【 နည်းပညာ 】 GTA 6 ထွက်ရှိမည်ဟု Rockstar Games အတည်ပြု

【 နည်းပညာ 】 GTA 6 ထွက်ရှိမည်ဟု Rockstar Games အတည်ပြု

Rockstar Games မှ နောက်ဆုံးမှာတော့ Grand Theft Auto ဂိမ်းအသစ်ကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Rockstar မှ ရေးသားထားသော ထုတ်ပြန်ချက်မှာ "GTA V ရဲ့ မကြုံစဖူးကြာရှည်မှုနဲ့အတူ၊ Grand Theft Auto စီးရီးအသစ်အကြောင်းကို ပရိတ်သတ်တွေစောင့်မျှော်နေတာ ကျနော်တို့သိပါတယ်။ပရောဂျက်အသစ်တိုင်းမှာ ကျနော်တို့ရဲ့ ပန်းတိုင်ကို ပိုမိုကျော်လွန်သွားအောင် အမြဲတမ်းလုပ်‌ဆောင်နေပါတယ်။ Grand Theft Auto စီးရီးအသစ်ကို အတည်ပြုနိုင်ခဲ့မှုအတွက် ကျနော်တို့ဝမ်းမြောက်မိပါတယ်" လို့ ဖော်ပြထားပါတယ်။

Grand Theft Auto ဂိမ်းအသစ်ရဲ့ အမည်ကိုတော့ Rockstar ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ Rockstar ဘက်ကတော့ အဆင့်သင့်ဖြစ်ပြီဆိုတာနဲ့ နောက်ထပ်မျှဝေပေးမယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ GTA ဂိမ်းအသစ်ကို တိုးတက်အောင် ဆောင်ရွက်နေဆဲအနေအထားသာရှိနေပါသေးတယ်။

Grand Theft Auto ဂိမ်းတွေဟာ ကမ္ဘာတစ်ဝန်း အလွန်လူကြိုက်များတဲ့ ဂိမ်းစီးရီးတစ်ခုဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ GTA5 အထိ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

"တရားဝင် အသေးစိတ်အချက်အလက်တွေအတွက် Rockstar Newswire ကို စောင့်ကြည့်ပေးကြပါ၊ ပရိသတ်အားလုံးရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်၊ ခြေလှမ်းစတင်ဖို့ မစောင့်နိုင်တော့ဘူး" လို့ Rockstar Games က ဆက်လက်ရေးသားခဲ့ပါတယ်။

Damien
Ref - pushsquare
ဖေဖော်ဝါရီ - ၆