【 နည်းပညာ 】 Snapdragon 865 chipset နဲ့ မောင်းနှင်ထားတဲ့ တရုတ်စမတ်ဖုန်း

【 နည်းပညာ 】 Snapdragon 865 chipset နဲ့ မောင်းနှင်ထားတဲ့ တရုတ်စမတ်ဖုန်း

နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီကြီးတွေ လက်ရှိအသုံးပြုနေတဲ့ chipset ကတော့ Qualcomm ရဲ့ Snapdragon 855+ ဖြစ်ပါတယ်။

လက်ရှိမှာ‌တော့ Snapdragon 865 ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းကတော့ ထွက်ရှိလာခဲ့ပါပြီ။

Snapdragon 865 ကို ပထမဆုံး အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီကတော့ ကျနော်တို့နဲ့ ရင်းနှီးတဲ့ နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတစ်ခု မဟုတ်ပဲ တရုတ်ပြည်တွင်း luxury စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ 8848 ကုမ္ပဏီပဲ ဖြစ်ပါတယ်။

‌8848 Titanium M6 5G အမည်ရ luxury စမတ်ဖုန်းကို အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ ပထမဆုံး Snapdragon 865 chipset ကို အသုံးပြုမောင်းနှင်ထားတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာခဲ့ပါတယ်။အခြားသော နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတွေကတော့ ၂၀၂၀ ခုနှစ်လောက်မှ  Snapdragon 865 အသုံးပြု စမတ်ဖုန်းတွေ ထွက်ရှိလာနိုင်တဲ့ အ‌‌ခြေအနေမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ 8848 မှ လက်ဦးမှုရယူလိုက်တာလည်း ဖြစ်ပါတယ်။

8848 Titanium M6 5G ရဲ့ specs ကတော့ Qualcomm ရဲ့ Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ luxury စမတ်ဖုန်း ဖြစ်တာနဲ့အညီ မမ်မိုရီ 12GB နဲ့ သိမ်းဆည်းနိုင်မှုပမာဏ 1TB (1024GB) အထိ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ကင်မရာပိုင်းမှာတော့ 64MP အဓိက ကင်မရာကို တပ်ဆင်ပေးထားပြီး 100MP အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်မယ်လို့ သိရပါတယ်။

 

8848 Titanium M6 5G စမတ်ဖုန်းကို Snapdragon 865 chipset စတင်ဖြန့်ချီတဲ့ ၂၀၂၀ ခုနှစ် နှစ်စပိုင်းမှာ စတင်ရောင်းချသွားဖွယ်ရှိပြီး တရုတ်ပြည်တွင်းမှာပဲ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

နာမည္ႀကီး စမတ္ဖုန္းကုမၸဏီႀကီးေတြ လက္ရွိအသုံးျပဳေနတဲ့ chipset ကေတာ့ Qualcomm ရဲ႕ Snapdragon 855+ ျဖစ္ပါတယ္။

လက္ရွိမွာ‌ေတာ့ Snapdragon 865 ကို အသုံးျပဳထားတဲ့ ပထမဆုံး စမတ္ဖုန္းကေတာ့ ထြက္ရွိလာခဲ့ပါၿပီ။

Snapdragon 865 ကို ပထမဆုံး အသုံးျပဳခဲ့တဲ့ စမတ္ဖုန္းကုမၸဏီကေတာ့ က်ေနာ္တို႔နဲ႔ ရင္းႏွီးတဲ့ နာမည္ႀကီး စမတ္ဖုန္းကုမၸဏီတစ္ခု မဟုတ္ပဲ တ႐ုတ္ျပည္တြင္း luxury စမတ္ဖုန္းေတြ ထုတ္လုပ္တဲ့ 8848 ကုမၸဏီပဲ ျဖစ္ပါတယ္။

‌8848 Titanium M6 5G အမည္ရ luxury စမတ္ဖုန္းကို ေအာက္တိုဘာလ ၁၈ ရက္ေန႔က တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕မွာ မိတ္ဆက္ခဲ့တာျဖစ္ၿပီး၊ ပထမဆုံး Snapdragon 865 chipset ကို အသုံးျပဳေမာင္းႏွင္ထားတဲ့ ပထမဆုံးစမတ္ဖုန္း ျဖစ္လာခဲ့ပါတယ္။အျခားေသာ နာမည္ႀကီး စမတ္ဖုန္းကုမၸဏီေတြကေတာ့ ၂၀၂၀ ခုႏွစ္ေလာက္မွ  Snapdragon 865 အသုံးျပဳ စမတ္ဖုန္းေတြ ထြက္ရွိလာႏိုင္တဲ့ အ‌‌ေျခအေနမွာ တ႐ုတ္စမတ္ဖုန္းကုမၸဏီ 8848 မွ လက္ဦးမႈရယူလိုက္တာလည္း ျဖစ္ပါတယ္။

8848 Titanium M6 5G ရဲ႕ specs ကေတာ့ Qualcomm ရဲ႕ Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ luxury စမတ္ဖုန္း ျဖစ္တာနဲ႔အညီ မမ္မိုရီ 12GB နဲ႔ သိမ္းဆည္းႏိုင္မႈပမာဏ 1TB (1024GB) အထိ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ကင္မရာပိုင္းမွာေတာ့ 64MP အဓိက ကင္မရာကို တပ္ဆင္ေပးထားၿပီး 100MP အရည္အေသြးရွိတဲ့ ဓာတ္ပုံေတြ ႐ိုက္ကူးေပးႏိုင္မယ္လို႔ သိရပါတယ္။

8848 Titanium M6 5G စမတ္ဖုန္းကို Snapdragon 865 chipset စတင္ျဖန႔္ခ်ီတဲ့ ၂၀၂၀ ခုႏွစ္ ႏွစ္စပိုင္းမွာ စတင္ေရာင္းခ်သြားဖြယ္ရွိၿပီး တ႐ုတ္ျပည္တြင္းမွာပဲ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

Damien