိကလိုချင်တာကတော့ စွမ်းအင်သုံးစွဲမှု ချွေတာပြီး 5G နည်းပညာ ကွန်ယက် ပါဝင်ပြီးဖြစ်တဲ့ SoC chip တစ်မျိုးပဲ ဖြစ်ပါတယ်။ဒီအတွက် Apple ဘက်က လုပ်ဆောင်စရာတွေကတော့ အများကြီးပါ စမ်းသပ်မှုတွေ၊ အဆင့်မြှင့်တင့်မှုတွေနဲ့ ကမ္ဘာ့စံချိန်စံညွှန်း သတ်မှတ်မှုတွေနဲ့ ကိုက်ညီအောင် အသိအမှတ်ပြု လက်မှတ်တွေကိုပါ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ Apple ရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Samsung နဲ့ Huawei တို့ကတော့ ကိုယ်ပိုင် 5G chip တွေ သုံးထားတဲ့ စမတ်ဖုန်းတွေနဲ့အတူ နည်းပညာပိုင်းမှာ ရှေ့တန်းရောက်နေခဲ့ပါပြီ။ Apple ရဲ့ 5G ဖုန်းကတော့ ၂၀၂၂ ခုနှစ်မှပဲ မြင်တွေ့ရလေမလား ဒါမှမဟုတ် ဒီထက်စောထွက်လာမလား ဆိုတာကတော့........။
Damien
( Zawgyi )
၂၀၁၉ ႏွစ္စပိုင္းတုန္းက နာမည္ႀကီး နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Apple ဟာ Intel ရဲ႕ modem လုပ္ငန္းကို ဝယ္ယူခဲ့ပါတယ္။
အဆိုပါ ဝယ္ယူမႈေၾကာင့္ အနာဂတ္ကာလမွာ Samsung, Huawei တို႔လို ကုမၸဏီေတြကို 5G ကြန္ယက္ပိုင္းအတြက္ ေခါင္းခဲစရာမလိုေတာ့ပဲ ယွဥ္ၿပိဳင္ႏိုင္စြမ္း ရွိလာေတာ့မွာ ျဖစ္ပါတယ္။
ယခုလက္ရွိ Apple ကို chipset ပိုင္း အဓိကေထာက္ပံ့ေနတာကေတာ့ ဆန္ဒီယာဂို အေျခစိုက္ Qualcomm ပဲ ျဖစ္ပါတယ္။ဒါ့အျပင္ လာမယ့္ႏွစ္ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိမယ့္ iPhone ေတြမွာ 5G ကြန္ယက္ ပါဝင္လာေအာင္ ႀကိဳးပမ္းေပးမယ္လို႔ Qualcomm မွ ဆိုခဲ့ေပမယ့္ Apple ကေတာ့ ကိုယ္တိုင္တီထြင္မႈ လမ္းေၾကာင္းကိုသာ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။
Apple ရဲ႕ 5G modem အေပၚ ရည္မွန္းခ်က္ကေတာ့ ၂၀၂၂ ခုႏွစ္မွာ ထုတ္လုပ္မယ့္ iPhone ေတြနဲ႔အတူ ပြဲထုတ္မိတ္ဆက္ေရး ျဖစ္ပါတယ္။ဒါ့အျပင္ Apple အဓိကလိုခ်င္တာကေတာ့ စြမ္းအင္သုံးစြဲမႈ ေခြၽတာၿပီး 5G နည္းပညာ ကြန္ယက္ ပါဝင္ၿပီးျဖစ္တဲ့ SoC chip တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ဒီအတြက္ Apple ဘက္က လုပ္ေဆာင္စရာေတြကေတာ့ အမ်ားႀကီးပါ စမ္းသပ္မႈေတြ၊ အဆင့္ျမႇင့္တင့္မႈေတြနဲ႔ ကမာၻ႔စံခ်ိန္စံၫႊန္း သတ္မွတ္မႈေတြနဲ႔ ကိုက္ညီေအာင္ အသိအမွတ္ျပဳ လက္မွတ္ေတြကိုပါ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။
ယခုလက္ရွိမွာေတာ့ Apple ရဲ႕ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ Samsung နဲ႔ Huawei တို႔ကေတာ့ ကိုယ္ပိုင္ 5G chip ေတြ သုံးထားတဲ့ စမတ္ဖုန္းေတြနဲ႔အတူ နည္းပညာပိုင္းမွာ ေရွ႕တန္းေရာက္ေနခဲ့ပါၿပီ။ Apple ရဲ႕ 5G ဖုန္းကေတာ့ ၂၀၂၂ ခုႏွစ္မွပဲ ျမင္ေတြ႕ရေလမလား ဒါမွမဟုတ္ ဒီထက္ေစာထြက္လာမလား ဆိုတာကေတာ့........။
Damien