【 နည်းပညာ 】 Galaxy S22 Ultra နဲ့ iPhone 13 Pro Max တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

【 နည်းပညာ 】 Galaxy S22 Ultra နဲ့ iPhone 13 Pro Max တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Galaxy S22 Ultra စမတ်ဖုန်းဟာ အကောင်းဆုံး Galaxy Note နဲ့ Ultra ကို ပေါင်းစပ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

မေးခွန်းကတော့ Samsung ရဲ့ နောက်ဆုံးထွက်ဖြစ်လာခဲ့တဲ့ Galaxy S22 Ultra စမတ်ဖုန်းဟာ Apple ရဲ့ iPhone 13 Pro Max ကို ယှဉ်ပြိုင်နိုင်မလားဆိုတာပါပဲ။ကမ္ဘာ့အကောင်းဆုံး နည်းပညာကုမ္ပဏီကြီးနှစ်ခုရဲ့ စမတ်ဖုန်းနှစ်လုံးကို နှိုင်းယှဉ်ကြည့်ရင်တော့ ဘယ်စမတ်ဖုန်းက ပိုမိုကောင်းမွန်မလဲဆိုတာ အဖြေထွက်လာမှာ သေချာပါတယ်။

ဈေးနှုန်းအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Galaxy S22 Ultra ရဲ့ 128GB မော်ဒယ်လ်ဟာ $1,199 မှ စတင်ပြီး မမ်မိုရီပမာဏက 8GB ပါဝင်မှာဖြစ်ပါတယ်။ 256GB, 512GB နဲ့ 1TB မော်ဒယ်လ်တွေကတော့ $1,299, $1,399 နဲ့ $1,599 တို့ဖြစ်ပြီး၊ မမ်မိုရီကတော့ 12GB ကို ရရှိမှာဖြစ်ပါတယ်။ iPhone 13 Pro Max ကတော့ 128GB ကို $1,099 မှ စတင်ပြီး၊ 256GB, 512GB နဲ့ 1TB တို့ကတော့ $1,199 နဲ့ $1,599 တို့ဖြစ်ပါတယ်။ဈေးနှုန်းအရတော့ အမြင့်ဆုံးမော်ဒယ်လ်ဟာ ကွာခြားမှုမရှိပေမယ့် အနိမ့်ဆုံးမော်ဒယ်လ်မှာတော့ iPhone 13 Pro Max က $100 ဈေးပိုမိုသက်သာတာကို မြင်တွေ့ရပါတယ်။

ဒီဇိုင်းသွင်ပြင်ပိုင်းမှာတော့ punch-hole မျက်နှာပြင်နဲ့ ကင်မရာထည့်သွင်းထားပုံတွေကတော့ Galaxy S22 Ultra က အသာရရှိမှာ သေချာပါတယ်။ iPhone 13 Pro Max ရဲ့ အာရုံကိရိယာတွေ ထည့်သွင်းထားတဲ့ မျက်နှာပြင်ပေါ်က notch အကွက်ငယ်က သုံးစွဲသူ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေမှာ အသေအချာပဲဖြစ်ပါတယ်။

မျက်နှာပြင်ပိုင်းမှာ iPhone 13 Pro Max ရဲ့ ၆.၇ လက်မ Super Retina XDR OLED မျက်နှာပြင် 2778 x 1284- pixel resolution အရည်အသွေးဟာ၊ Galaxy S22 Ultra ရဲ့ ၆.၈ လက်မ Dynamic AMOLED 2X မျက်နှာပြင် WQHD+ (3200 x 1440) resolution နဲ့ ယှဉ်မယ်ဆိုရင်တော့ Galaxy S22 Ultra က အသာရနေဦးမှာ သေချာပါတယ်။

Performance မှာတော့ Snapdragon 8 Gen 1 ဟာ Apple ရဲ့ A15 Bionic chip ကို အသာရဖို့တော့ မလွယ်ကူနိုင်လောက်ပါဘူး၊ iPhone 13 Pro Max က အသာရနေဦးမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာတော့ Galaxy S22 Ultra ရဲ့ လက်တွေ့စမ်းသပ်ထားမှုကို သိရှိရခြင်းမရှိသေးပါဘူး။ဒီအတွက် ဘယ်ဖုန်းက အသာရသလဲဆိုတာ ခန့်မှန်းမရသေးပါဘူး။

ကင်မရာပိုင်းမှာတော့ iPhone 13 Pro Max ဟာ 12MP အရည်အသွေးသာရှိပေမယ့် Galaxy S22 Ultra ကို ယှဉ်ပြိုင်နိုင်မှာပါ။ iPhone 13 Pro Max မှာ ဈေးကွက်အတွင်း အကောင်းဆုံးသော အာရုံခံကိရိယာတွေကို အသုံးပြုပေးထားပြီး၊ Galaxy S22 Ultra မှာတော့ Galaxy S21 Ultra က ကင်မရာများကို ကူးထည့်ထားတာဖြစ်ပါတယ်။ iPhone 13 Pro Max က အသာရနေလျက်ရှိပါတယ်။

နှိုင်းယှဉ်မှုများအပြီးမှာတော့ Galaxy S22 Ultra ရော iPhone 13 Pro Max ပါ အားသာချက်ရော အားနည်းချက်ပါ ကိုယ်စီရှိသေးတာ မြင်တွေ့ရပါတယ်။

အကယ်၍ သင်ဟာ မျက်နှာပြင်ကြီးမားပြီး S Pen ထောက်ပံ့မှုကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Galaxy S22 Ultra ကို ရွေးချယ်ရဖို့ရှိနေပြီး၊ iPhone 13 Pro Max ကိုတော့ ဆော့ဖ်ဝဲလ်ပိုင်း၊ Performance ပိုင်းနဲ့ ကင်မရာနဲ့ ဗီဒီယိုရိုက်ကူးမှုများကို အသုံးပြုဖို့ ရွေးချယ်သင့်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။

Damien
Ref - laptopmag
ဖေဖော်ဝါရီ - ၁၄