【 နည်းပညာ 】 iPhone 12 series မပါဝင်ခဲ့တဲ့ Apple ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ

【 နည်းပညာ 】 iPhone 12 series မပါဝင်ခဲ့တဲ့ Apple ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ

Apple ရဲ့ စက်တင်ဘာ ၁၅ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကတော့ ယမန့်နေ့ညကပဲ ကျင်းပပြီးစီးသွားခဲ့ပါပြီ။

Apple ချစ်သူတွေ မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ iPhone 12 series ထုတ်ကုန်သစ်တွေတော့ မပါဝင်ခဲ့ပဲ မျက်နှာပြင်ကြီးမားတဲ့ iPad ထုတ်ကုန်သစ်‌တွေနဲ့ စမတ်နာရီသစ်တွေကိုသာ မိတ်ဆက်သွားခဲ့တာ မြင်တွေ့ရပါတယ်။

ယမန်နေ့ညက မိတ်ဆက်ပွဲမှာ Apple မိတ်ဆက်သွားခဲ့တဲ့ ထုတ်ကုန်သစ်တွေကတော့ Apple Watch Series 6, Apple Watch SE, iPad 8th Generation, iPad Air 4 တို့ပဲဖြစ်ပြီး Fitness+ နံ့ Apple One subscription လို ထောက်ပံ့မှု service တွေကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။

Apple Watch Series စမတ်နာရီသစ်မှာ သွေးတွင်းရှိ အောက်စီဂျင်ပမာဏတိုင်းတာနိုင်မယ့် အာရုံခံကိရိယာသစ် ပါဝင်လာပြီဖြစ်ပြီး၊ နာရီမျက်နှာအသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ဒါ့အပြင် သတင်းထွက်ပေါ်ထားတဲ့အတိုင်း ဈေးနှုန်းသက်သာတဲ့ Apple Watch SE စမတ်နာရီသစ်ကိုလည်း မြင်တွေ့ခဲ့ရပြီး၊ Apple Watch Series 3 ထက် ပိုမိုမြန်ဆန်မယ်လို့ သိရပါတယ်။

မျက်နှာပြင်ကြီးမားတဲ့ iPad 8 ကတော့ Apple ရဲ့ နာမည်ကျော် A12 Bionic Chip နဲ့ ပွဲထွက်လာခဲ့ပါပြီ။လက်ရှိဈေးကွက်ထဲက အကောင်းဆုံး Android Tablet တွေထက်တောင် ပိုမိုမြန်ဆန်မယ်လို့ သိရပါတယ်။

iPad Air 4 ကတော့ Apple ရဲ့ နောက်ဆုံးထွက် A14 Bionic Chip မောင်းနှင်ပေးထားပြီး၊ မျက်နှာအကျယ်ကတော့ ၁၀.၉ လက်မ ရှိမှာပါ။ A14 Bionic Chip ဟာ 5-nanometer နည်းပညာနဲ့ ကမ္ဘာ့ပထမဆုံး Chip လည်းဖြစ်ပြီး၊ ယခင် A13 Bionic Chip ထက် ၄၀ ရာခိုင်နှုန်း ပိုမြန်ဆန်မယ်လို့ ဆိုပါတယ်။ iPad Air 4 မှာ USB-C အပေါက် ပါဝင်လာပြီ ဖြစ်ပါတယ်။

Apple ရဲ့ မိတ်ဆက်ပွဲမှာ iOS 14, iPadOS 14, watchOS 7, tvOS 14 နဲ့ A14 Bionic Chip တို့ကို မြင်တွေ့ခဲ့ရပြီး၊ အားလုံးစောင့်မျှော်နေကြတဲ့ iPhone 12 series တွေကို မြင်တွေ့ရဖို့ကတော့ လအနည်းနောက် ဆက်စောင့်ရဖွယ်ရှိနေပါတယ်။

Damien

( Zawgyi )

Apple ရဲ႕ စက္တင္ဘာ ၁၅ ထုတ္ကုန္သစ္မိတ္ဆက္ပြဲကေတာ့ ယမန႔္ေန႔ညကပဲ က်င္းပၿပီးစီးသြားခဲ့ပါၿပီ။

Apple ခ်စ္သူေတြ ေမွ်ာ္လင့္ေစာင့္စားေနခဲ့ၾကတဲ့ iPhone 12 series ထုတ္ကုန္သစ္ေတြေတာ့ မပါဝင္ခဲ့ပဲ မ်က္ႏွာျပင္ႀကီးမားတဲ့ iPad ထုတ္ကုန္သစ္‌ေတြနဲ႔ စမတ္နာရီသစ္ေတြကိုသာ မိတ္ဆက္သြားခဲ့တာ ျမင္ေတြ႕ရပါတယ္။

ယမန္ေန႔ညက မိတ္ဆက္ပြဲမွာ Apple မိတ္ဆက္သြားခဲ့တဲ့ ထုတ္ကုန္သစ္ေတြကေတာ့ Apple Watch Series 6, Apple Watch SE, iPad 8th Generation, iPad Air 4 တို႔ပဲျဖစ္ၿပီး Fitness+ နံ႔ Apple One subscription လို ေထာက္ပံ့မႈ service ေတြကိုလည္း မိတ္ဆက္သြားခဲ့ပါတယ္။

Apple Watch Series စမတ္နာရီသစ္မွာ ေသြးတြင္းရွိ ေအာက္စီဂ်င္ပမာဏတိုင္းတာႏိုင္မယ့္ အာ႐ုံခံကိရိယာသစ္ ပါဝင္လာၿပီျဖစ္ၿပီး၊ နာရီမ်က္ႏွာအသစ္ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ဒါ့အျပင္ သတင္းထြက္ေပၚထားတဲ့အတိုင္း ေဈးႏႈန္းသက္သာတဲ့ Apple Watch SE စမတ္နာရီသစ္ကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး၊ Apple Watch Series 3 ထက္ ပိုမိုျမန္ဆန္မယ္လို႔ သိရပါတယ္။

မ်က္ႏွာျပင္ႀကီးမားတဲ့ iPad 8 ကေတာ့ Apple ရဲ႕ နာမည္ေက်ာ္ A12 Bionic Chip နဲ႔ ပြဲထြက္လာခဲ့ပါၿပီ။လက္ရွိေဈးကြက္ထဲက အေကာင္းဆုံး Android Tablet ေတြထက္ေတာင္ ပိုမိုျမန္ဆန္မယ္လို႔ သိရပါတယ္။

iPad Air 4 ကေတာ့ Apple ရဲ႕ ေနာက္ဆုံးထြက္ A14 Bionic Chip ေမာင္းႏွင္ေပးထားၿပီး၊ မ်က္ႏွာအက်ယ္ကေတာ့ ၁၀.၉ လက္မ ရွိမွာပါ။ A14 Bionic Chip ဟာ 5-nanometer နည္းပညာနဲ႔ ကမာၻ႔ပထမဆုံး Chip လည္းျဖစ္ၿပီး၊ ယခင္ A13 Bionic Chip ထက္ ၄၀ ရာခိုင္ႏႈန္း ပိုျမန္ဆန္မယ္လို႔ ဆိုပါတယ္။ iPad Air 4 မွာ USB-C အေပါက္ ပါဝင္လာၿပီ ျဖစ္ပါတယ္။

Apple ရဲ႕ မိတ္ဆက္ပြဲမွာ iOS 14, iPadOS 14, watchOS 7, tvOS 14 နဲ႔ A14 Bionic Chip တို႔ကို ျမင္ေတြ႕ခဲ့ရၿပီး၊ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ iPhone 12 series ေတြကို ျမင္ေတြ႕ရဖို႔ကေတာ့ လအနည္းေနာက္ ဆက္ေစာင့္ရဖြယ္ရွိေနပါတယ္။

Damien