【 နည်းပညာ 】 NASA မှ SpaceX Crew-3 ဒုံးပျံယာဉ်ကို ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်ဟုဆို

【 နည်းပညာ 】 NASA မှ SpaceX Crew-3 ဒုံးပျံယာဉ်ကို ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်ဟုဆို

SpaceX Crew-3 မစ်ရှင် လွှတ်တင်မှုကို ယခုတစ်ကြိမ်တွင် နိုဝင်ဘာ ၁၀ ရက်သို့ ထပ်မံရွှေ့ဆိုင်းထားကြောင်း NASA က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

နာဆာအနေနဲ့ မူလအစီအစဉ်အရ Crew-2 အာကာသယာဉ်မှူးများ အာကာစခန်းမှ မထွက်ခွာမီ အာကာသစခန်းသို့ Crew-3 အဖွဲ့အား လွှတ်တင်ပို့ဆောင်ပြီး အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံနှုတ်ဆက်ကာ အပြောင်းအလဲပြုလုပ်မည်‌ဖြစ်သော်လည်း အာကာသအေဂျင်စီမှ Crew-2 အဖွဲ့ကို ကမ္ဘာမြေသို့ ဦးစွာပြန်ပို့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် Crew-2 အဖွဲ့ ကမ္ဘာမြေပေါ် ပြန်ရောက်မှသာ Crew-3 အဖွဲ့ကို လွှတ်တင်ပို့ဆောင်ရန် စီစဉ်ခဲ့ကြပါတယ်။

SpaceX ဘက်ကတော့ ယခုအချိန်အထိ ခန့်မှန်းချက်အရ ဗုဒ္ဓဟူးနေ့အထိ ရာသီဥတုကောင်းမွန်ရန် ၈၀ ရာခိုင်နှုန်း အလားအလာရှိကြောင်း တနင်္ဂနွေနေ့က တွစ်တာလူမှုကွန်ယက်တွင် မှတ်ချက်ပြုခဲ့ပြီး၊ အားလုံးစီစဉ်ပြီးပါက ဒုံးပျံယာဉ်သည် ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းမှ ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

မူလပထမ စီစဉ်ထားမှုအရတော့ SpaceX Crew-3 မစ်ရှင် လွှတ်တင်မှုကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး၊ ရာသီဥတုစိုးရိမ်မှုများ၊ အဖွဲ့သားများရဲ့ "အသေးအဖွဲ ကျန်းမာရေးပြဿနာများ" ကြောင့် နှောင့်နှေးခဲ့ရခြင်းဖြစ်ပါတယ်။ နာဆာရဲ့ အာကာယာဉ်မှူးသုံးဦးဖြစ်တဲ့ သောမတ်စ် မာ့ရှ်ဘန်း၊ ရာဂျာ ချာရီ၊ ကေလာ ဘာရွန်နှင့် ဥရောပ အာကာသအေဂျင်စီမှ မတ်တီးရက်စ် မူရာတို့ လေးဦးဟာ Crew Dragon အာကာသယာဉ်နှင့်အတူ လိုက်ပါပြီး၊ အာကာသတွင်း ခြောက်လကြာ နေထိုင်သွားမှာဖြစ်ပါတယ်။

SpaceX Crew-3 မစ်ရှင်ဟာ NASA ရဲ့ Commercial Crew Program ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ယခုအကြိမ်ဟာ တတိယအကြိမ်မြောက်ပျံသန်းမှုဖြစ်ပါတယ်။

SpaceX Crew-3 မစ်ရှင် လွှတ်တင်မှုကို NASA မှ YouTube ဗီဒီယိုပလက်ဖောင်းနှင့် အေဂျင်စီဝက်ဘ်ဆိုက်တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Damien
နိုဝင်ဘာ - ၁၁