【 နည်းပညာ 】 Huawei စမတ်ဖုန်းများ လာမည့်နှစ်တွင် HarmonyOS အသုံးပြုနိုင်တော့မည်

【 နည်းပညာ 】 Huawei စမတ်ဖုန်းများ လာမည့်နှစ်တွင် HarmonyOS အသုံးပြုနိုင်တော့မည်

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ကျင်းပခဲ့တဲ့ Developer Conference 2020 ပွဲမှာ Huawei မှ ၎င်းရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS 2.0 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။
 
အမေရိကန်နိုင်ငံရဲ့ နည်းပညာပိုင်း ပိတ်ဆို့ကန့်သတ်မှုတွေဖြစ်ပေါ်လာချိန်မှာ Huawei အနေနဲ့ စမတ်ဖုန်းနဲ့ စမတ်ထုတ်ကုန်တွေအတွက် ကိုယ်ပိုင် OS တစ်ခု ဖန်တီးရန် တွန်းအားဖြစ်လာခဲ့ဝာာဖြစ်ပါတယ်။
 
ယခုတော့ Huawei ရဲ့ ကြိုးပမ်းမှုဟာ ရုပ်လုံးပေါ်လာခဲ့ပါပြီ။အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်တဲ့ HarmonyOS 2.0 ကိုလည်း ကြေညာခဲ့ပြီးဖြစ်ပြီး၊ အဆိုပါ version မှာ အခြားသောစမတ်ထုတ်ကုန်တွေနဲ့ ချိတ်ဆက်မရတာမျိုးတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ Huawei မှ ဆိုခဲ့ပါတယ်။ဒါ့အပြင် Huawei မှ ၎င်းထုတ်လုပ်တဲ့ စမတ်တီဗီတွေမှာ HarmonyOS ကို အသုံးပြုနေပြီလည်း ဖြစ်ပါတယ်။
 
Developer Conference 2020 ပွဲမှာ Huawei မှ လာမယ့် ၂၀၂၁ ခုနှစ်မှသာ စမတ်ဖုန်းတွေပေါ်မှာ HarmonyOS 2.0 ကို အသုံးပြုနိုင်မယ်လို့ ကြေညာခဲ့တာရှိပါတယ်။ယခုထပ်မံထွက်ရှိလာတဲ့ သတင်းတွေအရ HarmonyOS 2.0 စမ်းသပ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ Huawei စမတ်ဖုန်းအချို့အတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ဒီအတွက် HarmonyOS 2.0 တည်ငြိမ်တဲ့ version ကို ၂၀၂၁ နှစ်စပိုင်း ပထမသုံးလအတွင်းမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ဒီသတင်းတွေဟာ အမှန်ဆိုရင်တော့ iOS, Android နဲ့ Windows OS တွေနောက် HarmonyOS အသစ်ကို အသုံးပြုနိုင်ဖို့က သိပ်မကြာတော့ဘူးလို့ ဆိုရတော့မှာပါ။
 
Huawei ရဲ့ ကိုယ်ပိုင် OS အသစ် HarmonyOS 2.0 ကို နာမည်ကျော် Xiaomi အမှတ်တံဆိပ်မှလည်း ၎င်းရဲ့ စမတ်ဖုန်းတွေမှာ စမ်းသပ်အသုံးပြုသွားမယ်လို့ ဆိုထားပါတယ်။
 
Damien
 
( Zawgyi )
 
လြန္ခဲ့တဲ့ စက္တင္ဘာ ၁၀ ရက္ေန႔ က်င္းပခဲ့တဲ့ Developer Conference 2020 ပြဲမွာ Huawei မွ ၎ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ HarmonyOS 2.0 ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။
 
အေမရိကန္ႏိုင္ငံရဲ႕ နည္းပညာပိုင္း ပိတ္ဆို႔ကန႔္သတ္မႈေတြျဖစ္ေပၚလာခ်ိန္မွာ Huawei အေနနဲ႔ စမတ္ဖုန္းနဲ႔ စမတ္ထုတ္ကုန္ေတြအတြက္ ကိုယ္ပိုင္ OS တစ္ခု ဖန္တီးရန္ တြန္းအားျဖစ္လာခဲ့ဝာာျဖစ္ပါတယ္။
 
ယခုေတာ့ Huawei ရဲ႕ ႀကိဳးပမ္းမႈဟာ ႐ုပ္လုံးေပၚလာခဲ့ပါၿပီ။အဆင့္ျမႇင့္တင္ခဲ့ၿပီးျဖစ္တဲ့ HarmonyOS 2.0 ကိုလည္း ေၾကညာခဲ့ၿပီးျဖစ္ၿပီး၊ အဆိုပါ version မွာ အျခားေသာစမတ္ထုတ္ကုန္ေတြနဲ႔ ခ်ိတ္ဆက္မရတာမ်ိဳးေတြကို ေျဖရွင္းႏိုင္ခဲ့ၿပီလို႔ Huawei မွ ဆိုခဲ့ပါတယ္။ဒါ့အျပင္ Huawei မွ ၎ထုတ္လုပ္တဲ့ စမတ္တီဗီေတြမွာ HarmonyOS ကို အသုံးျပဳေနၿပီလည္း ျဖစ္ပါတယ္။
 
Developer Conference 2020 ပြဲမွာ Huawei မွ လာမယ့္ ၂၀၂၁ ခုႏွစ္မွသာ စမတ္ဖုန္းေတြေပၚမွာ HarmonyOS 2.0 ကို အသုံးျပဳႏိုင္မယ္လို႔ ေၾကညာခဲ့တာရွိပါတယ္။ယခုထပ္မံထြက္ရွိလာတဲ့ သတင္းေတြအရ HarmonyOS 2.0 စမ္းသပ္ကို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလမွာ Huawei စမတ္ဖုန္းအခ်ိဳ႕အတြက္ ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။ဒီအတြက္ HarmonyOS 2.0 တည္ၿငိမ္တဲ့ version ကို ၂၀၂၁ ႏွစ္စပိုင္း ပထမသုံးလအတြင္းမွာ ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။ဒီသတင္းေတြဟာ အမွန္ဆိုရင္ေတာ့ iOS, Android နဲ႔ Windows OS ေတြေနာက္ HarmonyOS အသစ္ကို အသုံးျပဳႏိုင္ဖို႔က သိပ္မၾကာေတာ့ဘူးလို႔ ဆိုရေတာ့မွာပါ။
 
Huawei ရဲ႕ ကိုယ္ပိုင္ OS အသစ္ HarmonyOS 2.0 ကို နာမည္ေက်ာ္ Xiaomi အမွတ္တံဆိပ္မွလည္း ၎ရဲ႕ စမတ္ဖုန္းေတြမွာ စမ္းသပ္အသုံးျပဳသြားမယ္လို႔ ဆိုထားပါတယ္။
 
Damien