【 နည်းပညာ 】 Black Friday မှာ ဈေးလျှော့ရောင်းချပေးမယ့် Apple ရဲ့ စမတ်နာရီ

【 နည်းပညာ 】 Black Friday မှာ ဈေးလျှော့ရောင်းချပေးမယ့် Apple ရဲ့ စမတ်နာရီ

Apple Watch SE စမတ်နာရီကို Black Friday 2021 မတိုင်မီ ရက်ပိုင်းအလိုမှာပဲ လျှော့ဈေးနဲ့ ရောင်းချပေးနေပြီဖြစ်ပါတယ်။

Black Friday ဟု အမည်တွင်တဲ့ သတ်မှတ်ရက်မတိုင်မီ ရက်ပိုင်းအလိုကတည်းက စမတ်ဖုန်းနှင့် နည်းပညာကုမ္ပဏီများက ၎င်းတို့ရဲ့ ထုတ်ကုန်ပစ္စည်းများကို ဈေးအပြိုင်အဆိုင်လျှော့ချပြီး ရောင်းချနေကြတာလည်းဖြစ်ပါတယ်။

Black Friday ဟာ ကျေးဇူးတော်နေ့ပြီး နောက်တစ်ရက်ဖြစ်ပါတယ်။လက်လီရောင်းချသူများဟာ ပုံမှန်အားဖြင့် အားလပ်ရက်ရာသီကို စတင်ရန်အတွက် Black Friday နေ့ရက်တွင် ထုတ်ကုန်များကို လျှော့ဈေးများဖြင့် ရောင်းချလေ့ရှိတာဖြစ်ပါတယ်။

Apple ကုမ္ပဏီဘက်က GPS နည်းပညာပါဝင်တဲ့ အကောင်းဆုံး စမတ်နာရီတစ်လုံးကို လျှော့ဈေးနဲ့ ရောင်းချပေးလိုက်တာဖြစ်ပြီး၊ Apple Watch SE ကို Amazon ဝက်ဘ်ဆိုက်မှာ အမေရိကန်ဒေါ်လာ ၂၁၉ ကျပ် နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။အဆိုပါဈေးနှုန်းဟာ Apple ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၆၀ ဈေးလျှော့ပေးထားတာလည်းဖြစ်ပါတယ်။

Black Friday မှာ ဈေးလျှော့ရောင်းချပေးခဲ့တဲ့ Apple Watch SE စမတ်နာရီဟာ စမတ်ဖုန်းနည်းပညာလောကမှာ အကောင်းဆုံးစမတ်နာရီတွေထဲက တစ်ခုဖြစ်ပြီး၊ Apple Watch 5 မှာ မောင်းနှင်ထားတဲ့ CPU ကိုပဲ ထည့်သွင်းမောင်းနှင်ထားတာဖြစ်ပါတယ်။ယခင်မော်ဒယ်လ်ရဲ့ Apple Watch 3 ထက် Apple Watch SE ဟာ မျက်နှာပြင်ပိုင်းမှာ ၃၀ ရာခိုင်နှုန်း ပိုမိုကြည်လင်တောက်ပမှာဖြစ်ပြီး၊ အရေးပေါ်ခေါ်ဆိုမှု၊ ဝတ်ဆင်ထားသူရဲ့ ပြုတ်ကျမှုကို သိရှိနိုင်ခြင်းနဲ့ ဆူညံသံစောင့်ကြည့်ခြင်း စနစ်တွေ ပါဝင်ပါသေးတယ်။ဒါ့အပြင် Apple Watch SE စမတ်နာရီ ရေအောက်အနက် ၅၀ မီတာအထိ ယူဆောင်အသုံးပြုနိုင်မှာဖြစ်ပြီး၊ သံလိုက်အိမ်မြှောင်ပါဝင်ဦးမှာဖြစ်ပါတယ်။

Black Friday 2021 ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး Apple အပြင် အခြားသော နည်းပညာကုမ္ပဏီတွေကလည်း ထုတ်ကုန်တွေကို ဈေးလျှော့ရောင်းချပေးမှာဖြစ်ပါတယ်။

Damien
နိုဝင်ဘာ - ၂၂