【 နည်းပညာ 】 Meta မှ facebook ပေါ်တွင် နိုင်ငံရေး၊ လူမျိုးရေး အကဲဆတ်သော ကြော်ငြာများကို စောင့်ကြည့်ပိတ်ပင်သွားမည်

【 နည်းပညာ 】 Meta မှ facebook ပေါ်တွင် နိုင်ငံရေး၊ လူမျိုးရေး အကဲဆတ်သော ကြော်ငြာများကို စောင့်ကြည့်ပိတ်ပင်သွားမည်

မကြာသေးခင်ကမှ ကုမ္ပဏီအမည်ပြောင်းလဲခဲ့တဲ့ လူမှုကွန်ယက်နှင့် နည်းပညာကုမ္ပဏီကြီး Meta ဟာ ၎င်းရဲ့ကြော်ငြာရှင်များအား "ပစ်မှတ်ထား ရွေးချယ်စရာများကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရကြောင်း" ပြောကြားခဲ့ပါတယ်။

Meta ကုမ္ပဏီရဲ့ VP ဂရေဟမ် မဒ် က ဘလော့ဂ်ပို့စ်တွင် "လူအများက အကဲဆတ်သည်ဟု ယူဆနိုင်သည့် အကြောင်းအရာများကို ပစ်မှတ်ထားရွေးချယ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်မှ စတင်ကာ ဖယ်ရှားသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။

ပစ်မှတ်ထား ဖယ်ရှားသွားမည့် အကြောင်းအရာများထဲတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လိင်စိတ်တိမ်းညွတ်မှု၊ ဘာသာရေးအုပ်စုများ၊ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေးပြဿနာများနှင့် အဖွဲ့အစည်းများ ပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ကြော်ငြာရှင်များဟာ အသက်၊ လိင်နှင့် တည်နေရာကဲ့သို့သော အကြောင်းအရာများကို အ‌ခြေခံ၍ ကြော်ငြာများ ပစ်မှတ်ထား ကြော်ငြာနေနိုင်ဆဲဖြစ်ပါတယ်။သို့သော် ယခု Meta ကုမ္ပဏီရဲ့ အပြောင်းအလဲ မူဝါဒအရ ကြော်ငြာရှင်များအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း မစ္စတာ မဒ်မှ အသိအမှတ်ပြုခဲ့ပါတယ်။

မစ္စတာ မဒ်မှ "ကျွန်ုပ်တို့ရဲ့ ကြော်ငြာလုပ်ဖော်ကိုင်ဖက်အချို့သည် Meta ကုမ္ပဏီရဲ့ ပစ်မှတ်ထား ဖယ်ရှားခြင်း ဆုံးဖြတ်ချက်ကို နားလည်ကြပြီး၊ အချို့ကမူ စိုးရိမ်မှုများကို ဖော်ပြခဲ့ကြတယ်" လို့ ရေးသားခဲ့ပါတယ်။

လာမည့်နှစ် အစောပိုင်းတွင် လောင်းကစားနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းအပါအဝင် အခြားသော ကြော်ငြာအမျိုးအစားများကို လူများအား ထိန်းချုပ်ခွင့်ပေးတော့မည်ဖြစ်ကြောင်း မစ္စတာ မဒ် က ဆက်လက်ရေးသားခဲ့ပါတယ်။

Facebook နှင့် Instagram လူမှုကွန်ယက်တို့တွင် ဆယ်ကျော်သက်လူငယ်များ စွဲချက်တင်ခံရသော နိုင်ငံရေးကြော်ငြာများ ရာနှင့်ချီကို ပြသခဲ့ကြောင်း ၂၀၁၉ ခုနှစ်က Sky News မှ ဖော်ပြခဲ့ပါတယ်။

Damien
နိုဝင်ဘာ - ၁၀