【 နည်းပညာ 】 Samsung ရဲ့ selfie ကင်မရာ နည်းပညာသစ် ထွက်ရှိလာတော့မည်

【 နည်းပညာ 】 Samsung ရဲ့ selfie ကင်မရာ နည်းပညာသစ် ထွက်ရှိလာတော့မည်

စမတ်ဖုန်းတွေရဲ့ ရှေ့ဘက် selfie ကင်မရာ ထည့်သွင်းပုံကို စမတ်ဖုန်းကုမ္ပဏီတွေဟာ ပုံစံအတော်များများ စမ်းသပ်ခဲ့ကြတာ မြင်တွေ့ခဲ့ရပါတယ်။

ရှေ့ဘက် ကင်မရာကို notch လို့ အမည်ရတဲ့ အကွက်ထဲမှာ ထည့်သွင်းခဲ့သလို၊ pop-up selfie ကင်မရာ၊ slider ကင်မရာနဲ့၊ မျက်နှာပြင်ပေါ် အပေါက်ဖောက်ပြီး ထည့်သွင်းတဲ့ punch-hole ကင်မရာတို့ကိုလည်း ပုံစံအမျိုးမျိုး စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ကိုရီးယား နည်းပညာဘီလူးကြီးဖြစ်တဲ့ Samsung ကတော့ ၎င်းရဲ့ ရှေ့ဘက် ကင်မရာ ထည့်သွင်းပုံ နည်းပညာသစ်ကို လာမယ့်နှစ်ထဲမှာ ချပြတော့မယ်လို့ ဆိုလိုက်ပါတယ်။အဆိုပါ နည်းပညာဟာ ရှေ့ဘက် ကင်မရာကို စမတ်ဖုန်းရဲ့ မျက်နှာပြင်အောက်‌ခြေမှာ ထည့်သွင်းထားမယ့် ပုံစံဖြစ်ပါတယ်။တရုတ် စမတ်ဖုန်းကုမ္ပဏီ‌တွေဖြစ်တဲ့ Xiaomi နဲ့ Oppo တို့မှလည်း မျက်နှာပြင်အောက်ခြေ ကင်မရာနည်းပညာကို ထုတ်ဖော်ပြသခဲ့ပေမယ့် အဆိုပါနည်းပညာ ပါ၀င်တဲ့ စမတ်ဖုန်းကတော့ တရား၀င် ထွက်ရှိလာခြင်း မရှိသေးပါဘူး။

Samsung ရဲ့ မျက်နှာပြင်အောက်ခြေ ကင်မရာနည်းပညာရဲ့ အလုပ်လုပ်ပုံကတော့ စမတ်ဖုန်းရဲ့ OLED မျက်နှာပြင်ကို အလင်းဖြတ်သန်း ၀င်ရောက်ပြီး မျက်နှာပြင် အောက်‌‌‌ခြေမှာရှိတဲ့ ကင်မရာအာရုံခံကိရိယာကို ထိတွေ့ရိုက်ကူးသွားမယ့်ပုံစံ ဖြစ်ပါတယ်။အလင်းထိတွေ့ ရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံရဲ့ အရည်အသွေးကျသွားနိုင်တဲ့ ပြဿနာကိုလည်း Samsung ဘက်မှ ‌ဖြေရှင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Samsung ဘက်ကတော့ အဆိုပါနည်းပညာကို ထုတ်လုပ်ရေးပိုင်း စတင်နေပြီလို့ သိရပြီး တစ်လအတွင်း အလုံးရေ ၃၀,၀၀၀ ခန့် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး၊ အခြားသော ပြိုင်ဘက်တွေဘက် Samsung မှ ကင်မရာနည်းပညာပိုင်းမှာ လက်ဦးမှုရယူသွားနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

စမတ္ဖုန္းေတြရဲ႕ ေရွ႕ဘက္ selfie ကင္မရာ ထည့္သြင္းပုံကို စမတ္ဖုန္းကုမၸဏီေတြဟာ ပုံစံအေတာ္မ်ားမ်ား စမ္းသပ္ခဲ့ၾကတာ ျမင္ေတြ႕ခဲ့ရပါတယ္။

ေရွ႕ဘက္ ကင္မရာကို notch လို႔ အမည္ရတဲ့ အကြက္ထဲမွာ ထည့္သြင္းခဲ့သလို၊ pop-up selfie ကင္မရာ၊ slider ကင္မရာနဲ႔၊ မ်က္ႏွာျပင္ေပၚ အေပါက္ေဖာက္ၿပီး ထည့္သြင္းတဲ့ punch-hole ကင္မရာတို႔ကိုလည္း ပုံစံအမ်ိဳးမ်ိဳး စမ္းသပ္ခဲ့တာလည္း ျဖစ္ပါတယ္။

ယခုလက္ရွိမွာေတာ့ ကိုရီးယား နည္းပညာဘီလူးႀကီးျဖစ္တဲ့ Samsung ကေတာ့ ၎ရဲ႕ ေရွ႕ဘက္ ကင္မရာ ထည့္သြင္းပုံ နည္းပညာသစ္ကို လာမယ့္ႏွစ္ထဲမွာ ခ်ျပေတာ့မယ္လို႔ ဆိုလိုက္ပါတယ္။အဆိုပါ နည္းပညာဟာ ေရွ႕ဘက္ ကင္မရာကို စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္ေအာက္‌ေျခမွာ ထည့္သြင္းထားမယ့္ ပုံစံျဖစ္ပါတယ္။တ႐ုတ္ စမတ္ဖုန္းကုမၸဏီ‌ေတြျဖစ္တဲ့ Xiaomi နဲ႔ Oppo တို႔မွလည္း မ်က္ႏွာျပင္ေအာက္ေျခ ကင္မရာနည္းပညာကို ထုတ္ေဖာ္ျပသခဲ့ေပမယ့္ အဆိုပါနည္းပညာ ပါ၀င္တဲ့ စမတ္ဖုန္းကေတာ့ တရား၀င္ ထြက္ရွိလာျခင္း မရွိေသးပါဘူး။

Samsung ရဲ႕ မ်က္ႏွာျပင္ေအာက္ေျခ ကင္မရာနည္းပညာရဲ႕ အလုပ္လုပ္ပုံကေတာ့ စမတ္ဖုန္းရဲ႕ OLED မ်က္ႏွာျပင္ကို အလင္းျဖတ္သန္း ၀င္ေရာက္ၿပီး မ်က္ႏွာျပင္ ေအာက္‌‌‌ေျခမွာရွိတဲ့ ကင္မရာအာ႐ုံခံကိရိယာကို ထိေတြ႕႐ိုက္ကူးသြားမယ့္ပုံစံ ျဖစ္ပါတယ္။အလင္းထိေတြ႕ ႐ိုက္ကူးတဲ့အခါမွာ ဓာတ္ပုံရဲ႕ အရည္အေသြးက်သြားႏိုင္တဲ့ ျပႆနာကိုလည္း Samsung ဘက္မွ ‌ေျဖရွင္းၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

Samsung ဘက္ကေတာ့ အဆိုပါနည္းပညာကို ထုတ္လုပ္ေရးပိုင္း စတင္ေနၿပီလို႔ သိရၿပီး တစ္လအတြင္း အလုံးေရ ၃၀,၀၀၀ ခန႔္ ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။ဒါ့အျပင္ လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္းမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး၊ အျခားေသာ ၿပိဳင္ဘက္ေတြဘက္ Samsung မွ ကင္မရာနည္းပညာပိုင္းမွာ လက္ဦးမႈရယူသြားႏိုင္မလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien