【 နည်းပညာ 】108MP ကင်မရာနဲ့ စမတ်ဖုန်း ကင်မရာနည်းပညာကို ဦးဆောင်မယ့် Samsung

【  နည်းပညာ 】108MP ကင်မရာနဲ့ စမတ်ဖုန်း ကင်မရာနည်းပညာကို ဦးဆောင်မယ့် Samsung

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ကမ္ဘာ့ပထမဆုံး 108MP ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်သွားမယ်လို့ Xiaomi ကုမ္ပဏီဘက်မှ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါ 108MP ကင်မရာ အာရုံခံကိရိယာဟာ Xiaomi ရဲ့ Mix series မှ နောက်ဆုံး ထုတ်ကုန်ဖြစ်လာမယ့် Mi Mix 4 မှာ ပါဝင်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။ ယခုတော့ Samsung မှ 108MP ကင်မရာ sensor အစစ်အမှန်ကို ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီအများစုဟာ Samsung သို့မဟုတ် Sony ဆီမှ ကင်မရာအာရုံခံကိရိယာတွေကို သုံးစွဲကြတာ ဖြစ်ပါတယ်။

မကြာတော့မယ့် ရက်တွေမှာလည်း Realme နဲ့ Xiaomi တို့မှ Samsung ရဲ့ 64MP ISOCELL GW1 sensor ကို အသုံးပြုသွားမယ့် စမတ် ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ကိုရီးယား နည်းပညာဘီလူးကြီး Samsung မှ 64MP ကင်မရာ အာရုံခံကိရိယာကို မိတ်ဆက်ပြီးနောက်မှာ စမတ်ဖုန်းတွေအတွက် 108-megapixels ရှိတဲ့ ISOCELL Bright HMX sensor ကို ထပ်မံမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။အဆိုပါ sensor ဟာ 1/1.33” အရွယ်အစားရှိပြီး 48MP ISOCELL Bright GM1 ထက် 125% ပိုမိုကြီးမား ပြတ်သားမယ်လို့ ဆိုပါတယ်။

Tentracell နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး အလွန်တရာမှ ကြည်လင်ပြတ်သား အရည်အသွေးမြင့်တဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင် မယ်လို့ Samsung မှ ပြောကြားပါတယ်။ဒါ့အပြင် ဗီဒီယိုရိုက်ကူးရာမှာလည်း 6K (6016 x 3384 pixels per frame) 30 fps အရည်အသွေး အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ ဗီဒီယိုမှတ်တမ်းတင်တတ်တဲ့ သုံးစွဲသူတွေအတွက်တော့ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

အဆိုပါ 108MP sensor ကို သြဂုတ်လကုန်ပိုင်းမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး ပထမဆုံး အသုံးပြုမယ့် စမတ်ဖုန်းကတော့ အောက်တိုဘာလမှာ ထွက်ပေါ်လာနိုင်မယ့် Xaiomi ရဲ့ Mi Mix 4 ဖြစ်လာနိုင်ပါတယ်။

Damien

(  Zawgyi  )

 လြန္ခဲ့တဲ့ ရက္သတၱပတ္က ကမာၻ႔ပထမဆုံး 108MP ကင္မရာ ပါဝင္တဲ့ စမတ္ဖုန္းကို ထုတ္လုပ္သြားမယ္လို႔ Xiaomi ကုမၸဏီဘက္မွ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

အဆိုပါ 108MP ကင္မရာ အာ႐ုံခံကိရိယာဟာ Xiaomi ရဲ႕ Mix series မွ ေနာက္ဆုံး ထုတ္ကုန္ျဖစ္လာမယ့္ Mi Mix 4 မွာ ပါဝင္မယ္လို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚခဲ့တာပါ။ ယခုေတာ့ Samsung မွ 108MP ကင္မရာ sensor အစစ္အမွန္ကို ေဖာ္ထုတ္ျပသလိုက္ၿပီ ျဖစ္ပါတယ္။ စမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီအမ်ားစုဟာ Samsung သို႔မဟုတ္ Sony ဆီမွ ကင္မရာအာ႐ုံခံကိရိယာေတြကို သုံးစြဲၾကတာ ျဖစ္ပါတယ္။

မၾကာေတာ့မယ့္ ရက္ေတြမွာလည္း Realme နဲ႔ Xiaomi တို႔မွ Samsung ရဲ႕ 64MP ISOCELL GW1 sensor ကို အသုံးျပဳသြားမယ့္ စမတ္ ဖုန္းေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ကိုရီးယား နည္းပညာဘီလူးႀကီး Samsung မွ 64MP ကင္မရာ အာ႐ုံခံကိရိယာကို မိတ္ဆက္ၿပီးေနာက္မွာ စမတ္ဖုန္းေတြအတြက္ 108-megapixels ရွိတဲ့ ISOCELL Bright HMX sensor ကို ထပ္မံမိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။အဆိုပါ sensor ဟာ 1/1.33” အ႐ြယ္အစားရွိၿပီး 48MP ISOCELL Bright GM1 ထက္ 125% ပိုမိုႀကီးမား ျပတ္သားမယ္လို႔ ဆိုပါတယ္။

Tentracell နည္းပညာကို အသုံးျပဳထားတာျဖစ္ၿပီး အလြန္တရာမွ ၾကည္လင္ျပတ္သား အရည္အေသြးျမင့္တဲ့ ဓာတ္ပုံေတြကို ဖန္တီးေပးႏိုင္ မယ္လို႔ Samsung မွ ေျပာၾကားပါတယ္။ဒါ့အျပင္ ဗီဒီယို႐ိုက္ကူးရာမွာလည္း 6K (6016 x 3384 pixels per frame) 30 fps အရည္အေသြး အထိ ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး၊ ဗီဒီယိုမွတ္တမ္းတင္တတ္တဲ့ သုံးစြဲသူေတြအတြက္ေတာ့ ဝမ္းသာစရာပဲ ျဖစ္ပါတယ္။

အဆိုပါ 108MP sensor ကို ၾသဂုတ္လကုန္ပိုင္းမွာ ထုတ္လုပ္သြားမွာျဖစ္ၿပီး ပထမဆုံး အသုံးျပဳမယ့္ စမတ္ဖုန္းကေတာ့ ေအာက္တိုဘာလမွာ ထြက္ေပၚလာႏိုင္မယ့္ Xaiomi ရဲ႕ Mi Mix 4 ျဖစ္လာႏိုင္ပါတယ္။

Damien