【 နည်းပညာ 】 Oppo Find N က အကောင်းဆုံး ကွေးညွတ်စမတ်ဖုန်းလား

【 နည်းပညာ 】 Oppo Find N က အကောင်းဆုံး ကွေးညွတ်စမတ်ဖုန်းလား

လက်ရှိ ကွေးညွတ်စမတ်ဖုန်းဈေးကွက်ကိုတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ‌Samsung က ဦးဆောင်လျက်ရှိနေပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကလည်း Samsung နောက်ကနေ ဖိအားပေးနေပြီးနောက်မှာတော့ နောက်ထပ် တရုတ်နည်းပညာကုမ္ပဏီကြီးကလည်း ကွေးညွတ်စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Oppo ကတော့ ကွေးညွတ်စမတ်ဖုန်းဈေးကွက်ထဲကို Find N လို့ အမည်ရတဲ့ ကွေးညွတ်စမတ်ဖုန်းနဲ့အတူ ဝင်ရောက်လာခဲ့ပါပြီ။ Find N ဟာ Oppo ကုမ္ပဏီအတွက် ပထမဆုံး ဈေးကွက်ထဲကိုရောင်းချမယ့် စမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

Oppo မှ အကောင်းဆုံးဒီဇိုင်းနဲ့ ကွေးညွတ်စမတ်ဖုန်းကို ထုတ်လုပ်နိုင်ခဲ့သလားဆိုရင်ဝောာ့ အကောင်း၊ အဆိုး နှစ်မျိုးဒွန်တွဲနေတယ်လို့ ဆိုရမှာပါ။ Oppo Find N မှာ စိတ်လှုပ်ရှားဖွယ် ဒီဇိုင်းအင်္ဂါရပ်တွေပါဝင်နေပေမယ့်လည်း ချို့ယွင်းချက်အနည်းငယ်ကိုလည်း မြင်တွေ့နေရပါသေးတယ်။

Oppo Find N မှာ Samsung မှ ထုတ်လုပ်တဲ့ ကွေးညွန်စမတ်ဖုန်းများကဲ့သို့ မျက်နှာပြင်မှာ ခေါက်ရာမျဉ်းကြောင်း မတွေ့ရခြင်းကတော့ ချီးကျူးရမှာဖြစ်ပါတယ်။ Samsung ရဲ့ ကွေးညွတ်စမတ်ဖုန်းတွေဟာ တတိယမျိုးဆက်သို့ ရောက်ရှိလာသည့်တိုင်အောင် မျက်နှာပြင်ပိုင်းမှာ အက်ကွဲတဲ့ပြဿနာများ ကြုံနေရဆဲဖြစ်ပါတယ်။‌ Oppo Find N စမတ်ဖုန်းကို ကွေးညွတ်မထားပါက  မျက်နှာပြင်အရွယ်အစားသာ ၇.၁ လက်မအရွယ်အစားဖြစ်သွားမှာဖြစ်ပြီး၊ Samsung, Huawei နဲ့ Xiaomi တို့ရဲ့ ကွေးညွတ်စမတ်ဖုန်းများထက် အရွယ်အစားပိုမိုကြီးမားနေတာကို မြင်တွေ့ရပါတယ်။ဒါပေမယ့် အားနည်းချက်ကတော့ Snapdragon 888 chipset နဲ့ မောင်းနှင်ထားမှုပါပဲ Snapdragon 8 Gen 1 နဲ့ ထုတ်လုပ်ပါက ပိုမိုရောင်းအားကောင်းမွန်မှာဖြစ်ပါတယ်။

အကြီးမားဆုံး အားနည်းချက်ကတော့ Oppo, Huawei နဲ့ Xiaomi တို့ရဲ့ ကွေးညွတ်စမတ်ဖုန်းများဟာ တရုတ်နိုင်ငံ ပြင်ပမှာ ဝယ်ယူနိုင်မှုမရှိခြင်းဖြစ်ပါတယ်။ထို့အတွက် Samsung ရဲ့ ကွေးညွတ်စမတ်ဖုန်းများဟာ ကမ္ဘာ့ဈေးကွက်တွင် စိန်ခေါ်သူမရှိ ဦးဆောင်နေနိုင်လျက်ရှိနေပါတယ်။

Damien
ဒီဇင်ဘာ - ၂၀